ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် တိုင်းရင်းဆေးထုတ်လုပ်နိုင်ရေး လုပ်ဆောင်လျက်ရှိ ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထက်ဝက်ကျဆင်းအောင် လုပ်ဆောင်သွားမည်

နေပြည်တော်  ဩဂုတ်  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။                                                                                                        

 

 


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး  တင်အောင်စန်း၊   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊   မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng  Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်၊   အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး  အောင်လင်းဒွေး၊  တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦးတို့   တက်ရောက် ကြသည်။


တည်ငြိမ်မှုရှိလာပြီ


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  အဖွင့်အမှာစကား  ပြောကြားရာတွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်မားလျက်ရှိသော်လည်း မျက်ခြည်မပြတ် ဆောင်ရွက်နေသလို  နိုင်ငံလုံခြုံရေးနှင့်   နိုင်ငံရေး အခြေအနေအားလုံးအား စနစ်တကျစီမံဆောင်ရွက် လျက်ရှိကြောင်း၊ အချို့သော အကြမ်းဖက်တိုက်ခိုက်မှု  များမှအပ တည်ငြိမ်မှုရှိလာပြီဖြစ်ကြောင်း၊  အဆိုပါ အကြမ်းဖက်မှုများနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်  လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်းများ  ပူးပေါင်း ဆောင်ရွက်မှုကြောင့်    ယခုဩဂုတ်လမှစ၍    မရှိ သလောက်ဖြစ်လာပြီဖြစ်ကြောင်း။


လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် စီမံခန့်ခွဲမှုရေးတို့နှင့် ပတ်သက်၍   ရပ်ကျေးအဖွဲ့များ၊   မြို့နယ်၊   ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်  အုပ်ချုပ်ရေးအဖွဲ့အစည်းများ အဆင့်ဆင့်ရှိကြောင်း၊  တပ်မတော်တွင်လည်း  အလားတူပင်  အဆင့်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများစီမံခန့်ခွဲမှု  ဆောင်ရွက်ရာတွင်    အဆင့်များကို   ကျော်လွန်၍   တိုက်ရိုက်စီမံဆောင်ရွက်ခြင်းကြောင့် အုပ်ချုပ်ရေးနှင့်  စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့အစည်းများ၏  စွမ်းဆောင် ရည်များ ကျဆင်းလာနိုင်ကြောင်း၊  လုပ်ငန်းတာဝန် များ ထမ်းဆောင်ရာတွင်   အဆင့်ဆင့်  တာဝန်ယူဆောင်ရွက်ကြရန်လိုကြောင်း၊ လိုအပ်ချက်  တင်ပြ ဆောင်ရွက်နိုင်သလို      စီမံခန့်ခွဲနိုင်ခွင့်ပေးထား ကြောင်း၊ စီမံခန့်ခွဲရေးနယ်ပယ်တွင်   မိမိသဘော ဆန္ဒဖြင့် မူဝါဒနှင့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို  ကျော်လွန်ဆောင်ရွက်၍ မရသကဲ့သို့  ခွင့်ပြု၍လည်း မရကြောင်း၊     လုပ်ပိုင်ခွင့်အရဆောင်ရွက်သည့် ကိစ္စရပ်များကို   ခွင့်ပြုပေးထားကြောင်း၊  လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်  အောင်မြင်အောင်  ဆောင်ရွက်ရန်လိုကြောင်း၊  မိမိတို့အနေဖြင့်  ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်အား   အောင်မြင်အောင်   ဆောင်ရွက်ရန်လိုပြီး ယင်းသည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူဖြစ်ကြောင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့်  ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များအား ချမှတ်ထားခြင်းဖြစ်သဖြင့် ခိုင်ခိုင်မာမာဖြင့်  ဆက်လက်       ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာ  လျှောက်လှမ်း နိုင်ရေးသည် မိမိတို့၏  အဓိကရည်မှန်းချက်ဖြစ်ပြီး  အခိုင်အမာ အာမခံချက်ပေးထားကြောင်း။ 


