ဒေသတွင်းစိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်   ၈


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်    ဒေသ တွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏  စားသောက်ရေး ကို   အထောက်အကူဖြစ်စေရန် တိုင်းစစ်ဌာနချုပ်      နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်   ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ    ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်     ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာ များသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ     ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ   ဩဂုတ် ၇ ရက်က   ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊   အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် တာဝန်ရှိ သူများသည်     တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး   မွေးမြူရေးခြံရှိ နွားမွေးမြူရေးခြံ၊     အစာစပ် လုပ်ငန်း၊ ဥစားကြက်မွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူ ရေးခြံ၊     ခိုလမ်မြို့ရှိ    ပုဂ္ဂလိက မွေးမြူရေး    လုပ်ငန်းဖြစ်သော ဦးသောင်းဝေ ဥစားကြက်မွေးမြူ ရေးခြံနှင့် ငါးမွေးမြူရေး ကန်တို့ကို လည်းကောင်း၊    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာအောင် ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်     တိုင်းမှူး   ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ သည်   စိုက်ပျိုးရေးဦးစီးဌာန၏ စစ်တွေမျိုးသန့်ခြံမှ    ဆင်းသွယ် လတ်     မျိုးစေ့ထုတ်စိုက်ခင်း၊ ပေါ်ဆန်းရင်မျိုး စေ့ထုတ်စိုက်ခင်း၊ ဂန့်ဂေါကျွန်းကျေးရွာမှ ဆင်းသွယ် လတ်   မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပေါ်ဆန်းရင် မျိုးစေ့ထုတ်စိုက်ခင်း တို့ကို  လည်းကောင်း   အသီးသီး သွားရောက်ကြည့်ရှု၍ တာဝန်ရှိ သူများနှင့် တွေ့ဆုံပြီး ကုန်ထုတ် လုပ်မှုလုပ်ငန်းများ  ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး     လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်