ရဲတပ်ဖွဲ့ဝင်တွေက တွန်းချခဲ့ခြင်းမျိုးလည်း မရှိပါဘူး။ ခုန်ချသွားတဲ့ ငါးယောက်ထဲက ကိုမင်းသစ္စာအောင်၊ ကိုရဲမင်းဦး၊ ကိုယံယံတို့က မူးယစ်ဆေးသုံးစွဲတာမျိုး ရှိပါတယ်

 

နေပြည်တော်   ဩဂုတ်   ၁၂


ရန်ကုန်တိုင်းဒေသကြီး  ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သိုဝှက်ထားရှိကြောင်း သတင်းအရ ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ် ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေစဉ် တရားခံအမျိုးသား နှစ်ဦးနှင့်  အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ 
၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမေးမြန်းခဲ့ရာ ဖမ်းဆီးရမိတရားခံ ပိုးကျော့ကျော့ခန့်က “ကျွန်မနာမည်က မပိုးကျော့ကျော့ခန့်ပါ။ မှတ်ပုံတင်နံပါတ် က  ၁၂/သလန (နိုင်) ၁၄၆၄၈၇ ၊ အဖ နာမည်က   ဦးဇော်မင်းထွေး၊   နေရပ် လိပ်စာက အမှတ် B/၆၁၊ သဇင်(၅)လမ်း၊ အေးသာယာရပ်ကွက်၊ အောင်ချမ်းသာ၊ သန်လျင်မြို့ ဖြစ်ပါတယ်။
“တစ်ပတ်မှာ ၂ ရက် ၊ ၃ ရက်လောက် ဖောက်ခွဲရေးနဲ့ပတ်သက်ပြီး၊ သပိတ်နဲ့ ပတ်သက်ပြီး      အစည်းအဝေးလည်း လုပ်ဖြစ်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ က ဗလနဲ့ညီမက စျေးသွားပြီး ပြန်ရောက် ရောက်ချင်းမှာ လုံခြုံရေးကားရောက်နေ တယ်ဆိုတော့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်  ပါတယ်။ နောက်ပေါက်မရှိတော့ အောက် ထပ်က   ပြတင်းပေါက်ကနေ  ခုန်ချဖို့ ကြည့်တော့    တံခါးဖွင့်လို့မရဘူး။  ဒါနဲ့ အပေါ်ဆုံးထပ်     ပြတင်းပေါက်ကနေ ကိုရဲမင်းဦးက    ပထမဆုံး   ခုန်ချလိုက် တယ်။ ပြီးတော့ နောက်လူတွေ ထပ်ပြီး ခုန်ချတယ်။ ခုန်ချတဲ့အထဲမှာ ကိုရဲမင်း၊ ဗလ၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ မဝေဝေမြင့်ရယ်ပါတယ်။ ညီမကလည်း ခုန်ချဖို့   လုပ်ပါသေးတယ်။   ညီမခုန်ချ ခါနီးမှာ   အောက်ကိုကြည့်လိုက်တော့ အကုန်လုံးက      သွေးထွက်သံယိုတွေ ဖြစ်နေတော့ ညီမလည်း ခုန်ချလိုက်ရင် ညီမကလေးလည်း   တစ်ခုခုဖြစ်သွားမှာ စိုးလို့ မခုန်ချဖြစ်လိုက်ပါဘူး။ 