လျော့ကျလာ


ကိုဗစ်-၁၉ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၌  ပထမ လှိုင်းနှင့်      ဒုတိယလှိုင်းတွင်   ထိခိုက်မှုနည်းပါး ခဲ့သော်လည်း     တတိယလှိုင်းတွင်   ဖြစ်ပွားမှုနှုန်း မြင့်တက်လာကြောင်း၊ ရောဂါကူးစက်မှုသည် ပြည်သူ  များ၏ သွားလာမှုနှင့် စည်းကမ်းလိုက်နာမှုအပေါ်တွင်  မူတည်သဖြင့် စာသင်ကျောင်းများ ယာယီပိတ်ခြင်း၊ သွားလာမှုကန့်သတ်ခြင်းများအား       တင်းကျပ် ဆောင်ရွက်ခဲ့ကြောင်း၊    မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ကူးစက်မှုနှုန်းမြင့်မားပြီး သေဆုံးမှုနှုန်းများ   မြင့်တက်လျက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊    ကူးစက်မှုနှုန်း   လျှော့ချနိုင်ရန်အတွက်  ရုံးပိတ်ရက်များ  သတ်မှတ်ပေးခဲ့ကြောင်း၊ တတိယ  လှိုင်း စတင်ဖြစ်ပွားသည့် ဇူလိုင်လဆန်းတွင် ကူးစက် မှုနှုန်းများမြန်ဆန်ခဲ့ပြီး         သေဆုံးမှုများလည်း   မြင့်တက်မှုများရှိခဲ့ကြောင်း၊     အသွားအလာများ ကန့်သတ်ခြင်းနှင့်   စည်းကမ်းထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ကူးစက်မှုနှင့်သေဆုံး  မှုများ တဖြည်းဖြည်း လျော့ကျလာကြောင်း၊ ထိုကဲ့သို့ ကျဆင်းလာခြင်းမှာ     ပြည်သူလူထု၏   ပူးပေါင်း ဆောင်ရွက်မှုများ         ကောင်းမွန်ခြင်းကြောင့် ဖြစ်ကြောင်း၊ အလားတူ လိုအပ်ချက်များဖြစ်သည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ကုသဆေးများ၊  အောက်ဆီဂျင်ရရှိရေးကိစ္စရပ်များအား  ဝန်ကြီးဌာန များ၊     ပုဂ္ဂလိကအဖွဲ့အစည်းများ၊   ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်တစ်ဦးမှအစ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် မှုကြောင့်  ကုသမှုအပိုင်းတွင်  ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။ 


ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍လည်း  အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းကသာမက တရုတ်နိုင်ငံ၊  ရုရှားနိုင်ငံနှင့်    အခြားနိုင်ငံများမှလည်း   ဝယ်ယူ၍ ပြည်သူများအား ထိုးနှံပေးနိုင်ရေး  ညှိနှိုင်းဆောင်ရွက် ခဲ့ပြီး ဆက်လက်ရရှိရေးကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကာကွယ်ဆေးများရရှိအောင် ဆောင်ရွက် ပေးသည့်    နိုင်ငံများနှင့်   လူပုဂ္ဂိုလ်များအားလည်း ကျေးဇူးတင်ရှိကြောင်း၊  ကိုဗစ်-၁၉  ရောဂါသည် ကာလတစ်ခုအထိ ဆက်လက်ဖြစ်ပွားနေနိုင်သဖြင့်  အမြဲမပြတ်သတိထား ဆောင်ရွက်နေရန်လိုကြောင်း၊ လူတစ်ဦးချင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည့်  လှုပ်ရှားသွားလာမှုများရှိရန်          လိုအပ်သည်ဟု ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက အသိပေး ထုတ်ပြန်ထားကြောင်း၊     အောက်ဆီဂျင်ရရှိရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ  အောက်ဆီဂျင်ထုတ်လုပ်၍   ရနိုင်သည့်  စက်ရုံများ အားလုံးမှ    အမြဲမပြတ်ထုတ်လုပ်၍    ပြည်သူများ လိုအပ်သည့်အချိန်တွင် အချိန်မီရရှိရေး ဆောင်ရွက် နေရန်လိုကြောင်း၊   အလားတူ  ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြည်သူများ စဉ်ဆက်မပြတ် ထိုးနှံနိုင်ရေး ဆောင်ရွက်နေရန်လိုပြီး       ကုသဆေးများလည်း အမြဲမပြတ်ရရှိရေး ပြည်ပမှတင်သွင်းနေရန် လိုအပ် သကဲ့သို့ ပြည်တွင်း၌လည်း  လုံလောက်စွာထုတ်လုပ် နိုင်ရေး ဆောင်ရွက်နေရန်လိုကြောင်း၊  ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊   ကုသ၊   ထိန်းချုပ်ရေးအတွက် တွေ့ဆုံ၊     ဆွေးနွေးမှုများ   အမြဲမပြတ်ပြုလုပ်၍ စဉ်ဆက်မပြတ်    စီမံဆောင်ရွက်ပေးလျက်ရှိပြီး  အဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း၊    Quarantine Center      များကိုလည်း   တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပြီး   ဆေးရုံများတွင်  လည်း ပြင်ဆင်မှုများ အမြဲမပြတ်ဆောင်ရွက်နေရန် လိုကြောင်း။


