
နေပြည်တော် ဩဂုတ် ၁၁
နေပြည်တော် ကောင်စီနယ်မြေ အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည် တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်၊ နေပြည် တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး ကြီး မင်းနောင်၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အဖွဲ့ဝင်များ၊ ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာ ကြသူများက နေပြည်တော် ကောင်စီ နယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသ ရေးလုပ်ငန်းများ အခြေအနေနှင့် လိုအပ်ချက်များ၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အမံများကို ဆွေးနွေးတင်ပြကြပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်းပြောကြားရာ နေပြည် တော် ကောင်စီဥက္ကဋ္ဌက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
နေပြည်တော်(ပြန်/ဆက်)