
မကွေး သြဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်လင်း၊ လူမှုရေး ဝန်ကြီး ဦးစိုးပိုင်မြင့် နှင့် တာဝန်ရှိသူများသည် ယမန်နေ့က မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချ ယာဉ်ရပ်နားကားကြီး ကွင်းအတွင်း၌ တပ်ဆင်ပြီးစီးသည့် Oxygen Plant မှ အောက်ဆီဂျင် ထုတ်လုပ်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
ဆေးရုံဆေးခန်းများအား အခမဲ့ဖြန့်ဝေ
Oxygen Plant သို့ရောက်ရှိစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က Oxygen Plant တည်ဆောက်ခြင်းနှင့် ပတ်သက်၍ စက်မှုကြီးကြပ်ဦးစီးဌာန၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့အား ဌာန၏ လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်စေပြီး မှတ်ပုံတင်ပြုလုပ်နိုင်ရေး၊ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသူမှအပ မဝင်ရ၊ ဆေးလိပ် မသောက်ရ အစရှိသည့် ဆိုင်းဘုတ်များ ရေးကပ်ထားရန်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဆေးဘူးများ အသင့် ထားရှိရေး မှာကြားပြီး အဆိုပါ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိလာသော အောက်ဆီဂျင်များအား အစိုးရ ဆေးရုံ၊ ဆေးခန်းများအား အခမဲ့ဖြန့်ဝေရန်၊ ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတအသင်းအဖွဲ့များနှင့် လုပ်ငန်း ရှင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေး ရန်နှင့် စက်များကို ချွတ်ယွင်းပျက်စီးမှုမရှိစေရေး အထူးအလေးထား ဂရုစိုက် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
သတ်မှတ်ကာလပြီးစီးရေး
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါကားကြီးကွင်းအတွင်း ဆောင် ရွက်လျက်ရှိသည့် ကုန်တင်ယာဉ် စစ်ဆေးရေးဂိတ် တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး မှာကြား ကာ လုပ်ငန်းလိုအပ်ချက် တင်ပြခဲ့မှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စက်သုံးလုံး မှာယူထား
မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းအတွက် လိုအပ်လျက် ရှိသော အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် တစ်နေ့လျှင် အောက်ဆီ ဂျင် လီတာ ၄၀ အိုး အလုံး ၃၀၀ ထွက်ရှိသည့် စက် တစ်လုံး တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့မှ စတင်၍ အောက်ဆီဂျင်အိုးများ ခွဲဝေဖြန့်ထား ပေးနေပြီဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၁၀၀ ထွက်ရှိ သည့် စက်သုံးလုံးတို့ကို မှာယူထားရှိပြီးဖြစ်ရာ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည်ဖြစ် ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)