လူဦးရေ ကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒ (Population Policy) ရေးဆွဲချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 

နေပြည်တော် ဩဂုတ်    ၁၅


လူဦးရေကိန်းဂဏန်း      အချက်အလက်များက      ညွှန်းဆိုပြနေသည့်  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက်အလက်များ၊ တွေ့ကြုံလာနိုင် သည့်  ပြဿနာအခက်အခဲများ  သေချာလေ့လာ သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း  ယမန်နေ့ မွန်းလွဲ ၂ နာရီတွင်  ကျင်းပသည့်  လူဦးရေမူဝါဒ ရေးဆွဲချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး       ဦးခင်ရီက ပြောကြားသည်။

 


မူဝါဒရေးဆွဲချမှတ်


ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်သူ့အင်အားဦးစီး ဌာနမှ  ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက မြန်မာနိုင်ငံအတွင်း   လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့မှုနှင့် ၂၀၁၄ ခုနှစ်    ပြည်လုံးကျွတ်   လူဦးရေနှင့်   အိမ် အကြောင်းအရာ သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခဲ့မှုများ၊ ၂၀၁၄  ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့ တွင် ကောက်ယူခဲ့သည့် စာရင်းရလဒ်များ  ထုတ်ပြန် ဆောင်ရွက်ခဲ့မှု၊   ယင်းရလဒ်များကို    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ဌာန၊ အဖွဲ့အစည်းများမှ  ရယူအသုံးပြုဆောင်ရွက်နေမှု၊  ကမ္ဘာ့နိုင်ငံအသီးသီး၌ သန်းခေါင်စာရင်း ရလဒ်များ ပေါ်အခြေခံ၍    လူဦးရေမူဝါဒများ  ရေးဆွဲချမှတ် နေမှုနှင့် မိမိတို့နိုင်ငံတွင်လည်း လူဦးရေမူဝါဒရေးဆွဲ ချမှတ်ဆောင်ရွက်ရန်   လိုအပ်မှုအခြေအနေများကို   ရှင်းလင်းတင်ပြသည်။

 


မဖြစ်မနေရေးဆွဲ


ရှင်းလင်းတင်ပြချက်များနှင့်    စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှဆောင်ရွက်နေ သည့်    လူဦးရေသန်းခေါင်စာရင်းရလဒ်များသည်       နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊     နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက်     အခြေခံ တွက်ချက်အသုံးပြုရသည့် ကိန်းဂဏန်း အချက် အလက်များဖြစ်ပါကြောင်း၊   ကောက်ယူရရှိသည့် ကိန်းဂဏန်း အချက်အလက်များပေါ်အခြေခံကာ နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များရေးဆွဲကြရကြောင်း၊ ယင်းရလဒ်များနှင့် ဆက်စပ်၍ နိုင်ငံတကာ၌ လူဦးရေမူဝါဒများ ရေးဆွဲ ချမှတ် ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံနှင့် ကိုက်ညီသင့်တော် မည့် လူဦးရေမူဝါဒကို မဖြစ်မနေရေးဆွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။                  

သတင်းစဉ်