
လွိုင်ကော် ဩဂုတ် ၈
ကယားပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၃၉၄ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၈ ရက် နံနက် ၉ နာရီက လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြ သည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို အားပေးသည့်အနေ ဖြင့် ယခုကဲ့သို့ ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း ပြည်နယ် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ/ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေး ၊ ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေး တို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး တာဝန်ထမ်းဆောင် နေကြသော ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း ၁၅၀၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၁၁၂ ဦး၊ ပုံမှန်တာဝန်များကို ဆောင်ရွက်ပေးသော ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနတို့မှ ဝန်ထမ်း ၁၃၂ ဦး စုစုပေါင်းကျန်းမာရေးဝန်ထမ်း ၃၉၄ ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၃၂၈ သိန်းကို ပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးလွင်နှင့် လွိုင်ကော်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်တို့ထံ ပေးအပ် သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက် ရောက်လာကြသူများက လွိုင်ကော်ပြည်သူ့ဆေးရုံ ကြီးကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ နှစ်လုံးတည်ဆောက်ခြင်းနှင့် ဂိတ် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြား ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)