
ရီယိုဒီဂျနေးရိုး ဩဂုတ် ၉
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၃၉၉ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူပေါင်း ၅၆၃၁၅၁ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
ထို့ပြင် ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၈၉၃ ဦးရှိခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၁၆၅၆၇၂ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးမှုတွင် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင်မူ အမေရိကန် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နောက်တွင် တတိယ အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရ သည်။
ဘရာဇီးနိုင်ငံ၌ ဩဂုတ် ၇ ရက်အထိ နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၁၅၂ ဒသမ ၁ သန်းကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၅ ဒသမ ၃ သန်းကျော် ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်