ယခုအချိန်တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ ယခု ဩဂုတ်လတွင် တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချနိုင်ရေး ကြိုးစားလုပ်ဆောင်သွားမည် အချို့မြို့များ၊ ဒေသများတွင် ပေါ့ပေါ့ဆဆ နေထိုင်သွားလာလှုပ်ရှားမှုများကို မလုပ်ကြစေလို

နေပြည်တော်     ဩဂုတ်     ၉

 


လက်ရှိအခြေအနေများအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ပေါ့ဆစွာဖြင့် နေထိုင်သွားလာလုပ်ဆောင်မှုများကို မလုပ်ဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊     ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့်  တာဝန်ရှိသူများ  တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဝန်ကြီးချုပ် များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။


အဖွင့်အမှာစကားပြောကြား


ဦးစွာ         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုသည် ဇွန်လနှောင်းပိုင်းတွင် ကူးစက်မှုနှုန်း  မြန်ဆန်မြင့်မားလာသည်ကို   တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့  ရောဂါကူးစက်ဖြစ်ပွားမှုများကို  ထိန်းချုပ် နိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆုံးဖြတ်ချက် များ အချိန်နှင့်တစ်ပြေးညီ ချမှတ်နိုင်ရေး၊ လုပ်ဆောင် သင့် လုပ်ဆောင်ထိုက်သည်များကို ဆောလျင်စွာ  လုပ်ဆောင်နိုင်ရေးအတွက်  ဇူလိုင် ၉ ရက်တွင် မိမိကိုယ်တိုင်ဦးဆောင်၍     ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ အချိန်အထိ အစည်းအဝေး ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ ကြောင်း၊ ထိုသို့ အစည်းအဝေးများ ပြုလုပ်ခြင်း၊ ဗဟိုကော်မတီမှတစ်ဆင့် နေ့စဉ် ကြပ်မတ်ကွပ်ကဲ ခြင်း၊ တာဝန်ရှိသူအသီးသီးနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်းစုပေါင်း ပါဝင်လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခု အချိန်တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်း အတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း။
ကမ္ဘာ့နိုင်ငံများနှင့်   အိမ်နီးချင်းနိုင်ငံများတွင် လည်း ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၈ ရက် ညပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးအတည်ပြု  သူ ၂၀၂ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၃ သန်း ကျော်ရှိပြီဖြစ်ပြီး   မိမိတို့နိုင်ငံတွင်    ရောဂါပိုး အတည်ပြုသူ ၃၂၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ  ထိန်းချုပ်ထားနိုင်သည် ဆိုသော်လည်း     စိတ်ချရသည့်အနေအထားတွင် မရှိသေးကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို   ယခုဩဂုတ်လတွင်   တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ    ဆွဲချနိုင်ရေး    ကြိုးစားလုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ယခင်က  ၄၀၀၀   ခန့်ဖြစ်ပွားမှုကို ၂၀၀၀ အထိ  လျော့ကျနိုင်ရေး  လုပ်ဆောင်သွားမည်ဖြစ်ပြီး    နောက်လများတွင်    ထိုထက်ပိုမိုကျဆင်းအောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း၊ ဩဂုတ် ၁ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး ၈ ရက်တွင် ကူးစက်ဖြစ်ပွားသူ ၃၂၀၀ ကျော်ဖြစ်ကြောင်း၊  ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်တွင် ရှိနေကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတို့တွင်   ရောဂါကူးစက်ဖြစ်ပွားမှုများကို  အမြန်ဆုံးဆွဲချပေးနိုင်ခဲ့ကြောင်း၊ လူဦးရေ ထူထပ် များပြားသည့်  တိုင်းဒေသကြီးများအနေဖြင့် အထူး ဂရုစိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အချို့ရောဂါ ဖြစ်ပွားမှုနှုန်းနည်းပါးသည့် နေရာဒေသများသည် လည်း  မပေါ့ကြစေလိုကြောင်း၊  ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေရေး ချမှတ်ထားသည့် သတ်မှတ်ထား သည့် သွားလာနေထိုင်မှုများကို Indicator ၊ Figure တို့တွင်  ကြည့်ရှုပါက မြို့ကြီးများတွင် လိုက်နာမှု ရှိပြီး  လျော့ကျလျက်ရှိသော်လည်း  အချို့မြို့များ၊  ဒေသများတွင် ပုံမှန်အတိုင်း လှုပ်ရှားသွားလာလျက် ရှိသည်ကို  တွေ့ရှိရသဖြင့်  ပေါ့ပေါ့ဆဆ  နေထိုင် သွားလာလှုပ်ရှားမှုများကို မလုပ်ကြစေလိုကြောင်း၊   သက်ဆိုင်ရာဒေသများရှိ  တာဝန်ရှိသူများအနေဖြင့် လည်း     နေရာဒေသမရွေး    ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ၊   လိုက်နာရန်   လိုအပ်သည် များကို    လူတိုင်းသိရှိအောင်   လုပ်ဆောင်ပေးရန် လိုကြောင်း။


