
မိမိတို့သည် ယာယီဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏ လုပ်ငန်းများကို အဆင်ပြေအောင် အကောင်အထည်ဖော် ဆောင်ရွက်နေရကြောင်း၊ ကဏ္ဍအသစ်များကို တိုးချဲ့ဆောင်ရွက်ရာတွင် အဘက်ဘက်က စဉ်းစားဆောင်ရွက်ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများနှင့် အကြမ်းဖက်များကိုလည်း ဖြေရှင်းဆောင်ရွက်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကိုလည်း အဓိက ဦးစားပေးလုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးတည်ငြိမ်မှု ရရှိအောင် ဆောင်ရွက်နေကြောင်း၊ အိမ်စောင့်အစိုးရသည် တိုင်းပြည်ကို ခေတ္တတာဝန်ယူထိန်းသိမ်း ပေးသည့် အစိုးရဖြစ်ပြီး အရေးပေါ်ကာလ ကုန်ဆုံးသည့်အခါ ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ဖြင့် ထွက်ပေါ်လာမည့် အစိုးရအား နိုင်ငံတာဝန်ကို အခြေခံဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၈-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)