တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၃၁ ဦး ထပ်မံတွေ့ရှိ

အန်ကာရာ     ဩဂုတ်  ၁၀


တူရကီနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၃၁ ဦးကို ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၅၉၄၂၂၇၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၁၇ ဦးထပ်မံသေဆုံး သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၂၃၁၃  ဦးရှိလာကြောင်း   သိရသည်။   လက်ရှိအချိန်တွင်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  စစ်ဆေးမှု  ၂၄၅၂၅၃ ကြိမ်ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 


တူရကီနိုင်ငံရှိ တာဝန်ရှိသူများက တရုတ်နိုင်ငံမှ ထုတ်လုပ် သော Sinovac  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုင်ငံ အတွင်း အရေးပေါ်သုံးစွဲရန် အတည်ပြုပြီးနောက် ဇန်နဝါရီ ၁၄  ရက်မှစတင်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုစတင်သည်။


 နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးစီးသူ ၄၂ ဒသမ ၁၄ သန်းကျော်နှင့်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူ ၂၉ ဒသမ ၆၃သန်းကျော် ရှိကာ တတိယအကြိမ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်းအပါအဝင် ကာကွယ်ဆေးအလုံးရေ ၇၇ ဒသမ ၅၅ သန်း ကျော်ကို အသုံးပြုပြီးဖြစ်သည်။                  

ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- စိုးသူရ