ကုန်ဈေးနှုန်းကြီးမြင့်လာ


လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းမှစ၍ အခြေခံ စားသောက်ကုန်များ၊ အခြေခံအိမ်သုံးဆေးပစ္စည်း များ   ကုန်ဈေးနှုန်းကြီးမြင့်လာသည်ကို    တွေ့ရှိရ ကြောင်း၊  ကုန်ဈေးနှုန်းကြီးမြင့်မှုတွင်   Cost of Production (ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်း ကြောင့် မြင့်မားခြင်း)နှင့် Supply and Demand (စားသုံးသူနှင့်   ထုတ်လုပ်သူ  မမျှတခြင်းကြောင့် မြင့်မားခြင်း)ဟူ၍ ရှိကြောင်း၊ အဆိုပါ အကြောင်း နှစ်ခုမှလွဲ၍   ကုန်ဈေးနှုန်းမြင့်မားရန်   အကြောင်း မရှိကြောင်း၊   ရောဂါကန့်သတ်ချက်များကြောင့် လမ်းပန်းဆက်သွယ်မှု ကုန်ကျစရိတ်နှင့် လုပ်အားခ  ကုန်ကျစရိတ်များကြောင့် အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းမြင့်မားမှုရှိသည်ကို  မပြောလိုသော်လည်း မတန်တဆ ဈေးတင်ရောင်းချမှုများကို မဖြစ်စေ လိုကြောင်း၊ ထိုသို့ ကုန်ဈေးနှုန်းများ မြင့်မားလာစေ ရန်၊   ပစ္စည်းပြတ်လပ်၍   ဈေးမြင့်မားလာစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် သိုလှောင်ခြင်း၊ ဈေးကစား ခြင်းများလည်းရှိသဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှုမရှိစေရေး    တာဝန်ရှိသူများက ထိန်းသိမ်းလုပ်ဆောင်ပေးကြရန်လိုကြောင်း၊ မိမိတို့  နိုင်ငံသည် စားကုန်၊ သောက်ကုန် ထုတ်လုပ်သည့်  နိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ် သည့် နိုင်ငံတစ်ခုဖြစ်သဖြင့် အခြေခံစားသုံးကုန်များ ကုန်ဈေးနှုန်းမြင့်မားနေမှုသည် သဘာဝမကျကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ   ဒေသခံပြည်သူများ    စားရေးဖူလုံမှုရှိစေရန် လုပ်ဆောင်လျက်ရှိကြသည့် အစိုးရပိုင်၊ တပ်မတော် ပိုင်၊ ပုဂ္ဂလိကပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ  ကို လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တိုင်းဒေသကြီးနှင့်     ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများအား ကြည့်ရှုအားပေးစေခဲ့ခြင်းဖြစ်ပြီး  စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများကို အရှိန် အဟုန်မပြက်ဆက်လက်လုပ်ဆောင်နိုင်ရေး လိုအပ် သည်များ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


ကိုယ်ချင်းစာတရားထား


ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆေးပစ္စည်း များ၊ အခြေခံအိမ်သုံးဆေး ပစ္စည်းများနှင့်ပတ်သက်၍  မည်သည့်ကန့်သတ်ချက်မျှမထားရှိဘဲ တင်သွင်းခွင့်  ပေးထားပြီးဖြစ်သဖြင့် သက်သာသော ဈေးနှုန်းများ ဖြင့်သာ  ရောင်းချပေးစေလိုကြောင်း၊  ရန်ကုန်နှင့် အချို့မြို့ကြီးများမှတစ်ဆင့်  ရပ်ဝေးဒေသများသို့ ဖြန့်ချိခြင်းများ         လုပ်ဆောင်ရခြင်းဖြစ်သဖြင့် တိုက်ရိုက်မရောက်ရှိဘဲ  တစ်ဆင့်ခံ ရောက်ရှိသုံးစွဲ ရသူများအတွက်ပါ ထည့်သွင်းစဉ်းစား၍ ဈေးနှုန်း သက်သက်သာသာနှင့်      ဝယ်ယူသုံးစွဲနိုင်အောင် ကိုယ်ချင်းစာတရားထား၍ လုပ်ဆောင်ပေးကြစေ လိုကြောင်း၊ ထို့ပြင် ဆေးဝါးများ expired မဖြစ် စေရေးနှင့်    လိုအပ်နေသူများထံသို့   အချိန်မီ ရောက်ရှိစေရေး လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ အောက်ဆီဂျင်နှင့်ပတ်သက်၍  အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း အစိုးရ၊ တပ်မတော်၊ အခြား လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များ၊ ကုမ္ပဏီ များနှင့် လူတစ်ဦးချင်းမှအစပြု၍ ဝိုင်းဝန်းကူညီမှု များဖြင့်  တက်ညီလက်ညီ  ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လက်ရှိအချိန်တွင် အောက်ဆီဂျင် လိုအပ် ချက်များကို  ဖြည့်ဆည်းပေးနိုင်ပြီဖြစ်ပြီး  အလုံ အလောက်ရရှိနိုင်အောင် လုပ်ဆောင်ပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက် ကင်းသွားမည့် ရောဂါမဟုတ်ဘဲ ဗီဇပြောင်းရောဂါပိုး များ ဆက်တိုက်ပေါ်ထွက်လျက်ရှိသဖြင့် Oxygen Plant များကို ဆက်လက်တည်ဆောက်၍လည်း  ကြိုတင်ကာကွယ်   ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျသွားသည် ဆိုပြီး ပေါ့ဆစွာ မလုပ်ဆောင်ကြစေလိုကြောင်း၊ လူ့အသက်များစွာဖြင့် ရင်းပြီးရခဲ့သည့် သင်ခန်းစာ များ၊ အတွေ့အကြုံများဖြစ်သဖြင့် မေ့လျော့မသွား ကြစေလိုဘဲ   ရောဂါကာကွယ်ထိန်းချုပ်ကုသရေး နှင့်ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင် ပြင်ဆင်ထားကြရန်       လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။


