(၁၅) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး (15th ANCM) ကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၁


ဘရူနိုင်းနိုင်ငံက လက်ခံကျင်းပသည့် (၁၅)ကြိမ်မြောက်   အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး (15th ANCM)  ကို ယနေ့ နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးသို့    အာဆီယံ ရေတပ်ဦးစီးချုပ်များနှင့်  တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာအစည်းအဝေး၏ သဘာ ပတိဖြစ်သူ  ဘရူနိုင်းနိုင်ငံရေတပ် ဦးစီးချုပ် First Admiral Spry Bin Haji Serudi  @ Haji  Seruji က (၁၅) ကြိမ်မြောက်     အာဆီယံ ရေတပ်ဦးစီးချုပ်များ    အစည်း အဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး   အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။

 


ယင်းနောက်   ယခင်နှစ် (၁၄)ကြိမ်မြောက်   အာဆီယံရေတပ် ဦးစီးချုပ်များ    အစည်းအဝေး မှတ်တမ်းကို    အတည်ပြုသည်။ ထို့နောက် ANCM အမြဲတမ်းပူးတွဲ အတွင်းဝန်က ဒေသတွင်းပင်လယ် ရေကြောင်းလုံခြုံရေး အခြေအနေ များကို     အကျဉ်းချုပ်တင်ပြ ဆွေးနွေးပြီး  အစည်းအဝေးတက် ရောက်လာကြသော    အာဆီယံ ရေတပ်ဦးစီးချုပ်များက   Blue Economy:   "We  care,   We prepare,        We    prosper"   “ပင်လ​ယ်ပြာ  စီးပွားရေးအပေါ်     ဂရုပြု ပြင်ဆင်အောင်ပွဲဝင်”     ဟူ သော  ခေါင်းစဉ်အား  နိုင်ငံအလိုက် အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြ သည်။ 

 


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က  မြန်မာ နိုင်ငံအတွင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ်      ထိန်းချုပ်ရေးကို ဦးစားပေးလုပ်ငန်းရပ် အနေဖြင့် ဆောင်ရွက်နေမှု၊    ဒေသတွင်း ရေကြောင်း    လုံခြုံရေးအခြေအနေ၊ Blue  Economy နှင့် ပတ်သက်၍ ASEAN အဖွဲ့အနေဖြင့် ပူးပေါင်း လုပ်ဆောင်မှု တိုးမြှင့်ဆောင်ရွက် သွားရန်    အခြေအနေများကို ဆွေးနွေးခဲ့ပြီး   ASEAN ရေတပ် ဦးစီးချုပ်များက      ဒေသတွင်း ပင်လယ်ပြင်လုံခြုံရေးကို  စုပေါင်း ၍    တိုးမြှင့်ဆောင်ရွက်ကြရန်၊ လက်ရှိ    ကိုဗစ်-၁၉   ရောဂါ သက်ရောက်မှုအရ New Normal အခြေအနေတွင်    အကောင်းဆုံး ဖြေရှင်းမှုကို         အာဆီယံ Teamwork ဖြင့်   ဆောင်ရွက်ကြ ရန်နှင့်   ပင်လယ်ပြာစီးပွားရေး လုပ်ငန်းစဉ်ကို     ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို အမြင်ချင်းဖလှယ်ကြသည်။ 

 


ယင်းနောက်       အာဆီယံ ရေတပ်      လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ    ဖလှယ်ရေး အစီအစဉ်၏ လုပ်ငန်းကျွမ်းကျင်အဖွဲ့အစည်းအဝေး     ANTEEP (အန်းတိပ်)      Working Group ဆွေးနွေးချက်ရလဒ်များ၊     (၄) ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း     လုံခြုံရေး  နှီးနှောဖလှယ်ပွဲ  (4th Interna-tional    Maritime     Security Symposium (IMSS-2021)နှင့် (၁၇) ကြိမ်မြောက်    အနောက် ပစိဖိတ်ဒေသ   ရေတပ်    နှီးနှော ဖလှယ်ပွဲ (17th Western Pacific Naval Symposium– WPNS) နှင့် ပတ်သက်ပြီး  သက်ဆိုင်ရာ   နိုင်ငံ များက   တင်ပြကြပြီး    အာဆီယံ ရေတပ် များ ပူးပေါင်းလေ့ကျင့်ခန်း (ASEAN     Multilateral   Naval Exercise-AMNEX) (အန်းနက်) နှင့်      အာဆီယံရေတပ်များ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို   ဆက်လက်ဆွေးနွေး ခဲ့ကြသည်။ 

 


ထို့နောက်   ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌   ပြုလုပ်မည့် (၁၆)ကြိမ်မြောက်    အာဆီယံ ရေတပ်ဦးစီးချုပ်များ    အစည်း အဝေးဆိုင်ရာ     ကိစ္စရပ်များ ဆွေးနွေးခြင်း  (16th  ANCM)၊ ၂၀၂၃ ခုနှစ်တွင်   ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်မည့်   (၁၇) ကြိမ်မြောက် အာဆီယံ    ရေတပ်ဦးစီးချုပ်များ အစည်းအဝေး (17th ANCM)နှင့် ဒုတိယအကြိမ်မြောက်  အာဆီယံ ရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (2nd ASEAN Multilateral Naval Exercise – AMNEX)    တို့နှင့် ပတ်သက်၍    ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီး  သဘာပတိ၊    ဘရူနိုင်း ရေတပ်ဦးစီးချုပ်မှ နိဂုံးချုပ် အမှာ စကားပြောကြားကာ   အစည်း အဝေးကို     ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်