
n ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ယခုလတ်တလော Coronavirus Disease 2019 (COVID-19 ) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ တိုးတက်မြင့်မားလျက်ရှိပါသည်။
n မြန်မာသက္ကရာဇ် ၁၃၈၃ ခု၊ ဝါဆိုလဆန်း ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အဖွဲ့ဝင် ဆရာတော်ကြီးများက လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019(COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ရတနသုတ် ပရိတ် တရားတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူပေးခဲ့ပါသည်။
n ထို့အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)ကလည်း လတ်တလော ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရတနသုတ်၊ မေတ္တ သုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်စေရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် သံဃနာယကအဖွဲ့များက မြို့နယ်သံဃနာယကအဖွဲ့များသို့ ညွှန်ကြားဆောင်ရွက်ရန် အဆင့်ဆင့် အကြောင်းကြား လျှောက်ထားပြီး ဖြစ်ပါ သည်။
n သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင်ရှိသော မိဘပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) ကမ္ဘာ့ ကပ်ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ရတနသုတ် ပရိတ် တရားတော်ကို မိမိနေအိမ်တွင် နေ့စဉ်ရွတ်ဖတ်ပူဇော်နိုင်ကြ ပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန