
နေပြည်တော် ဩဂုတ် ၁၀
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု ကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန် ရှိသူများသည် တိုင်းစစ်ဌာနချုပ် ကုန်းမြင့် (၁) စိုက်ပျိုးရေးနှင့် မွေးမြူရေးစံပြစခန်း ရှိ (ဘရာမင်နှင့် ဒေသနွား) အသားတိုး နွားမွေးမြူရေးလုပ်ငန်း၊ (ဖရီရှန်)နို့စားနွား မွေးမြူရေးလုပ်ငန်း၊ ဆိတ်မွေးမြူရေး လုပ်ငန်း၊ DYL အသားတိုးဝက်မွေးမြူရေး လုပ်ငန်း၊ ငါးသားဖောက်မွေးမြူရေး လုပ်ငန်း၊ တစ်သျှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်း၊ ပြောင်းစိုက်ပျိုးရေးလုပ်ငန်း၊ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းနှင့် နေဗီယာ မြက်စိုက်ပျိုးရေး လုပ်ငန်းတို့ကိုလည်း ကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ မိုင်းလန်းကျေးရွာအုပ်စု ယန်းမွန်ကျေးရွာ ရှိ အရှေ့မဲခေါင်ဝက်မွေးမြူရေးခြံ၊ တိုင်းစစ်ဌာနချုပ်ရှိ ဥစားကြက်မွေးမြူရေး ခြံ၊ နို့စားနွားခြံ၊ ဒေသကြက်မွေးမြူရေးခြံ၊ ဘဲမွေးမြူရေးခြံ၊ ဆိတ်မွေးမြူရေးခြံ၊ တစ်သျှူးငှက်ပျော(ကျောက်စိမ်း)စိုက် ခင်း၊ ရာသီသီးနှံစိုက်ခင်း၊ နယ်မြေခံ တပ်ရင်းရှိ ဥစားကြက်ခြံနှင့် ဒေသ ကြက်မွေးမြူရေးခြံတို့ကို လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ် ပေါ်ပြီး ဈေးကွက်အတွင်း ရောင်းချရန် အခက်အခဲဖြစ်ပေါ်နေသည့် သီပေါမြို့ နောင်ကော်ကြီးကျေးရွာနှင့် စဉ့်အင် ကျေးရွာများ၌ စိုက်ပျိုးထားသော ဒေသခံ ပြည်သူများ၏ နာနတ်သီးစိုက်ခင်းများမှ နာနတ်သီးအလုံး ၃၀၀၀ ကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက သွားရောက်ဝယ်ယူခဲ့ပြီး တပ်မတော်သား မိသားစုဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း စိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင် ရန်နှင့် စိုက်ပျိုးဧရိယာများ အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မြေဩဇာကြဲပက် ခြင်းနှင့် စိုက်ပျိုးရေးသုံးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်း တွင် ကျိုင်းတုံမြို့ ယန်းလောကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း နှင့် ကွင်းသရုပ်ပြဆောင်ရွက်ခြင်းကို ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စိုက်ပျိုး ရေးသွင်းအားစုများ ထောက်ပံ့ပေးအပ် ကြပြီး ကွင်းသရုပ်ပြ မြေဩဇာကြဲပက် နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်