အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ  သံရုံးအကြီးအကဲများကို  လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များ အသိပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်   ဩဂုတ်   ၁၁

 


နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့်   အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးတို့က အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အသိပေးရှင်းလင်းခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။                                  

 

 

 


(အမိန့်အမှတ် ၁၄၇/၂၀၂၁ ၏ အပိုဒ် ၂(စ)နှင့်(ဆ)ပါပြစ်မှုများမပါ)၊ မတရားအသင်းအက်ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အကြည်အညိုပျက်အောင်ပြုလုပ်မှု {ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)} အရ စွဲဆိုထားသောအမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံပြေးအမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထားစွဲဆိုထားသောအမှုများ၊ သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းက လုံလောက်သောအကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းမပြုသင့်ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ  သက်ဆိုင်ရာတရားရုံးတွင်  လျှောက်ထားသည့်အမှုများမှအပ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့်  ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံးများတွင် စွဲဆိုခံရပြီး ကြားနာစစ်ဆေးဆဲ  ပြစ်မှုဆိုင်ရာအမှုအားလုံးကို  ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်။


၃။    သို့ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ဦးဦးအားထိခိုက်နစ်နာစေသည့်ပြစ်မှု၊ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ်  လူပုဂ္ဂိုလ်များ၏  ငွေကြေး သို့မဟုတ်  ပစ္စည်းဆုံးရှုံးနစ်နာစေသည့်  ပြစ်မှုများနှင့်စပ်လျဉ်း၍ ကိုယ်တိုင်ထိခိုက်နစ်နာသူက  အမှုကိုပိတ်သိမ်းခြင်းမပြုလိုကြောင်း  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့  နောက်ဆုံးထား၍  သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်းမရှိမှသာ  အဆိုပါအမှုကို ပိတ်သိမ်း၍  တရားခံအားလွှတ်ရမည်။  ကိုယ်တိုင်ထိခိုက်နစ်နာသူက   အမှုပိတ်သိမ်းခြင်းမပြုလိုကြောင်း လျှောက်ထားသည့်အခါ  သက်ဆိုင်ရာတရားရုံးသည်  ရောက်ရှိသည့်အဆင့်မှစ၍  အမှုကို ဆက်လက်စစ်ဆေးရမည်။ ကိုယ်တိုင်ထိခိုက်နစ်နာသူဆိုသည်မှာ  နစ်နာသူကိုယ်တိုင်၊ နစ်နာသူ၏ တရားဝင်ဇနီး၊ ခင်ပွန်းနှင့် သားသမီးတို့ကိုသာဆိုသည်။ နစ်နာသူ အိမ်ထောင်မရှိပါက နစ်နာသူကိုယ်တိုင်နှင့် နစ်နာသူ၏ မိဘ၊ မောင်နှမများကိုဆိုသည်။


                    အမိန့်အရ
        အောင်လင်းဒွေး
        ဒုတိယဗိုလ်ချုပ်ကြီး
        အတွင်းရေးမှူး