ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  ဩဂုတ်  ၁၀


လတ်တလော နိုင်ငံတစ်ဝန်း၌  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုများဖြစ်ပေါ်လျက် ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများအတွက်  အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ    အရေးပေါ်လိုအပ်မှုမှာလည်း မြင့်တက်လျက်ရှိပြီး  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ     လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေးအတွက်  ဆက်စပ်ဝန်ကြီးဌာနများ နှင့် ထိထိရောက်ရောက်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထား သည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။


တင်သွင်း


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ အရေးပေါ်လိုအပ်လျက်ရှိသော  ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများ ပြည်ပမှတင်သွင်းမှုကို အများပြည်သူရုံးပိတ်ရက်များ တွင်လည်း  ရပ်ဆိုင်းထားခြင်းမရှိဘဲ  ပုံမှန်အတိုင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ    အိမ်သုံး အောက်ဆီဂျင်စက် ၆၃၄၃ ခု၊  အောက်ဆီဂျင် (အိုးခွံ) ၃၀၊ Test Kit ၁၄၀၀၊  တစ်ကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံ ၁၀၀၀ နှင့် နှာခေါင်းစည်း ၁၄ တန်၊ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းမှ  အောက်ဆီဂျင်အရည်(အိုးဖြင့်) ကိုးတန်အပါအဝင်  မူဆယ်၊  လွယ်ဂျယ်၊  ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ် ကုန်သွယ်ရေးစခန်း များမှ အောက်ဆီဂျင်အရည် (Bowser ယာဉ်နှစ်စီး ဖြင့်) ၃၈ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၄၁ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၈၈၉၄ ခု၊ Oxygen Plant ရှစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၄၉၅ ခု၊ Test Kit ၁၄၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ အစုံ ၂၀၆၀၀၊ လက်အိတ် ၁၀ တန်နှင့်  နှာခေါင်းစည်း  ၇၅  တန် တင်သွင်းနိုင်ခဲ့သည်။    အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၃၉ ခုမှ ယာဉ်စီးရေ ၆၁ စီးဖြင့် တင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


သြဂုတ်လအတွင်း ယာဉ်စီးရေ ၅၉၉ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser ယာဉ်ဖြင့်) ၅၅၅ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၁၄၉ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် ၆၅ တန်၊ အောက်ဆီ ဂျင်(အိုးခွံ) ၇၁၁၀၆ ခု၊  Oxygen Plant ၁၅ ခု၊ အောက်ဆီဂျင်(Generator) ကိုးခု၊ အိမ်သုံးအောက်ဆီ ဂျင်စက် ၅၈၇၇၀၊ Test Kit  ၁၄၃၀၄၂ ခု၊ တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံ ၃၂၅၈၉၂ စုံ၊ လက်အိတ် ၅၀ တန်နှင့် နှာခေါင်းစည်း  ၈၀၁ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
ဇူလိုင်လအတွင်း  ယာဉ်စီးရေ  ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser ယာဉ်ဖြင့်) ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၄၀၄၉၁ ခု၊   အိမ်သုံးအောက်ဆီဂျင်စက် ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက်  လေးခု၊ Test Kit    ၃၂၂၈၇၈  ခု၊  နှာခေါင်းစည်း ၁၁၀၄ တန်၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။


၂၀၂၁ ခုနှစ် ဇူလိုင်လမှ သြဂုတ် ၁၀ ရက်အထိ ပြည်ပမှ  တင်သွင်းလာသည့်  အောက်ဆီဂျင်အရည် Bowser ယာဉ် စုစုပေါင်း ၆၁  စီးမှာ  ရန်ကုန်မြို့သို့ ၄၅ စီး၊ မန္တလေးမြို့သို့ ၁၁  စီး၊  ပဲခူးမြို့သို့ နှစ်စီး၊ မော်လမြိုင်မြို့သို့ နှစ်စီး ၊ သထုံမြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၂၃ ခုမှာ ရန်ကုန်မြို့သို့ လေးခု၊ လားရှိုး လေးခု၊ ပဲခူးမြို့သို့ သုံးခု၊ ပခုက္ကူ  နှစ်ခု၊ မန္တလေးမြို့၊ တောင်ကြီး၊ သံဖြူဇရပ် ၊ မကွေး ၊ ဘားအံ၊ ထားဝယ်၊ ဝါးခယ်မ ၊ မြစ်သား ၊ ကျောက်ပန်းတောင်း မြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများတင်သွင်းရာတွင်    လွယ်ကူ မြန်ဆန်နိုင်ရေးအတွက်   သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ    တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက်   စီစဉ်ဆောင်ရွက်ပေးထားကြောင်း  သိရ သည်။


သတင်းစဉ်