
မြစ်ကြီးနား သြဂုတ် ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့ အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကက်သလစ်အသင်း တော်ပိုင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများပြုစု စောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထောက်ပံ့ငွေများပေးအပ်
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား မြို့ အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန် ကသီဒြယ် ကက်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ လူနာများအား ပြုစုစောင့်ရှောက်ပေးနေမှုလုပ်ငန်းများ၊ လိုအပ်ချက် များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အသင်း တော်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် စေတနာ့ဝန်ထမ်း များ လူမှုရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေ များကို ပေးအပ်သည်။
ထို့နောက် ဒူကထောင်ရပ်ကွက်ရှိ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကလေးသူငယ်ဖွံ့ဖြိုးရေး ဂေဟာအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြုစုစောင့်ရှောက် ရေးစခန်းအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စေတနာ့ဝန်ထမ်းလူငယ်များဖြင့် စုဖွဲ့ဆောင်ရွက် ထားရှိမှုများကို အသင်းတော်တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က တစ်ကိုယ်ရေ သုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်းရှိ စိန့်ပက် ထရစ်အသင်းတော်ပိုင်ကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ပြုစုစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းထိုင်ဘုန်းတော်ကြီးဒေါက်တာပီတာခါးအောင်တူးထံ တစ်ကိုယ် ရေသုံးကာကွယ်ရေးဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ သီးသန့် ထားစောင့်ကြည့်ကုသပေးလျက်ရှိသည့် ဖုန်ဂန်ရာဇီ အမျိုးသားဆောင်နှင့် ဆဒုံးဘွမ်အမျိုးသမီးလူနာ ဆောင်များတွင် လူနာများအား အားပေးစကား ပြောကြားပြီး စေတနာ့ဝန်ထမ်းများအတွက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက် ပေးကာ ထောက်ပံ့ငွေများကို ပေးအပ်သည်။
ပြည်နယ်(ပြန်/ဆက်)