ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ရန်ကုန်   ဩဂုတ်   ၁၀


ရန်ကုန်တိုင်းဒေသကြီး    စည်ပင် သာယာရေးဝန်ကြီး၊   ရန်ကုန်မြို့ တော်         စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည်  ယနေ့ နံနက် ၇ နာရီခွဲတွင်     မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) ကိုဗစ်-၁၉ ရောဂါ    ကုသရေး စင်တာ၌     အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ် မှုဖြင့်        မြန်မာသီဟကုမ္ပဏီက တန် ၂၀ Liquid Oxygen Tank တပ်ဆင်ထားရှိရန်         ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ်  သက်ဆိုင်ရာဌာနများနှင့်  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက်   မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အင်ဂျင်နီယာ ဌာန (ရေပေးဝေရေးနှင့် သန့်ရှင်းမှု) က ဆောင်ရွက်နေသော ဗဟန်းမြို့ နယ်       ရေတာရှည်လမ်းဟောင်း ဇောတိက         သင်္ကန်းတိုက်အနီး ခေတ်မီ Fire Hydrant  မီးသတ် ရေငုတ်များ  လဲလှယ်တပ်ဆင်မှု၊ ရွှေတိဂုံဘုရားကန်အတွင်း ရေတင် ပေးသည့်   Gate Valve ဟောင်း ပြန်လည်ပြုပြင်မှုနှင့်   အရန်ဗား တပ်ဆင်ရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ 


ဆက်လက်၍   မြို့တော်ဝန် သည်   ပြည်သူများ   ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင် သတိပြုကာကွယ်နိုင်ရေးအတွက် လူသွားလူလာများသည့်   နေရာ များတွင် ပညာပေးစိုက်ထူနိုင်ရန်    အသိပညာပေး  ဗီနိုင်းပိုစတာများ ကို ဗဟန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန် ရှိသူများထံ  လွှဲပြောင်းပေးအပ် သည်။ 


ယင်းနောက်   မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည်  နံနက် ၈ နာရီခွဲတွင် ရေစီးရေလာစီမံခန့်ခွဲမှု ဌာနမှ ဆောင်ရွက်နေသော တာမွေ မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် အကြား စက်မှုရတနာလမ်း၊ ခုနစ် ပင်လိမ်ချောင်းအတွင်း ၇ ဒသမ ၅ တန် Excavator စက်ဖြင့် အမှိုက် များ၊ နုန်းများ ဆယ်ယူရှင်းလင်း နေမှုကိုလည်းကောင်း၊ အင်ဂျင် နီယာဌာန   (လမ်းနှင့်တံတား)က ဆောင်ရွက်နေသော ဒေါပုံမြို့နယ် ဒေါပုံကတ္တရာ    ကွန်ကရစ်ဖျော် စက်ရုံနှင့်   မင်္ဂလာတောင်ညွန့် မြို့နယ် A.B.C    ကတ္တရာကွန်ကရစ် ဖျော်စက်ရုံဝင်းအတွင်း   သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ရေကြီး ရေလျှံမှုမှ ကာကွယ်နိုင်ရန် သဲအိတ် များ ကြိုတင်စီမံပြင်ဆင်ဆောင် ရွက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး     လိုအပ်သည်များ မှာကြားသည်။            

 

သတင်းစဉ်