ဝိုင်းမော်မြို့နယ် ကျေးရွာများရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

ဝိုင်းမော်    ဩဂုတ်  ၁၆ 


ကချင်ပြည်နယ်  ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား များနှင့်  ပြည်သူများအား   ကိုဗစ် - ၁၉ ရောဂါ 
ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင်  မိုင်းနားကျေးရွာ ဓမ္မရက္ခိတ‌ ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။ 


အဆိုပါ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးကို


မိုင်းနား‌ကျေးရွာရှိ    အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူများ၊  လူမှုရေးပရဟိတအသင်း အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊   စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊       ဟိုတယ်၊  မိုတယ်၊ တည်းခိုခန်းဝန်ထမ်းများ၊    ပုဂ္ဂလိက    သယ်ယူ ပို့ဆောင်‌ရေးဝန်ထမ်းများကို     ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။  ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်း   ဆောင်ရွက် ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာသိန်းမြို့က ကြီးကြပ်၍   ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန် ထားသော ကျန်းမာရေးလမ်းညွှန်မှာကြားချက်များနှင့်အညီ   ကျန်းမာရေးစစ်ဆေးခြင်း၊    နှာခေါင်း စည်းများ     စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေး သွင်းခြင်းများ   ဆောင်ရွက်ပေးခဲ့သည်။


ဝိုင်းမော်မြို့နယ်၌   ယမန်နေ့အထိ   ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအများဆုံးမှာ ရပ်ကွက် (၁)၊ (၂) နှင့် မိုင်းနားကျေးရွာတို့ဖြစ်ပြီး    ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းတွင်    ကိုဗစ်အတည်ပြုလူနာပေါင်း ၇၅၂ ဦး၊  ဆေးကုသ၍    ပြန်လည်ကောင်းမွန်ပြီး
ဆေးရုံမှဆင်းသူ  ၅၂၅ ဦး၊ သေဆုံးသူ  ၂၄ ဦးရှိပြီ ဖြစ်ကြောင်း     မြို့နယ်ကျန်းမာရေးနှင့်ကုသရေး
ဦးစီးဌာနရုံးမှ သိရသည်။           


ဝိုင်းမော်(ပြန်/ဆက်)