ကိုဗစ်နဲ့ပတ်သက်ပြီး အချက် ၅ ချက်


ထို့နောက်          ကိုဗစ်ရောဂါနှင့်ပတ်သက်၍ လုပ်ဆောင်ပေးရမည့်အခြေအနေများနှင့်စပ်လျဉ်း ၍ ဆက်လက်ပြောကြားရာတွင် “ကိုဗစ်နဲ့ပတ်သက် ပြီးတော့ အချက် ၅ ချက် ကျွန်တော်ပြောလိုပါတယ်။ နံပတ်(၁) အချက်ကတော့ ဒီရောဂါသည် စောစောက  ကျွန်တော်ပြောသလိုပဲ ဘယ်လိုမှ အရှင်းပျောက် မယ့် အခြေအနေမဟုတ်ဘူး၊ အရှင်းပျောက်မယ့် အခြေအနေ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော် တို့က ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့ လိုတယ်။ ဥပမာအားဖြင့် - ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုစရိုက်တွေ၊  လူနေမှုစနစ်တွေ  ဒါတွေကို ကျွန်တော်တို့က လုပ်ပေးဖို့လိုတယ်။ ဒါကျတော့ လည်း လူတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ နောက် တစ်ခါ လူမှုအဆင့်အတန်းဆိုတာဟာလည်း ဝင်ငွေ တို့၊ ဘာတို့လည်း စကားပြောတယ်၊ စီးပွားရေး ကောင်းဖို့လည်းလိုတယ်။ နိုင်ငံတော်အစိုးရကလည်း  ဝင်ငွေကောင်းနေဖို့လိုတယ်၊ ပြည်သူကလည်း ဝင်ငွေ  ကောင်းနေဖို့ လိုတယ်။ အစိုးရကလည်း ဝင်ငွေရှိမှသာ အစိုးရတာဝန်ယူရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို၊ ဥပမာ-ပန်းဥယျာဉ်တွေ   ဖော်ထုတ်ပေးတာတို့၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပေးတာတို့၊ ဒါကျတော့   အစိုးရဝင်ငွေရှိမှ   လုပ်လို့ရတာတွေ ရှိတယ်။ ပတ်ဝန်းကျင်ကောင်းတွေပေါ့၊ တစ်ဦးချင်း ကျတော့လည်း သူတို့အိမ်တွေကို သန့်သန့်ရှင်းရှင်း  နဲ့ သပ်သပ်ရပ်ရပ်နဲ့ လေလုံမိုးလုံနဲ့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေမျိုး ပတ်ဝန်းကျင်ကောင်းတွေ ကျွန်တော် တို့ ဖန်တီးဖို့လိုပါတယ်။ နံပတ်(၁)အချက် အရေးကြီး ပါတယ်။                      

 

