ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၄၆၃ ဦးရှိ

ဒါကာ   ဩဂုတ်   ၉


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၄၆၃ ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၄၅ ဦးရှိခြင်းကြောင့် နိုင်ငံ တစ်ဝန်းတွင်  ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ ပေါင်း ၁၃၆၅၁၅၈ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉  ရောဂါကြောင့်  သေဆုံးသူပေါင်း ၂၂၈၉၇ ဦး ရှိလာ ကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။


ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့် ရရှိသူ  ၁၄၄၁၂  ဦးရှိခြင်းကြောင့်  တစ်နိုင်ငံလုံး အတိုင်းအတာအရ  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၂၁၉၈၅၉ ဦးရှိလာကြောင်း သိရသည်။


လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့်    သေဆုံးမှုနှုန်းသည် ၁ ဒသမ ၆၈ ရာခိုင်နှုန်းရှိကြောင်းနှင့်      ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူနှုန်းသည် ၈၉ ဒသမ ၃၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် အမြင့်ဆုံးသည် ဇူလိုင်  ၂၈ ရက်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၂၃၀ ရှိကြောင်းနှင့်  နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးမှုအမြင့်ဆုံးသည် ဩဂုတ် ၅ ရက် ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၆၄ ဦး ရှိကြောင်း သိရသည်။              

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-အလင်းသစ်