
နေပြည်တော် သြဂုတ် ၉
ချင်းပြည်နယ်အတွင်း ဒေသဝမ်းစာစပါး ဖူလုံ ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ယနေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့်ဆွေးနွေးခဲ့
ကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်၏ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ပေးနိုင်ခဲ့
ချင်းပြည်နယ်အတွင်း ဝမ်းစာစပါး ဖူလုံ ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး လုပ်ငန်းများ အဖြစ် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစု ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်း၊ စိုက်ပျိုး ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ ကုန်းမြင့်လယ် ယာမြေဖော်ထုတ်ခြင်း၊ တောင်စောင်းစိုက်ပျိုး နည်းစနစ်(SALT) ကျင့်သုံးနိုင်ရေးဆောင်ရွက် ပေးခြင်းနှင့် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး တောင်သူအတွက် အကျိုးအမြတ် ရရှိစေမည့် သီးနှံပုံစံများ ချမှတ်ပေးနိုင်ရေး
အတွက် သုတေသနလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့်၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ရွှေရင်အေး မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed-RS)မှ စီးပွားဖြစ်မျိုးသန့် မျိုးစေ့ (Certified Seed-CS) မျိုးစပါး ထုတ်လုပ်စိုက်ပျိုးခြင်းကို ဖလမ်းခရိုင်၊ ဟားခါး ခရိုင်၊ မင်းတပ်ခရိုင် ခရိုင်သုံးခုရှိ မြို့နယ် ရှစ်မြို့နယ်၌ ၈၃ ဧက အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သဖြင့် ရွှေရင်အေးစပါး (CS)မျိုးသန့်မျိုးစေ့ တင်း ၆၃၂၀ ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးရွာ ၂၂ ရွာအတွက် မျိုးစပါးများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆောင်ရွက်သွားမည်
မွေးမြူရေးကဏ္ဍအတွက် မျိုးကောင်း
မျိုးသန့်ဖြန့်ဖြူးရေးအဖြစ် ဒေသနွားနှင့်နွား နောက် ၂၇၅ ကောင်ကို ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နွားမွေးမြူမှုဖွံ့ဖြိုး လာရေးအတွက် ဒေသနွားမျိုးများကို မျိုးမြှင့် သားစပ်ပေးခြင်းနှင့် နွားနောက်မွေးမြူရေး ဆိုင်ရာ သုတေသနများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအတွက် နေဗီယာမြက်နှင့် မွန်ပါးစားမြက် ၁၉ ဧက စိုက်ပျိုးနိုင်ရေးနှင့် မြို့နယ် ခြောက်မြို့နယ်၌ ၁၀ ဧက တိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်တွင် မွေးမြူနိုင်သည့် ဆိတ်မျိုး များ ဆန်းစစ်ခြင်း၊ မျိုးဖြန့်ခြင်း၊ မွေးမြူရေး နည်းစနစ်ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့်စစ်ကိုင်း တိုင်းဒေသကြီးများမှ ငါးများ တင်ပို့နေရပြီး ရေရှည်တွင် ဒေသအတွက် ငါးရိက္ခာဖူလုံ စေရန်ဆောင်ရွက်လျက်ရှိရာ ရမ်ထလိုစခန်း နှင့် ခိုင်ကမ်စခန်းများမှ ငါးသားပေါက်ကောင် ရေ ၆၅၀၀၀၀ ထုတ်လုပ်လျက်ရှိပြီး သဘာဝ မြစ်ချောင်းများ၊ ဆည်ကန်များအတွင်း ယနေ့ အထိ ငါးသားပေါက်ကောင်ရေ ၄၄၀၀၀၀ ကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ မင်းတပ်တွင် ငါးသားပေါက်စခန်း တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်