မွန်ပြည်နယ်ဝန်ကြီးချုပ် အောက်ဆီဂျင်ထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်   ဩဂုတ်    ၁၁


 မွန်ပြည်နယ် ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ပြည်နယ် ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊  ပြည်နယ်လုံခြုံရေးနှင့်    နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   နေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်   ယနေ့မွန်းလွဲပိုင်း တွင်   မော်လမြိုင်မြို့  ရွှေနတ်တောင်  ရေသန့်စင်စက်ရုံ ဝင်းအတွင်း   တန် ၂၀ ဆံ့   အောက်ဆီဂျင်အရည်ထုတ် စက်ရုံနှင့်တစ်မိနစ်လျှင် လီတာ ၂၅၀ ထုတ်လုပ်နိုင် မည့်     အောက်ဆီဂျင် Plant  တည်ဆောက်မည့်မြေ နေရာအား    ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို      သွား ရောက်ကြည့်ရှု၍   တာဝန်ရှိသူများအားနှောင့်နှေး ကြန့်ကြာမှု မရှိစေရေး  အမြန်ဆုံး      အကောင်အထည် ဖော်ဆောင်ရွက်ကြရန် မှာကြားသည်။ 


မွန်ပြည်နယ်အတွင်းရှိ   မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးတွင်   တန် ၂၀ ဆံ့ အောက်ဆီဂျင် အရည်စက်ရုံကို  အမြန်ဆုံး   ပြီးစီးနိုင်ရေး  အကောင် အထည်ဖော်    ဆောင်ရွက်နေသည့်အပြင်   အခြား မြို့နယ်များတွင်လည်း     အောက်ဆီဂျင် စက်ရုံများ ကို   တည်ဆောက်လျက်ရှိပြီး      ယခုရွှေနတ်တောင်   အောက်ဆီဂျင်ထုတ်စက်ရုံသည်      ပြည်နယ်အစိုးရ အဖွဲ့    ရန်ပုံငွေဖြင့်   တည်ဆောက်ပေးခြင်းဖြစ်ကာ မကြာမီ  တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရ သည်။                        

ခရိုင်(ပြန်/ဆက်)