»»‌ စာမျက်နှာ ၃ မှ
ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမယ်။ ပြည်သူ ရော၊     အစိုးရရောလုပ်ရမယ့်   သဘောရှိတာပေါ့၊ ဒုတိယက   ဘာလဲဆိုတော့   ကိုယ်ခံစွမ်းအားတွေ ကောင်းအောင်၊ တစ်ဦးချင်းရဲ့ ကိုယ်ခံစွမ်းအားတွေ ကောင်းအောင်၊ ကျန်းမာကြံ့ခိုင်အောင် ကျွန်တော် တို့က လုပ်ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့က အားကစားတွေ  ဘာတွေအားပေးရမယ်။  လူတွေ ကိုယ်ခံစွမ်းအားကောင်းအောင်    ကျွန်တော်တို့က လုပ်ပေးရမယ်။  အဲဒါနဲ့  ဆက်စပ်တာက    ဘာလဲ ဆိုတော့  စားနပ်ရိက္ခာတွေ  ဖူလုံပေါများရေးပေါ့။ တတိယအချက်က ဖူလုံပေါများရေးပါ။  စားနေမှ လည်း သူက  အားရှိမှာ။  အားရှိမှလည်း  ကိုယ်ခံ စွမ်းအားဆိုတာလည်း ရှိမှာ။ အားမရှိဘဲနဲ့  ကိုယ်ခံ စွမ်းအား ဘယ်လိုမှ ကောင်းစရာမရှိဘူး။  ကြံ့ခိုင်ဖို့ ဆိုတာကလည်း   လေ့ကျင့်မှပေါ့၊  လေ့ကျင့်မှသာ ကိုယ်ခံစွမ်းအား ဆိုတာကလည်း ကောင်းလာမှာပေါ့။ ဒီလိုဖြစ်အောင်    ကျွန်တော်တို့က   လုပ်ရမယ်။ အဲဒီတော့ ကျွန်တော်တို့က စားနိုင်အောင် လုပ်ပေး ရမယ်။ စားနိုင်အောင် လုပ်ပေးဆိုတော့ စောစောက ကျွန်တော်ပြောသလို ကျွန်တော်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးကို  အခြေခံတဲ့  တိုင်းပြည်တစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်တို့မှာ စားရေရိက္ခာမပေါစရာ  မပြည့်စုံစရာ   အကြောင်းမရှိဘူး။   ကျွန်တော်တို့ လုပ်ဖို့ပဲလိုတယ်။ ကျွန်တော်တို့က  စားရေရိက္ခာ ပေါများအောင် လုပ်ပေးနိုင်မယ်ဆိုရင်၊ ကျွန်တော်တို့       ပေါပေါများများစားရမယ်ဆိုရင် လူတွေရဲ့ ကျန်းမာ ရေးမှာ  များစွာအထောက်အကူ   ရလာလိမ့်မယ်။ ဒါကိုမှ တစ်ခါ ပတ်ဝန်းကျင်ကောင်းနဲ့ ပေါင်းစပ် ပြီးတော့ လုပ်မယ်ဆိုရင်၊  နောက်ကျန်းမာကြံ့ခိုင်ရေး နဲ့ပတ်သက်ပြီးတော့    ဆောင်ရွက်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ကာကွယ် ရေးမှာတော့    များစွာအကျိုးရှိမယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလိုတယ်။  နောက်တစ်ခု  အဲ့ဒီလို လုပ်နိုင်ဖို့ဆိုတာက တစ်ဖက်ကလည်း  ကာကွယ် ကုသဆေးတွေလည်း      ပြည့်စုံအောင်   ဆောင်ရွက် ပေးဖို့လိုပါတယ်။ ကာကွယ်ဆေးရယ်၊  ကုသဆေး ရယ်၊ ဒါ အနာဂတ်မှာ မလုပ်လို့မရပါဘူး၊  အနာဂတ်မှာ  ကာကွယ်ဆေးရော၊  ကုသဆေးရော ကျွန်တော်တို့  ထုတ်ကို  ထုတ်ရမယ်၊  ဒါ ပြည်တွင်းမှာ ကျွန်တော်တို့ မလုပ်လို့မရဘူး၊   လူသန်းပေါင်း   ၅၀    ကျော် လောက်ဟာကို   တစ်ချိန်လုံး  နိုင်ငံခြားက  ဝယ်ဖို့ ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲဒီတော့   ကျွန်တော်တို့ဆီမှာ   ထုတ်လို့ရအောင် ကျွန်တော်တို့ ကြိုးစားရမယ်။ ကာကွယ်ဆေးရော၊  ကုသဆေးရော ကျွန်တော်တို့ ရအောင်လုပ်ကြမယ်။ နောက်တစ်ခုက  ဘာလဲဆိုရင်  အဲဒီထဲမှာ   လူပြောများနေတာက  တိုင်းရင်းဆေးပါ။   တိုင်းရင်းဆေးကလည်း    အခု ကျန်းမာရေးဝန်ကြီးဌာနရယ်၊      နောက်တစ်ခါ    ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့  ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံးက   ဆေးသုတေသန တပ်တွေရယ် ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ဒါတွေ  သုတေသနလုပ်နေတာရှိတယ်။  တိုင်းရင်းဆေးဦးစီး ဌာနရောပေါ့၊ အဓိက ကတော့ တိုင်းရင်းဆေးကနေ  ဦးစီးပြီး လုပ်ကြတာပေါ့၊ ဒါကို  ခေတ်သစ်နည်းပညာ တွေနဲ့ပေါင်းစပ်ပြီးတော့     တိုင်းရင်းဆေးတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုတယ်။ ပြည်နယ်တွေ မှာလည်း တိုင်းရင်းဆေးပညာရှင်တွေ ရှိပါတယ်။  ဆေးအကျော်အမော်တွေရှိကြတယ်။  ကရင်ပြည်နယ် မှာရှိတယ်။ ကချင်ပြည်နယ်မှာ ရှိတယ်။ ရှမ်းပြည်နယ် မှာရှိတယ်။   ပြည်နယ်တွေမှာလည်း  ကျွန်တော်တို့  မပြောနိုင်တဲ့၊ မသိတဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ပညာရှင်တွေရှိမှာပါ။ သူတို့နဲ့  ခေါ်ယူတွေ့ဆုံဆွေးနွေး ပြီးတော့မှ  လက်တွေ့ကျတဲ့ဟာပေါ့၊   ကျွန်တော်တို့ မှာတော့  တစ်ဖုံထည့်မယ်တို့၊   နှစ်ဖုံထည့်မယ်တို့၊ သေချာသိပ္ပံနည်းကျပေါ့၊ သူ့ရဲ့ စကေးအတိအကျ နဲ့၊  တကယ့်ကို   နည်းစနစ်ကျကျနဲ့  ဖော်ထုတ် ပြီးတော့မှ  ဆောင်ရွက်မယ်ဆိုရင်  ကျွန်တော်တို့ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့     ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်းဆေးအပါအဝင် ကာကွယ်ဆေး၊ ကုသဆေးများကိုလည်း  ပြည့်စုံအောင်   ရေရှည် အတွက် ကြည့်ပြီး ဆောင်ရွက်ပေးကြဖို့ ကျွန်တော် ပြောလိုပါတယ်။ နောက် နံပါတ် ၅ အချက်ပေါ့၊ အဲဒါ  ဘာလဲဆိုတော့ ပြည်သူတွေကို ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးဖို့ပဲ၊ ဝင်ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ အမြဲတမ်း၊ ထာဝရ ဝင်ငွေရနေရမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ     အရင်အစိုးရတွေ   လက်ထက် ကတည်းက ပြောတယ်။ ဆင်းရဲမှုနှုန်းလျှော့ချရေးဆိုပြီးတော့  လုပ်နေတာရှိတယ်။   ရာနှုန်းပြည့် မအောင်မြင်သေးပါဘူး၊   ခုထက်ထိ   မအောင်မြင် သေးဘူး၊ အခု   ကိုဗစ်ဖြစ်တော့  ပိုဆိုးလာတယ်။ ပိုပြီးတော့ ဆင်းရဲမှုတွေ ပိုများလာတယ်။ အဲဒီတော့  ပြည်သူတွေရအောင် ဆောင်ရွက်ပေးရမယ်။ ဝင်ငွေ ရဖို့ နည်းလမ်းကတော့ ဘာလဲဆိုတော့ စောစောက ပြောတဲ့ ရေခံမြေခံရှိပြီးသား စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကနေပြီးတော့   ဝင်ငွေရအောင်ရှာဖို့ပဲ၊ အဲဒီတော့ ပြည်နယ်နဲ့တိုင်းအစိုးရများက ဦးဆောင် ပြီးတော့မှ ထိထိမိမိဆောင်ရွက်ပေးပါလို့ ပြောချင် ပါတယ်”ဟု ပြောကြားသည်။
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊  ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်  တက်ရောက်လာကြ သူများက      ကမ္ဘာ့နိုင်ငံများ၊  အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံတို့အတွင်း  ကူးစက်ပြန့်ပွားမှုနှင့် ကူးစက် ပြန့်ပွားမှုလျော့ကျလာသည့် အခြေအနေ၊ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများ   ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊    ရောဂါဖြစ်ပွား လာမှ ကုသခြင်းထက် မဖြစ်ပွားမီ ကြိုတင်ကာကွယ် ရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊   ကူးစက်ပြန့်ပွားမှုကျဆင်းလာသည် နှင့်အညီ     ဖြေလျှော့မှုများ   ဆောင်ရွက်ရာတွင် ကြပ်မတ်ဆောင်ရွက်ရန်  လိုအပ်သည့်အခြေအနေ၊ စင်တာများအလိုက် ပြုစုကုသမှု  ဆောင်ရွက်ပေးနေ သည့်အခြေအနေ၊    ပြည်ပမှ   ပြန်လည်ဝင်ရောက် လာသည့် နိုင်ငံသားများအား ရောဂါစစ်ဆေးခြင်းနှင့်  ကူးစက်မှုထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊     နိုင်ငံတကာမှ   မှာယူထားသည့် ကာကွယ်ဆေးများရောက်ရှိမှု၊ ထိုးနှံရေးဆောင်ရွက် နေမှု၊ ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ဆက်လက်ထိုးနှံရေး    ဆောင်ရွက်သွားမည့်    အခြေ အနေ။
ထိန်းချုပ်ဆောင်ရွက်လျက်ရှိ
တိုင်းဒေသကြီးနှင့်    ပြည်နယ်အသီးသီးသို့ ကာကွယ်ဆေးများ ဖြန့်ခွဲပို့ဆောင်နေမှု၊ ရောက်ရှိမှု နှင့်    ဆေးထိုးနှံရေး   ဆောင်ရွက်နေမှုအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား       ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်နေမှုအခြေအနေ၊  အာဆီယံအပါအဝင် နိုင်ငံတကာမှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍  ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရေး  ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အောက်ဆီဂျင် လိုအပ်ချက်နှင့်ပတ်သက်၍ ပြည်ပမှ မှာယူတင်သွင်း နေမှု၊ ထပ်မံရောက်ရှိလာမည့်အခြေအနေ၊ ပြည်တွင်း ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ အောက်ဆီ ဂျင်ဝယ်ယူရောင်းချမှုများတွင်     မှောင်ခိုဈေးကွက် ဖြစ်ပေါ်မှု    မရှိစေရေးနှင့်    ဈေးနှုန်းကြီးမြင့်လာမှု မရှိစေရေး      ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
 ကုသရေးလုပ်ငန်းများတွင်   ပါဝင်လျက်ရှိသူ များကို  လေ့ကျင့်ဆောင်ရွက်ပေးနေမှု   အခြေအနေ၊ ကိုဗစ်ရောဂါနှင့် ဆက်စပ်ဆေးဝါးများ ဖြန့်ချိရေး ဆောင်ရွက်နေမှုအခြေအနေ၊  ဆေးဝါးများတင်သွင်း နိုင်ရေးအတွက် ဖြေလျှော့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည့်အခြေအနေ၊  ဆေးပစ္စည်းများ ဖွင့်လှစ်ရောင်းချမှု နှင့်ပတ်သက်၍       ကြပ်မတ်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်        အခြေအနေ၊ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့်  ပုဂ္ဂလိကပိုင်  ဆေးဝါးစက်ရုံ များမှ    နေ့စဉ်ဆေးဝါးထုတ်လုပ်မှု၊   နိုင်ငံအနှံ့သို့ ဖြန့်ဝေပေးနေမှုအခြေအနေ၊    ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့်    နိုင်ငံသားများအတွက်   Relief Flight များ ပြေးဆွဲ၍ နိုင်ငံသားများအား ပြန်လည်  ခေါ်ယူခဲ့မှု၊  ဆေးပစ္စည်းများ သယ်ဆောင်ခဲ့မှု  အခြေ အနေ၊   ပြည်တွင်းရေကြောင်း၊   လေကြောင်းနှင့် ရထားပို့ဆောင်ရေးခရီးစဉ်များ   ပြေးဆွဲလျက်ရှိသည့် အခြေအနေ။