ပြန်လည်ခေါ်ယူရန်လို


ယခုကာလအတွင်း    အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင်    ရောက်ရှိနေကြသည့်  မိမိတို့ နိုင်ငံသားများအား ဖြစ်နိုင်သမျှပြန်လည်ခေါ်ယူရန် လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့  ရောက်ရှိနေသူ များကိုလည်း ပြန်လည်ခေါ်ယူခဲ့ရာ ဇူလိုင် ၂၅ ရက်မှ  ဩဂုတ် ၆ ရက်အထိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်များမှ ပြန်လည်ဝင်ရောက်လာသူ  ၆၂၀၉ ဦး  ပြန်လည်ဝင်ရောက်ခဲ့ပြီး  ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများကိုလည်း ဆေးရုံများတွင်   ကုသပေးထားကြောင်း၊  အလားတူ အခြားနိုင်ငံများသို့  ရောက်ရှိနေသူများအား ပြန်လည် ခေါ်ယူနိုင်ရေးအတွက်လည်း Relief Flight  များ  ပြေးဆွဲခွင့်များ   ခွင့်ပြုပေးထားကြောင်း၊ အနီးစပ်ဆုံး နိုင်ငံများမှ  အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေး  စီမံ ဆောင်ရွက်လျက်ရှိကြောင်း။


ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးတည် ချက်များတွင်လည်း ထည့်သွင်းထားကြောင်း၊ EAO  များနှင့် တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေး  သဘောတူစာချုပ်(NCA)     ပေါ်တွင်     အခြေခံ၍ ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံတော်၏    အရေးပေါ်အခြေအနေ   ကြေညာပြီး တာဝန်ပေးရာတွင်  တပ်မတော်ကို   တာဝန်ပေးအပ် ခံရခြင်းဖြစ်ကြောင်း၊ တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)  ကို  လက်မှတ်ရေးထိုးထားသည့်   အဖွဲ့အစည်းဖြစ် ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် EAO များက  အဆိုပြု သည့် ကိစ္စရပ်များကို အခြေခံ၍  ညှိနှိုင်းဆောင်ရွက် ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊  တပ်မတော် အနေဖြင့် NCA လမ်းကြောင်းပေါ်တွင်  ရပ်တည်၍  ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင်     ဆက်လက် လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်  အဖွဲ့အစည်းများမှအပ    မည်သည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြင့်မဆို တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊      နိုင်ငံငြိမ်းချမ်းရေးရမှ    တည်ငြိမ်အေးချမ်းမှုဖြစ်ပေါ်ပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  သို့မှသာ  ပြည်သူများ၏ဆန္ဒဖြစ်သည့်       ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာဖြင့် လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်  များရှိသည့်   ဒေသများအတွက်လည်း   ကိုဗစ်-၁၉ ကာကွယ်၊  ကုသ၊   ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်       အဖွဲ့များအနေဖြင့် လည်း    ငြိမ်းချမ်းရေး   အမှန်တကယ်လိုချင်ပါက ငြိမ်းချမ်းရေးကို အခြေခံသည့် အပြုအမူ၊ အပြောဆို၊ အလုပ်အကိုင်များ    ရှိရန်လိုကြောင်း၊   NCA    တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်      အဖွဲ့များ အနေဖြင့်လည်း NCA  ပါ အချက်များအား  ထိန်းသိမ်း   ဆောင်ရွက်မည်ဆိုပါက   ငြိမ်းချမ်းရေးအပေါ်တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊    ဒီမိုကရေစီအပေါ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်မှတ် ထိုးခြင်း   မထိုးခြင်းထက်   ပူးပေါင်းဆောင်ရွက်မှု၊  လိုက်နာဆောင်ရွက်မှု     အပြည့်ရှိရန်လိုကြောင်း၊ ဆက်လက်၍  တရားဝင်လက်မှတ်ရေးထိုးပြီး   ဒီမို ကရေစီစနစ် မှန်မှန်ကန်ကန်  အကောင်အထည်ဖော် ဆောင်ရွက်ရေးသည် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံ အတွင်း    ဒီမိုကရေစီသည်   တစ်ပြေးညီဖြစ်ရန် လိုကြောင်း၊    မတူညီမှုများရှိပါက    နိုင်ငံရေးအရ ငြိမ်းချမ်းရေး၊    လုံခြုံရေးအရ   ငြိမ်းချမ်းရေးများ ရရှိမည်မဟုတ်သဖြင့် တူညီမှုများရှိအောင်  ကြိုးစား ဆောင်ရွက်ရန် လိုကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကွာဟမှုများ၊  ကျေးလက်၊   မြို့ပြ ကွာဟမှုများကို   တတ်နိုင်သမျှ    လျှော့ချနိုင်ရန် လိုကြောင်း၊ ငြိမ်းချမ်းရေးတွင် ပါးစပ်ကပြောနေ၍ မရဘဲ     လက်တွေ့လိုက်ပါ        လုပ်ဆောင်ရန်နှင့် ကတိကဝတ်များ  တည်ရန်လိုကြောင်း၊   ကိုယ်တိုင် လည်း ကြိုးစားအားထုတ်ရန်လိုကြောင်း။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေး အရ   ထိခိုက်မှုများရှိသဖြင့်     ရှေ့လုပ်ငန်းစဉ်တွင် ကိုဗစ်-၁၉    ကပ်ရောဂါကြောင့်    ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်း များဖြင့်   အမြန်ဆုံးကုစားသွားမည်ဟု   ထည့်သွင်း ထားကြောင်း၊   စားရေးသည်     အရေးကြီးသဖြင့် မဖြစ်မနေဆောင်ရွက်ရမည့်  လုပ်ငန်းဖြစ်ကြောင်း၊  နိုင်ငံတွင်း   စားရေရိက္ခာပေါများရန်၊   ပြည်သူများ ဝင်ငွေရှိနေရန်လိုကြောင်း၊    


