ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 

စစ်တွေ    ဩဂုတ်   ၁၁


ရခိုင်ပြည်နယ်     အစိုးရအဖွဲ့က ပြည်နယ်အတွင်းရှိ    ပြည်သူ့ ဆေးရုံများနှင့်  တပ်မတော်ဆေးရုံ များသို့ Oxygen Concentrator စက်အလုံး ၃၀၊ အောက်ဆီဂျင်အိုး အလုံး ၁၂၅၀ ၊ Medical Regulator ၁၂၅၀    ပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉    လူနာများအတွက် အရေးပေါ်ကုသဆေးများ  ဝယ်ယူ ရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်     ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်    ရခိုင် ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာ အောင်ကျော်မင်းက  ယခုပစ္စည်း များကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေမှ  ငွေကျပ် ၃၂၃၂ သိန်းကျော်  အကုန်ကျခံပြီး ဝယ်ယူခဲ့ခြင်း     ဖြစ်ကြောင်း၊ ထို့ပြင်    စစ်တွေပြည်သူ့ဆေးရုံ ကြီးတွင်  BXT ကုမ္ပဏီမှ ငွေကျပ် ၁၀၆၆ သိန်းတန်ဖိုးရှိ အောက်ဆီ ဂျင်စက်တစ်လုံး     လှူဒါန်းလာ ကြောင်း၊  ၎င်းစက်ရောက်ရှိလာ ပါက    အသင့်တပ်ဆင်အသုံးပြု နိုင်ရန်အတွက်   ပြည်နယ်အစိုးရ အဖွဲ့က ဆေးရုံကြီးတွင် ငွေကျပ် သိန်း  ၃၂၀ တန်ဖိုးရှိသည့်  စက်ရုံ အဆောက်အအုံကို  တည်ဆောက် လျက်ရှိပါကြောင်း၊     စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင်    တက် ရောက်ကုသနေသော  ကိုဗစ်-၁၉ လူနာများအတွက် လိုအပ်သည့် အရေးပေါ်ကုသဆေး     သုံးမျိုး ဝယ်ယူရန်အတွက်လည်း ငွေကျပ် ၃၄၁ သိန်းကျော် ထပ်မံထောက်ပံ့ မည်ဖြစ်ပါကြောင်း၊    ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်  ယခုအခမ်း အနားတွင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၃၈၉၄  သိန်း   ဖြစ်ပါ ကြောင်း၊ ကိုဗစ်ကာကွယ်ဆေး များကို ဇူလိုင် ၂၉ ရက်မှ စတင်ပြီး ထိုးနှံပေးလျက်ရှိရာ   ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ၈၆၃၇၆ ဦးကိုထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း  ပြော ကြားသည်။


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်က       ပြည်နယ်ပြည်သူ့ ကျန်းမာရေး       ဦးစီးဌာနမှူး ဒေါက်တာ      ကြည်လွင်ထံသို့ ပြည်နယ်အတွင်းရှိ     ဆေးရုံများ အတွက်    အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများ၊  Medical Regulator များနှင့်   ကိုဗစ်-၁၉ လူနာများအတွက်      အရေးပေါ် ကုသဆေးများ      ဝယ်ယူရန် ထောက်ပံ့ငွေများကို   ပေးအပ်ပြီး တပ်မတော်   ဆေးရုံများအတွက် အောက်ဆီဂျင်အိုးနှင့်   Medical Regulator များကို  အမှတ်(၈) စစ်မြေပြင်တပ်ရင်းမှ    ဒုတိယ ဗိုလ်မှူးကြီး      နေဝင်းနိုင်အား ပေးအပ်သည်။


ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့     အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည်  စစ်တွေမြို့ ခုတင်  ၅၀၀ ဆံ့ အထွေထွေရောဂါ ကု   ဆေးရုံကြီး၌ ဆောက်လုပ်နေ သော       အောက်ဆီဂျင်စက်ရုံ အဆောက်အအုံနှင့်    ဆေးရုံကြီး ရှိ        အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်   ထုတ်လုပ်နေမှု ကို        သွားရောက်ကြည့်ရှုသည်။ အဆိုပါ   တည်ဆောက်လျက်ရှိ သော     အောက်ဆီဂျင်စက်ရုံ အဆောက်အအုံမှာ    လက်ရှိတွင် ၈၀ ရာခိုင်နှုန်းကျော်   ပြီးစီးနေပြီ ဖြစ်သည်။


ထို့နောက်    ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ        စစ်တွေ တက္ကသိုလ်အဝင်      (ဂန္ဓာမာလမ်း) ကွန်ကရစ်ခင်းနေမှုကို      သွား ရောက်   ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းမှာ        စစ်တွေ တက္ကသိုလ်     ဆရာ ဆရာမများ နှင့်ကျောင်းသား  ကျောင်းသူများ သွားလာရာတွင်   အဆင်ပြေစေ ရန်အတွက်      ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ပြည်နယ်အစိုးရခွင့်ပြုငွေကျပ်သန်း ၁၅၀ ဖြင့် အရှည်ပေ ၁၆၄၀၊ အကျယ် ၁၈ ပေ၊ အမြင့် ၈ လက်မရှိသော ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း    ဆောင်ရွက်နေ ခြင်း ဖြစ်ကြောင်း သိရသည်။ 


တင်ထွန်း
(ပြန်/ဆက်)