လှိုင်သာယာနေ ပြည်သူများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ်တစ်သိန်းကျော် ထောက်ပံ့

 

ရန်ကုန်   ဩဂုတ်  ၁၁


ကုလသမဂ္ဂ   ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ဖြင့်  ရန်ကုန်တိုင်းဒေသ ကြီး  အစိုးရအဖွဲ့နှင့်  ပူးပေါင်း၍ တိုင်းဒေသကြီး    ခရိုင်လေးခုရှိ အခြေခံ   လက်လုပ်လက်စား ပြည်သူတို့အတွက်    ဆန်များ ဆက်လက်   ထောက်ပံ့လျက်ရှိ ကြောင်း သိရသည်။

 


မြောက်ပိုင်းခရိုင်နှင့်   တောင် ပိုင်းခရိုင်ရှိ   အခြေခံပြည်သူတို့ကို ထောက်ပံ့ရာ၌      မြောက်ပိုင်း ခရိုင်တွင်      လူဦးရေများသော လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာ      (အနောက်ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ ကို ဦးစွာထောက်ပံ့ခဲ့ပြီး ယနေ့တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် အနောက်ပိုင်းမြို့နယ်ရှိ အခြေခံ ပြည်သူတို့ကို    တစ်အိမ်‌ထောင် လျှင်  ဆန်တစ်အိတ်(၂၄ ပြည်)နှုန်း ဖြင့် ပေးဝေခဲ့ခြင်းဖြစ်သည်။

 


“အခုလို   ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့နေရချိန်မှာ   ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ  အစီအစဉ်နဲ့ တိုင်းဒေသကြီး     အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး စားဝတ်နေရေး ခက်ခဲ နေတဲ့   အခြေခံပြည်သူတွေကို လာရောက်   ထောက်ပံ့မှုအပေါ် အထူး     ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း   ထပ်မံထောက်ပံ့မှု တွေ   လုပ်ဆောင်နိုင်မယ်ဆိုရင် လက်လုပ်လက်စား     အခြေခံ ပြည်သူတွေရဲ့   စားရေးပြေလည် သွားမှာဖြစ်တဲ့အတွက် ကျွန်တော် တို့လည်း ဝမ်းသာပီတိ ဖြစ်ရပါ တယ်”ဟု      မြောက်ပိုင်းခရိုင် အထွေထွေ      အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောသည်။

 


မြောက်ပိုင်း   ခရိုင်အတွင်းရှိ  လှိုင်သာယာမြို့နယ်နှင့် ရွှေပြည် သာမြို့နယ်တို့တွင် ပထမအကြိမ် ထောက်ပံ့မှု၌ ရပ်ကွက်/ကျေးရွာ အုပ်စု   ၁၂  ခုရှိ   အိမ်ထောင်စု ၄၉၄၇၇ စုမှ လူဦးရေ ၁၃၀,၀၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀၀၀ ကျော်ကိုလည်းကောင်း၊ ဒုတိယ အကြိမ်      ထောက်ပံ့မှုတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၁၆ ခုရှိ အိမ်ထောင်စု   ၇၇၀၀၀ ကျော်မှ လူဦးရေ ၂၀၀၀၀၀ ကျော်အတွက် ဆန်အိတ်     ၃၈၀၀၀    ကျော်ကို လည်းကောင်း၊ ဇူလိုင်  ၂၀  ရက်က စတင်၍      ထောက်ပံ့ခဲ့သော တတိယ   အကြိမ်မြောက်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စု ၁၄ ခုရှိ အိမ်ထောင်စု   ၅၀၀၀၀ ကျော်မှ လူဦးရေ  ၂၃၀၀၀၀  ကျော်အတွက် ဆန်အိတ်   ၅၀၀၀၀  ကျော်ကို လည်းကောင်း      ထောက်ပံ့ခဲ့ရာ ဩဂုတ်  ၁၁  ရက်အထိ ရပ်ကွက်/ ကျေးရွာအုပ်စု      ၂၈     ခုရှိ အိမ်ထောင်စု ၁၇၀၀၀၀ ကျော်မှ လူဦးရေ ၃၀၀၀၀၀ ကျော်အတွက် ဆန်အိတ်ပေါင်း ၁၀၀၀၀၀ ကျော် ကို ထောက်ပံ့ခဲ့သည်။ 

 


“ဆင်းရဲနွမ်းပါးတဲ့ လက်လုပ် လက်စား  အခြေခံပြည်သူတွေကို ဆန်ထောက်ပံ့တာပါ။  အဆောင် နေထိုင်တဲ့သူတွေတော့ မပါပါဘူး။ ယခင်က      နှစ်အိမ်ထောင်   ဆန် တစ်အိတ်ဝေခဲ့တာ     တတိယ အကြိမ်မှာတော့  တစ်အိမ်ထောင် ဆန်တစ်အိတ် ထောက်ပံ့ပါတယ်။ WFP ကလည်း ဆက်ပြီးထောက်ပံ့ နိုင်အောင်  ကြိုးစားနေတယ်လို့ သိရပါတယ်။ အခြေခံပြည်သူတွေ လက်ထဲ      ရောက်ရှိအောင်နဲ့ စားဝတ်နေရေး    ပြေလည်အောင် ရပ်/ ကျေး   အုပ်ချုပ်ရေးအဖွဲ့တွေ ကိုဗစ်-၁၉    စည်းကမ်းနဲ့အညီ လုပ်ဆောင်ကြဖို့ ကြပ်မတ်ဆောင် ရွက်ပါတယ်။ ဒီထိ အိမ်ထောင်စု ၅၆၇၁၁စု   အတွက်   ဆန်အိတ် ပေါင်း  ၄၁၄၀၄   အိတ် ထောက်ပံ့ ပြီးပါပြီ။   ဆက်လက်ထောက်ပံ့ သွားဖို့လည်း      ရှိပါတယ်”  ဟု လှိုင်သာယာ    (အနောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး  ဦးစိုးဝင်းနိုင်က ပြောသည်။

 


ကုလသမဂ္ဂ    ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)မှ တောင် ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များရှိ လက်လုပ်လက်စား အခြေခံပြည်သူ များကိုလည်း ဆန်များထောက်ပံ့ လျက်ရှိပြီး     မြောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်ပေါင်း ရှစ်မြို့နယ် မှ   ကျန်ရှိသော    မြို့နယ်များကို လည်း ဆက်လက်ထောက်ပံ့သွား မည်ဖြစ်ရာ  လှိုင်သာယာ  (အရှေ့ ပိုင်း) မြို့နယ်နှင့် အနောက်ပိုင်းမြို့ နယ်တို့တွင်‌  လက်လုပ်လက်စား အခြေခံပြည်သူ    အိမ်ထောင်စု ၃၀၀၀၀၀ ကျော် စာရင်းကောက် ယူထားသောကြောင့်  ကျန်ရှိသော အိမ်ထောင်စုများကိုလည်း ဆက် လက်   ထောက်ပံ့သွားမည်ဖြစ် ကြောင်း သိရသည်။ 

 


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး