တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၁၃


တပ်မတော်နှင့်   အလှူရှင်များက အောက်ဆီဂျင်အိုးများ၊      ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စား သောက်ဖွယ်ရာများကို တိုင်းဒေသ ကြီးနှင့်     ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊  တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့်    လူမှုကူညီ ရေးအသင်းအဖွဲ့များသို့    ပေးပို့ လှူဒါန်းလျက်ရှိသည်။
ထိုသို့    လှူဒါန်းလျက်ရှိရာ ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ         ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် အိုး     ၃၀    ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း     တာချီ လိတ်မြို့      ပြည်သူ့ဆေးရုံသို့  Oxygen Concentrator လေးလုံး၊ အောက်ဆီဂျင်အိုး   နှစ်လုံးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဗုဒ္ဓသာသနာ့   သံဃာ့ဆေးရုံသို့ ဗုဒ္ဓဘာသာ     ကလျာဏယုဝ အသင်း (YMBA)မှ  လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး    ၃၂   လုံးနှင့် Oxygen       Concentrator10l တစ်လုံးတို့ကို      လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ       ပရဟိတအသင်းများသို့ လီတာ  ၄၀  ဆံ့ အောက်ဆီဂျင်အိုး ၂၆ လုံးနှင့်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့  Oxygen Concentrator    အလုံး  ၅၀    နှင့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀၀ တို့ကို      လည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့ အထွေထွေရောဂါကု    ပြည်သူ့ ဆေးရုံကြီးသို့မိဘဂုဏ် အောက်ဆီ ဂျင်စက်ရုံမှ      ထုတ်လုပ်သည့် လီတာ  ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၀၅   လုံးကို        လည်းကောင်း၊ မကွေးတိုင်းဒေသကြီး    ရေနံ ချောင်းမြို့၌   Oxygen Plant စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ်သိန်း   ၅၀၀   ကို လည်းကောင်း၊   ပဲခူးတိုင်းဒေသ ကြီး    ရေတာရှည်မြို့    မြို့နယ် ပြည်သူ့ ဆေးရုံနှင့်  ဖြူးမြို့ပြည်သူ့ ဆေးရုံများသို့       Oxygen Concentrator5L လေးလုံး၊ PPE ဝတ်စုံ ၈၀  နှင့်   Hand Gel ၁၂ ဘူးတို့ကို   လည်းကောင်း    တိုင်း ဒေသကြီးနှင့်   ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်    လူမှုကူညီရေးအဖွဲ့ အစည်းများက    အသီးသီးသွား ရောက်လှူဒါန်းကြရာ   တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင်      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက်     ကျန်းမာရေးဝန်ကြီး ဌာနမှ   Oxygen Plant   များကို တိုးမြှင့်တပ်ဆင်  လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ်         နယ်မြေ အသီးသီးတွင် Oxygen Plant များကို      တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ  ယနေ့တွင်   ရှမ်းပြည် နယ်မြောက်ပိုင်း    အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးခြံ၌  တပ်ဆင်ထုတ်လုပ် လျက်ရှိသည့်    Oxygen Plant စက်ရုံ နှစ်ရုံနှင့်        လားရှိုးမြို့ အထွေထွေရောဂါကု  ဆေးရုံကြီး (ခုတင်-၅၀၀)၌    တပ်ဆင်ထုတ် လုပ်လျက်ရှိသည့်   Oxygen Plant စက်ရုံများမှ    အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို    လည်း ကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့   တပ်မတော်ဆေးရုံ (ခုတင်- ၇၀၀)အတွင်းရှိ  Oxygen Plant   စက်ရုံမှ    အောက်ဆီဂျင် ထုတ်လုပ်ဖြန့်ဖြူး    ပေးနေမှုများ ကိုလည်းကောင်း၊   မွန်ပြည်နယ် သထုံမြို့  ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံမှ  အောက်ဆီ ဂျင်  ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း၊   စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ပြည်သူ့ ဆေးရုံ၊   စက်မှုဇုန်ဝန်းအတွင်းရှိ နိုင်တံခွန်ကုမ္ပဏီ      Primus အောက်ဆီဂျင်စက်ရုံနှင့်     သီတဂူ စက္ခုဒါန  ဆေးရုံများအတွင်းတို့၌ အောက်ဆီဂျင်စက်     စတင် တပ်ဆင်လည်ပတ်နိုင်မှု   အခြေ အနေများကို      လည်းကောင်း၊ မကွေးတိုင်းဒေသကြီး     မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းနှင့်    ချောက်မြို့ အမှတ်(၁၅)      ရပ်ကွက်တို့၌ အောက်ဆီဂျင်စက်ရုံ        တည် ဆောက်နေမှုတို့ကို လည်းကောင်း၊    ပဲခူးတိုင်းဒေသကြီး       ဖြူးမြို့ ပြည်သူ့ဆေးရုံ       အတွင်းရှိ အောက်ဆီဂျင်စက်ရုံ      တည် ဆောက်နေမှုအခြေအနေများကို လည်းကောင်း     သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်    ပြည်နယ် ဝန်ကြီးချုပ်များ၊  တိုင်းစစ်ဌာနချုပ် များမှ     တိုင်းမှူးများနှင့်  တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း  သတင်းရရှိ သည်။      

သတင်းစဉ်