တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် ဩဂုတ်  ၁၅


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ      ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊      ဘာသာမရွေး အသက်   ၆၅   နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊     ဌာန ဆိုင်ရာ  ဝန်ထမ်းများ၊  တိုင်းရင်း သားပြည်သူများနှင့်    အကျဉ်း ထောင်များ၌   ပြစ်ဒဏ်ကျခံနေ သည့် အကျဉ်းသား၊ အကျဉ်းသူများ အား  ကိုဗစ်- ၁၉ ရောဂါ  ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက်  ဆေး နှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့်       သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ      မြို့နယ်ပေါင်း ၁၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက်    သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊      ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်   ဒေသခံပြည်သူ စုစုပေါင်း ၃၂၂၇ ဦးတို့ကို  လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်ခုနစ်ခုရှိ   မြို့နယ် များမှ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ၆၅  နှစ်နှင့်   အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၇၃၀၅ ဦးတို့ကို လည်း ကောင်း၊ တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာ ဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်း နှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။


ညှိနှိုင်းဆောင်ရွက်


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို   သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ   တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး     လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်      ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်