
နေပြည်တော် ဩဂုတ် ၁၃
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကို မောင်နှင့် တာဝန်ရှိသူများသည် သထုံမြို့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ သထုံ မြို့နယ်အတွင်းနှင့် လယ်ယာစိုက်ပျိုးရေးအတွက် အဓိကရေပေးဝေလျက်ရှိသည့် ဝါးပါးဆည်ရေလှောင် တမံကို လည်းကောင်း၊ သထုံမြို့နယ် ဈေးမသွယ် ကျေးရွာအနီးရှိ ဒုံသမိမြစ်ရေတင်စီမံကိန်းကို လည်းကောင်း၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာရှိ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့် နည်းပညာသုံး မိုးစပါးဧက ၃၀၀ စံပြစိုက်ခင်းကို လည်းကောင်း၊ ကျုံဟော်ကျေးရွာအနီးရှိ ရေနက် ကွင်းဧက ၂၀၀၀၀ ကို အကျိုးဖြစ်ထွန်းစေမည့် ရင်းငြိမ်းရေထိန်းတံခါးတည်ဆောက်ထားရှိမှုတို့ကို လည်းကောင်း၊ သထုံမြို့နယ် ကော့သန်ကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ၊ နယ်မြေခံတပ်ရှိ ဘက်စုံ မွေးမြူရေးခြံ၊ သထုံမြို့ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမျိုးကောင်း မျိုးသန့်သားပေါက်ခြင်းနှင့် ငါးမွေးမြူ ရေးလုပ်ငန်းများကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန် ရှိသူများသည် ယနေ့တွင် မကွေးမြို့ အောင်ဇေယျာ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ကောင်းမွန်မိသားစုနို့စားနွား မွေးမြူရေးခြံကိုလည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ် မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်