
နေပြည်တော် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများကို ပူးပေါင်းပါဝင် ဖော်ထုတ်ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက် ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားပြီး ဩဂုတ် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပန်းယျ ကျေးရွာ အနောက်ဘက်တွင် အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သယ်ဆောင်လာသည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ပူးပေါင်းပါဝင်ဖော်ထုတ် ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် တိုင်းမှူးက မတ္တရာမြို့နယ်ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ဖော်ထုတ် ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်