
ဟနွိုင်း ဩဂုတ် ၁၀
ဗီယက်နမ်နိုင်ငံ၌ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃၈၅ ဦးနှင့် ပြည်ပမှ ပြန်လာသူများအနက်မှ ကူးစက်ခံရသူ ငါးဦးအပါအဝင် ဩဂုတ် ၁၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ ၈၃၉၀ ထပ်မံတွေ့ရှိခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃၉၀ ထပ်မံ တွေ့ရှိခြင်းကြောင့် ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၂၈၁၃၅ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူစုစုပေါင်း ၄၁၄၅ ဦး ရှိလာကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ဩဂုတ် ၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၄၄၂၈ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၀၃၄၈ ဦးရှိလာကြောင်းနှင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၀ သန်းနီးပါး အသုံးပြုပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်