ရှင်းလင်းတင်ပြ


တိုင်းရင်းဆေးမှတစ်ဆင့်    ကာကွယ်ဆေးနှင့် ကုသဆေးများထုတ်လုပ်နိုင်ရေး    တိုင်းရင်းဆေး သမားတော်များအဖွဲ့နှင့်     ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊  ကျန်းမာရေးဝန်ထမ်း   လိုအပ်လျက် ရှိသည့် ဒေသများတွင် ဝန်ထမ်းများခန့်အပ်ထားရှိမှု  အခြေအနေ၊   ပြည်သူလူထုအား   ရုပ်သံလိုင်းများ၊ သတင်းစာများ၊ မီဒီယာများမှတစ်ဆင့် ကျန်းမာရေး အသိပညာပေးအစီအစဉ်များကို  ထုတ်လွှင့်နေမှု၊ တိုင်းရင်းသားဘာသာများဖြင့်  ထုတ်လွှင့်ပေးနေမှု အခြေအနေ၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များ ကို  အချိန်နှင့်တစ်ပြေးညီ   ပြန်ကြားဆောင်ရွက်နေမှု အခြေအနေ၊ တပ်မတော်ဆေးရုံများတွင်  ကုသရေး ဆောင်ရွက်ပေးနေသည့်အခြေအနေနှင့်  အောက်ဆီ ဂျင်  ထုတ်လုပ်သုံးစွဲဖြန့်ဝေပေးနေမှု  အခြေအနေ၊ ကုသရေးစင်တာများတွင်         တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များဖြင့်      တာဝန်ပေးအပ်ထားမှု အခြေအနေများနှင့်ပတ်သက်၍      အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။


ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က  ဖြည့်စွက်မှာကြားရာတွင် ရောက်ရှိလာသည့် ဆေးဝါး များကို စဉ်ဆက်မပြတ် ဖြန့်ဝေ၍ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာထိုးနှံပေးသွားရန်     လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းဆေးမှ ကာကွယ်ဆေးနှင့် ကုသဆေးများထုတ်လုပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်        ဆေးတပ်ဖွဲ့တို့မှ စနစ်တကျ    သုတေသနပြု၍   ခိုင်မာတိကျစွာဖြင့် ထိထိရောက်ရောက်ထုတ်လုပ်နိုင်ရေး      ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့်       မိမိတို့နိုင်ငံသား များအား                          

