
နေပြည်တော် ဩဂုတ် ၁၂
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ် ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့ စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၁၂ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၇၃ ခုမှ Azeath500mg Tablet ၅၉၂၉၀ ၊ Enoxaparin Injection ၃၀၁၃၇ ခု ၊ Flow meter ၉၉၆ ခု၊ Oxygen Tube ၁၀၈၃ ခု ၊ Oxygen Mask ၁၅၉၄၀၊ Oximeter ၃၅၉၃၇ ခု၊ Oxygen Cannula ၂၁၅၀ ၊ Oxygen Concentrator ၂၂၉၆ ခု၊ Oxygen Regulator ၁၅၄၅ ခု ၊ Oxygen Concentrator Spare parts ၅၇၀၊ ရန်ကုန်ဆိပ်ကမ်းများ တွင် ကိုဗစ်-၁၉ ကာကွယ်ကုသ ဆေးနှင့် အခြားဆေးမျိုးစုံ ၄၁၂၂၇.၁၄ Kg ၊ နယ်စပ်(ကန်ပိုက် တီး၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကော့သောင်း၊ မူဆယ်၊ မြဝတီ) တွင် ကုမ္ပဏီ ၄၇ ခုမှ Oxygen Cylinder ၆၀၇၀၊ Oxygen Concentrator ၈၉၀၊ Disposable Face Mask ၅၁၅၂၅ Kg ၊ Liquid Oxygen ၁၅၃၆၁ m3၊ Liquid Oxygen ၁၈.၃၇ တန်၊ Flow meter ၁၄၄၄၀၊ PPE ၉၅၆၀၊ Oximeter ၁၁၀၀၊ Oxygen Plant လေးခု၊ Gloves ၉၅၀၀ Kg ၊ Oxygen Regulator ၂၄၅၀ ၊ Spray Gun ၁၅၀၀ ၊ Protective Goggle ၄၈၀၀၀ ၊ Disposable Surgical Gown ၇၈၀၀ Kg ၊ Sodium Chloride Injection ၃၀၀၀၀ Kg ၊ Face Shield ၂၅၀၀ Kg ၊ Oxygen Mask ၂၀၀၀ တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်