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွန်းချ တာ မရှိပါဘူး။ ညီမခုန်ချဖို့ လုပ်တာကို သူတို့က ပြန်တက်ဖို့အတွက် ပြန်ဆွဲခေါ် ပါတယ်။ ခုန်ချတဲ့ ၅ ယောက်ထဲမှာ ဗလ၊ ကိုရဲမင်းဦး၊ ကိုဝေယံထက်တို့က မူးယစ် ဆေးဝါး   သုံးစွဲထားပါတယ်။  ကျန်တဲ့ သူတွေက   သုံး မသုံး မသိပါဘူး။  ဒီကို ရောက်တော့ ညီမကို ရိုက်နှက်တာတွေ မရှိပါဘူး။    မင်းသစ္စာအောင်   မူးယစ် ဆေးဝါးသုံးတာကို တွေ့ပါတယ်။ ဩဂုတ် လ ၁၀ ရက်နေ့မှာ ညီမတို့နဲ့အတူ Steel ပိုက်တွေ၊ Smoke ဗုံး၊ ယမ်း၊ ရီမုမိုင်း လုပ်ဖို့အတွက် အခွံအလုံး ၂၀ လောက်နဲ့ အတူ မိပါတယ်။ ညီမက ပထမတစ်ခေါက် ဗိုလ်တထောင်နားမှာ     ဖောက်ခွဲရေး လုပ်ပါတယ်။   ဒုတိယတစ်ခေါက်က Micro။   တတိယတစ်ခေါက်မှာတော့ Custom  ထဲကို  မိုင်းဖောက်ခွဲတာကို သိရပါတယ်။ စတုတ္ထတစ်ခေါက်မှာ ၅၁ လမ်းက Custom ထဲလို့ သိရပါတယ်။ အဲဒီမှာ နှစ်လုံးသွားထားတာ မပေါက်ကွဲ လိုက်ပါဘူး။       ၅ ကြိမ်မြောက်က မော်တော်ပီကယ်ရုံးလို့    သိရပါတယ်။ ၆ ကြိမ်မြောက်ကတော့ ၈ ရက်နေ့က ပုဇွန်တောင်စျေးရှေ့မှာ   ဖောက်ခွဲတဲ့ အကြောင်း       သိရပါတယ်။   ညီမ သိသလောက်ကတော့  အဲဒီ  ခြောက်ကြိမ် ပဲ သိရပါတယ်။    တကယ်လုပ်တာတော့ ဘယ်နှကြိမ်မှန်း မသိဘူး။ ညီမသိတာ တော့ ခြောက်ကြိမ်ပဲသိတယ်။
“ညီမတို့   စားဖို့သောက်ဖို့၊  နေဖို့၊ ဖောက်ခွဲရေးလုပ်ဖို့တွေကို   ထောက်ပံ့ ပေးတာက မဝေဝေမြင့်က ထောက်ပံ့ပေး တာလို့ သိရတယ်။ သူနဲ့ NUG ၊ CRPH ချိတ်ဆက်မိလားတော့ ညီမ မသိဘူးရှင့်။ မင်းသစ္စာအောင်   (ခ)  ဗလ၊  ရဲမင်းဦး၊ ကိုဝေထွန်းတို့က   ပြောက်ကျားသပိတ် လုပ်ဖို့အတွက် အစည်းအဝေးလုပ်တာလို့ ကြားရတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ ညီမတို့ နေအိမ်မှာ ဖောက်ခွဲမှုအတွက် လက်လုပ်မိုင်းတွေ        လာရောက် လုပ်ဆောင်သွားတာကို   သိရပါတယ်။ ပုဇွန်တောင်စျေးကို ဖောက်ခွဲဖို့အတွက် လာလုပ်သွားတယ်လို့ သိရပါတယ်” ဟု ထွက်ဆိုခဲ့သည်။
ဆက်လက်၍  သီဟကောင်းဆက် အား   စစ်ဆေးချက်အရ  “ကျွန်တော့် နာမည်က မောင်သီဟကောင်းဆက်ပါ။ အသက်က   ၂၀  ပါ။   မှတ်ပုံတင်က    ၁၂/ပဇတ (နိုင်) ၀၃၆၉၅၁   ပါ။   အဖ နာမည်က   ဦးမြင့်ဦးလေးပါ။   နေရပ် လိပ်စာက အမှတ် ၈၂၊ မင်္ဂလာသီရိ လမ်း၊ မြို့သစ်ရပ်ကွက်၊       ဒေါပုံမြို့နယ်ပါ။ ဩဂုတ်လ   ၁၀  ရက်နေ့က ၆ ရပ်ကွက်၊ အိမ်နံပါတ်(၃၈) မှာ ကျွန်တော်၊ မင်းသစ္စာ အောင်၊ ပိုးကျော့ကျော့ခန့်၊ ဝေဝေမြင့်၊ Brother ဝေ (ခ) ဝေကြီး၊ ယံယံ၊ ဝေထွန်း၊ ရဲမင်းဦး၊ ဖလက်(ရှ်)တို့ ရှိနေကြပါတယ်။ မင်းသစ္စာအောင် ငှားပေးထားတဲ့အိမ်မှာ ကျွန်တော်တို့အားလုံး စုနေကြပါတယ်။ တစ်ပတ်မှာ သုံးကြိမ်လောက် အစည်း အဝေးတွေ လုပ်ကြပါတယ်။ ဆွေးနွေး တာတွေ  လုပ်ကြပါတယ်။  ဖောက်ခွဲဖို့ တိုင်ပင်တာလည်း လုပ်ကြပါတယ်။ ရံဖန် ရံခါမှာ   စည်သူ၊   အားကျယ်  စတဲ့ ဧည့်သည်မျိုးတွေ လာတာလည်း ရှိကြပါ တယ်။ ကျွန်တော်တို့ အဲဒီအိမ်မှာနေတာ နှစ်လလောက်ရှိပါပြီ။ 
“ကျွန်တော်တို့    ကမ်းနားလမ်း Custom   ရုံးကို   ဖောက်ခွဲပါတယ်။ မဟာဗန္ဓုလလမ်းပေါ်က     Custom အိမ်ရာကို  ဖောက်ခွဲပါတယ်။  ပြီးတော့ Micro ကားပါကင်ကို ဖောက်ခွဲပါတယ်။ အ.ထ.က (၅) ဗိုလ်တထောင်မှာ ဖောက်ခွဲ ပါတယ်။ လသာမြို့နယ် ယာဉ်ထိန်းရုံး တစ်ခုကို ဖောက်ခွဲပါတယ်။ ပြီးတော့ ပုဇွန်တောင်မြို့နယ်က ဆားလင်းကြီး ဘုန်းကြီးကျောင်း         ဘေးမှာလည်း ဖောက်ခွဲမှုတွေ      ပြုလုပ်ခဲ့ပါတယ်။ စုစုပေါင်း ဖောက်ခွဲမှု ခုနစ်ခုပြုလုပ်ခဲ့ ပါတယ်။   ဖောက်ခွဲရေးပစ္စည်းတွေကို ဆင်တဲ့အခါမှာ ကျွန်တော်၊ အားကျယ်၊ စည်သူတို့က  ဆင်လေ့ရှိပြီး ကောင်းမြတ် စံက သွားရောက်ဖောက်ခွဲလေ့ရှိပါတယ်။ 
“အဲဒီနေ့   မနက်က  ကိုမင်းသစ္စာ အောင်   ငှားစီးနေကျ   Taxi   ဆရာက မနက် ၉ နာရီလောက်မှာ ဖုန်းဆက်လာ  ပါတယ်။  ဒါနဲ့  ကိုမင်းသစ္စာအောင်က Taxi ဆရာ ဖုန်းဆက်တာကို မသင်္ကာ ဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပါ တယ်။ ဒါနဲ့ ဝေဖြိုးလေးကို Scout အနေ နဲ့ လမ်းထိပ်ကိုထွက်ပြီး Taxi ဆရာကို ကြည့်ခိုင်းပါတယ်။ မကြာခင် ဝေဖြိုးလေး ဆီက   အဆက်အသွယ်မရတော့ပါဘူး။ အဲဒီအချိန်မှာပါပဲ လမ်းထဲကို ကားတစ်စီး ဝင်လာပါတယ်။   ဝရန်တာမှာရှိနေတဲ့ ကိုရဲမင်းဦးက  လာနေပြီ....လာနေပြီ ဆိုပြီး အော်ပြောတဲ့အတွက် ကျွန်တော် တို့  အိမ်အပေါ်ထပ်ကို  ပြေးတက်ခဲ့ပါ တယ်။ ကိုဝေထွန်းရယ်၊ ဖလက်(ရှ်)က အိမ်ရှေ့ဝရန်တာက  ထွက်ပြေးဖို့လုပ်ပါ တယ်။  အဲဒီအချိန်  သေနတ်တစ်ချက် ဖောက်ပါတယ်။  ဒါနဲ့  ကျွန်တော်လည်း အနောက်ကို  ထွက်ပြေးလာပါတယ်။ ကျွန်တော် အနောက်ကို ထွက်ပြေးလာတဲ့ အချိန်မှာ ကိုရဲမင်းဦး၊ မင်းသစ္စာအောင်၊ ဝေဝေမြင့်၊     ယံယံ၊    ကိုဝေကြီးတို့က သုံးထပ်တိုက်ပေါ်က   ခုန်ချခဲ့တာဖြစ်ပါ တယ်။ 