 

 


ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျစိစစ်၍  ရောဂါ ကူးစက်ခံရသူများအား ဆေးဝါးကုသမှုများကို ထိထိ ရောက်ရောက်ဆောင်ရွက်ပေးရန်     လိုအပ်ကြောင်း၊  ကူးစက်ခံရမှုမရှိသူများကိုလည်း     လိုအပ်သည့်  စောင့်ကြည့်မှုများပြီးစီးပါက  သက်ဆိုင်ရာ  နေရပ် အသီးသီးသို့ ပြန်လည်စေလွှတ်ပေးနိုင်ရေး တိုင်းဒေသ ကြီနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့များက ကူညီ ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။


မြန်မြန်ဖြန့်၊ မြန်မြန်သုံး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး နှင့်ပတ်သက်၍ “ကာကွယ်ဆေးနဲ့ပတ်သက်လို့ရှိရင်  မြန်မြန်ဖြန့်ဖို့လိုတယ်၊ ရောက်တဲ့ကာကွယ်ဆေးတွေ မြန်မြန်ဖြန့်၊  ရောက်တာက ပြည်ပကလာတဲ့အခါကျ မန္တလေးနဲ့ရန်ကုန်က၊ အဓိကကတော့ ရန်ကုန်ပေါ့၊  ရန်ကုန်ကနေပြီးတော့  နောက်တစ်ခါမန္တလေးပေါ့၊ ဒါကတော့ ရှိတာပေါ့။ သို့သော် အဲဒီကနေပြီးတော့  သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို မြန်မြန်ဖြန့်ဖို့ လိုတယ်။   အဲဒီတော့   တစ်ရက်စောပြီး ရောက်ရင် တစ်ရက်ကြိုထိုးနိုင်လို့ရှိရင် တစ်ရက်ပိုပြီး ကာကွယ်မှုပိုလုပ်နိုင်တာပေါ့။ စောစောပိုလုပ်နိုင်တယ်။ ဒါကာကွယ်ဆေးနဲ့     ပတ်သက်တာပေါ့။   ဒီလိုပဲ ထုတ်ကုန်ပစ္စည်းတွေ၊ ကျွန်တော် အဖွင့်မှာပြောလိုက် တဲ့  ဒေသမှာရှိတဲ့  ကုန်ထုတ်လုပ်မှုက  ထွက်နေတဲ့ စားကုန်၊ သောက်ကုန် ပစ္စည်းတွေရှိတယ်၊  ဒါတွေ ကိုလည်း     မြန်မြန်ဖြန့်နိုင်ဖို့လိုတယ်၊     ထိထိ ရောက်ရောက် ဖြန့်နိုင်ဖို့လိုတယ်။  ဥပမာအားဖြင့်- ရှမ်းပြည်နယ်မှာ မနှစ်ကဖြစ်ခဲ့ဖူးတယ်၊  ကျွန်တော်တို့  ခရမ်းချဉ်သီးတွေ၊ ကြက်သွန်ဖြူတွေ၊ နောက်တစ်ခါ ဂေါ်ဖီတွေ၊ ဟင်းသီးဟင်းရွက်တွေ  အဲဒီလိုပဲဖြစ်လို့ ဆိုပြီးတော့   ကျွန်တော်တို့     ပြည်နယ်အစိုးရနဲ့   စစ်တိုင်းစစ်ဌာနချုပ်နဲ့ပေါင်းပြီးတော့မှ  သမဝါယမ  ဒီလိုနဲ့ လုပ်ကြတာရှိတယ်၊  အမြန်ဆုံးဖြန့်ကြပြုကြ ပေါ့၊ ပုဂ္ဂလိကတွေကလဲဒီလိုပဲ   ဝိုင်းကူကြနဲ့ ဒီလို ဖြစ်ကြတာရှိတယ်၊  ဆိုလိုတာကတော့  လက်ဝယ် ပုံမနေဖို့လိုတယ်။ ငွေမြန်မြန် ပြန်ပေါ်လာဖို့လိုတယ်၊ အလုပ်ဖြစ်ဖို့လိုတယ်၊  အဲဒါနံပါတ်တစ်အချက်ပေါ့၊  နံပါတ်နှစ် မြန်မြန်သုံးဖို့ပေါ့၊  ဆေးတွေရောက်လာ တယ်၊    ကာကွယ်ဆေးတွေ   ခင်ဗျားတို့လက်ထဲ ရောက်လာတယ်၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေ ရောက်ကြမယ်၊ ရောက်မယ်ဆိုရင် ဒီဆေးတွေ  မြန်မြန်ထိုးနိုင်ဖို့လိုတယ်၊ စောစောက   ကျွန်တော် ပြောသလို  တစ်ရက်စောရောက်ပြီးတော့  တစ်ရက် စောပြီးတော့  မြန်မြန်ထိုးနိုင်လေ   တစ်ရက်ကြိုပြီး   ကာကွယ်မှုပေးနိုင်တာ။

