‌နယ်စပ်ရေးရာဝန်ကြီးဌာနက ကျိုင်းတုံမြို့နယ် ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများ လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁၃ 


နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်အတွင်းရှိ   ကိုဗစ်စင်တာများတွင်  တက်ရောက် ဆေးကုသနေသော   လူနာများအတွက်    လိုအပ်သော ဆေးဝါးများ၊ အင်အားဖြည့်အစားအစာများ၊ ရေသန့်ဘူးများကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲမှ     ဒုတိယညွှန်ကြားရေးမှူး       ဦးသီဟဇော်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်    ကျိုင်းတုံမြို့နယ်   ကိုဗစ်-၁၉   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလှိုင်းမောင်မောင်ထံသို့ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်