“ကျွန်တော့်ကို   ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့အတွက်   ခုန်ချနိုင်ခဲ့ခြင်း မရှိပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက တွန်းချခဲ့ ခြင်းမျိုးလည်း မရှိပါဘူး။ ခုန်ချသွားတဲ့ ငါးယောက်ထဲက ကိုမင်းသစ္စာအောင်၊ ကိုရဲမင်းဦး၊ ကိုယံယံတို့က မူးယစ်ဆေး သုံးစွဲတာမျိုး    ရှိပါတယ်။   ကျန်တဲ့ နှစ်ယောက်ကတော့   သုံးစွဲခြင်း ရှိ မရှိ မသိပါဘူး။ သေသွားတာက နှစ်ယောက် လို့        ကျွန်တော်ကြားရပါတယ်။ သုံးယောက်ကတော့ ဒဏ်ရာရတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ ဖမ်းဆီး ခံရတဲ့အချိန်မှာ ဖမ်းဆီးရမိတဲ့ ပစ္စည်း တွေက ချိန်ကိုက်ဗုံးလုပ်ဖို့အတွက် ဗုံးခွံ အခု ၂၀၊ ယမ်းတွေ၊  Smoke  ဗုံးတွေ၊ အုန်းဆံကြိုးတွေ၊ မီးထုပ်တွေ ဒါတွေ အားလုံးက နောက်ထပ် ဖောက်ခွဲမှုတွေ ပြုလုပ်ဖို့အတွက်       ကျွန်တော်တို့ သိမ်းထားတဲ့    ပစ္စည်းတွေ    ဖြစ်ပါ တယ်။ 
“ဖောက်ခွဲရေးပစ္စည်းတွေဝယ်ဖို့၊ ရဖို့၊ သွားစရိတ်၊ လာစရိတ်၊ သုံးစရိတ်တွေ အတွက် မဝေဝေမြင့်က ထောက်ပံ့ပေး  ပါတယ်။ သူက CRPH ၊ NUG တို့လို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အတိအကျတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော် က    ဖေဖော်ဝါရီလလောက်ကစပြီး နည်းပညာတက္ကသိုလ်   ကျောင်းသား သပိတ်တွေ၊  လေကြောင်းတက္ကသိုလ် ကျောင်းသားသပိတ်တွေမှာ ပါဝင်ခဲ့ပါ တယ်။  ပြီးတော့  ပြောက်ကျားသပိတ် တွေမှာလည်း      ပါဝင်ခဲ့ပြီး    ဗီဒီယို ရိုက်ကူးတာတွေ၊ ဓာတ်ပုံရိုက်ကူးတာ တွေ    လုပ်ခဲ့ပါတယ်။    ရလာတဲ့  ဗီဒီယို၊ ဓာတ်ပုံ၊ Record တွေကို မင်းသစ္စာအောင် ကို  ပို့ပေးရပါတယ်။    သူကတစ်ဆင့် Facebook Page တွေကို တင်တာမျိုးတွေ လုပ်ပါတယ်” ဟု ထွက်ဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်တွင်        တရားခံ အမျိုးသား    နှစ်ဦးနှင့်    အမျိုးသမီး တစ်ဦးတို့နှင့်အတူ   ဖောက်ခွဲဖျက်ဆီး ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိခဲ့ပြီး တိုက်ခန်းပေါ် မှ    ခုန်ချထွက်ပြေးရန်    ကြိုးစားသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်