ရာနှုန်းပြည့် မဟုတ်တောင်မှ   ဘာပဲပြောပြော အထိုက်အလျောက်တော့  အကာ အကွယ်ဖြစ်မယ်။ ကာကွယ်ဆေးထိုးထားလို့ရှိရင်။ ဒါကတော့  မြန်မြန်ဖြန့်ဖို့ရယ်၊ မြန်မြန်သုံးဖို့ရယ်။ ဒီနှစ်ခုကတော့ ဒီကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့    ထိထိရောက်ရောက် လိုမယ်လို့ ပြောလိုပါတယ်”ဟု  ပြောကြားသည်။


ထို့နောက်    မိမိတို့အဖွဲ့သည်   အမြင့်ဆုံးအဖွဲ့ အစည်းဖြစ်ပြီး လုပ်ငန်းများအား ချက်ချင်းဆောင်ရွက် နိုင်ရန်အတွက်  အဆုံးအဖြတ်ပေးသည့်   အဖွဲ့ဖြစ် ကြောင်း၊ ကာကွယ်ဆေးထိုးရန်   ရာခိုင်နှုန်းအများဆုံး ကျန်ရှိသည့်  ပြည်နယ်နှင့်  တိုင်းဒေသကြီးများတွင် ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ လက်ဝယ်ကျန်ရှိနေသည့် ကာကွယ် ဆေးများအား       အမြန်ဆုံးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ   ပြည်နယ်နှင့်   တိုင်းဒေသကြီးအလိုက်  စီမံဆောင်ရွက်ရန်လိုပြီး     လိုအပ်ချက်များအား သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့     အချိန်နှင့်တစ်ပြေးညီ    တင်ပြ၍ ဆောင်ရွက်သွားရန်လိုကြောင်း၊    ကာကွယ်၊   ကုသ၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့်ဆေးဝါးများ အား    ရောင်းချကြရာတွင်   အချို့ဆေးဆိုင်များမှာ  အခက်အခဲအချို့ကြောင့်      ဆိုင်များပိတ်ထားခြင်း ဖြစ်သော်လည်း    အချို့သော   ဆေးဆိုင်များနှင့်    ဆေးဒိုင်များသည်  ပြည်သူများ အရေးတကြီးလိုအပ် ချိန်များတွင် မသမာသော ရည်ရွယ်ချက်များ၊  မတော် လောဘများဖြင့်  ဆေးဝါးများနှင့်  အောက်ဆီဂျင်များ အား  အဆမတန်ဈေးများတင်၍    ရောင်းချနေခြင်းများ ရှိကြောင်း၊       ထိုသို့    ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက်   စိစစ်၍ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်သွားရန် လိုကြောင်း။


အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG နှင့် PDF အဖွဲ့များအနေဖြင့် ကာကွယ်ဆေးထိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အနှောင့်အယှက် ပေးနေသည့်ဖြစ်စဉ်များရှိကြောင်း၊ နိုင်ငံ၏ လုံခြုံရေး အရ   စနစ်တကျ   ထိန်းချုပ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ၏  အမျိုးသားရေးကို   ထိခိုက်စေမှု ကြောင့်   ဆေးဝါးများနှင့်ပတ်သက်၍  စနစ်တကျ ထိထိရောက်ရောက်   ကိုင်တွယ်ဆောင်ရွက်ရန်လို ကြောင်း၊ ကာကွယ်ကုသဆေးများအား ပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့်    ဝယ်ယူအသုံးပြုနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများမှ စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။


အားပေးဆောင်ရွက်နေရန်လို


ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့်    ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ      ပြတ်တောက်မှုမရှိစေရေး အားပေးဆောင်ရွက်နေရန်လိုကြောင်း၊ ကုန်ဈေးနှုန်း များ ကြီးမြင့်ခြင်းတွင်  Supply နှင့် Demand မျှတမှု မရှိပါက ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် ယေဘုယျ အားဖြင့် မှန်ကန်မှုရှိကြောင်း၊ လက်တွေ့ဆောင်ရွက် နေရသူများမှာ    ပိုအရေးကြီးကြောင်း၊ ထို့ကြောင့် Supply နှင့် Demand မျှတအောင်ဆောင်ရွက်နေရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက် နေရန်လိုကြောင်း၊ “အူမတောင့်မှ သီလစောင့်မည်” ဆိုသည့်အတိုင်း      အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက် ပေးရန်လိုအပ်မှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာများဖူလုံအောင် ပြုလုပ်၍ ပြည်သူများ အလုပ်အကိုင်ရရှိပြီး ဝင်ငွေများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် အခြားကဏ္ဍများကိုလည်း အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။                

 

သတင်းစဉ်