လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

နမ့်စန်(တ)   ဩဂုတ်   ၈


ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်ခရိုင်  နမ့်စန် မြို့နယ်တွင် လွိုင်လင်ခရိုင်အတွင်းရှိ မသန်စွမ်းသူများ အတွက်   ထောက်ပံ့ငွေနှင့်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေးပစ္စည်းများ         ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင်     ကျင်းပရာ    ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာကျော်ထွန်း  တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


 ထို့နောက်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ   လွိုင်လင်  ခရိုင်အတွင်းရှိ မသန်စွမ်းသူများအတွက်  ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေကျပ် ၂၄၆  ဒသမ ၆   သိန်းနှင့် လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့်  ကြက်ဥအလုံး ၃၈၀၀ ကျော်ကို ပြည်နယ်ဝန်ကြီးချုပ်     ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံစောလှိုင်က လက်ခံရယူသည်။


လက်ခံရယူ


ဆက်လက်၍  ကိုဗစ်-၁၉  ရောဂါ   ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင်      အသုံးပြုနိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ  ကျပ်  ၁၀  သိန်းကို   ပေးအပ်ရာ   နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက လက်ခံရယူ သည်။


ထို့နောက်   ကိုဗစ်-၁၉  ရောဂါ    ကာကွယ်  ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ကျပ်  ၁၀ သိန်းစီကို   အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်မှူးချုပ်    လှမိုး၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး  ဦးစိုင်းလိတ်၊ အတွင်းရေးမှူး ဦးနေလင်း၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့က အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြပြီး  ကွန်ဟိန်း၊ လွိုင်လင်၊ လဲချား၊ ကျေးသီး၊ မိုင်းရှူးနှင့် မိုင်းကိုင်မြို့နယ်တို့မှ  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြသည်။


ထို့နောက်      ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  လုပ်ငန်းသုံးပစ္စည်း    ခြောက်မျိုး   (နှာခေါင်းစည်း၊    တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ၊      Apron၊ မျက်နှာအကာ၊   လက်သန့်ဆေးရည်၊   Hat) ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ် ဦးစိုင်းကျော်စံ က လည်းကောင်း ၊ လက်ကိုင်အသံချဲ့စက်  ၁၅ ခု ၊ လက်အိတ်  အခု ၁၀၀၀ နှင့် လက်သန့်ဆေးရည်ဘူး ၁၀၀   တို့ကို    ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲ ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးတို့ကလည်းကောင်း ပေးအပ်ရာ  လွိုင်လင်ခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကံစောလှိုင်က   လက်ခံရယူခဲ့ကြောင်း   သိရသည်။                            

 

  မြို့နယ်(ပြန်/ဆက်)