ဝင်ငွေရှိမှသာ စားရေး၊ ဝတ်ရေး၊ နေရေးများကို ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်း များတွင်    မှန်မှန်ကန်ကန်ဖြင့်    ဆောင်ရွက်ခြင်းမရှိဘဲ     မသမာသည့်နည်းဖြင့်  ဆောင်ရွက်မှုများသည်   ဥပဒေ အား    ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊       နိုင်ငံတော်၏  သယံဇာတပစ္စည်းများအား    ခိုးထုတ်ရောင်းချခြင်း၊ ကျွဲ၊ နွားမှောင်ခိုများ    ဆောင်ရွက်ခြင်းနှင့်     ပြည်ပမှ   မှောင်ခိုပစ္စည်းများ  တင်သွင်းခြင်းသည်  နိုင်ငံအတွက် နစ်နာမှုပင်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး တိုးတက်ရေး  အတွက်     သမ္မာအာဇီဝနည်းဖြစ်သည့်    ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို  အားပေးခြင်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  ရောင်းကုန်ပစ္စည်းများ  အချိန်နှင့် တစ်ပြေးညီ   တင်ပို့ရောင်းချနိုင်ရန်အတွက်     ဈေးကွက် လိုအပ်ချက်ရှိသည့်ပစ္စည်း၊   အရည်အသွေးပြည့်မီသည့် ပစ္စည်းဖြစ်ရန်လိုကြောင်း၊  ပြည်တွင်းစီးပွားရေးလုပ်ငန်း များ  ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည် များ  နိုင်ငံတော်မှ   ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။


ခွင့်ပြုပေးထား


ဘဏ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလအတွင်း  အခက်အခဲများမရှိခဲ့သော်လည်း   နောက်ပိုင်းတွင် ငွေကြေးများထုတ်ယူမှုများပြားပြီး  ပြန်သွင်းမှုမရှိခဲ့ ကြောင်း၊ နိုင်ငံစီးပွားရေးအတွက်  ဘဏ်လုပ်ငန်းစနစ် ပြိုလဲမသွားအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ အချို့နိုင်ငံများတွင်  E  banking စနစ်၊  ကတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း      မိမိတို့နိုင်ငံတွင်  ငွေစက္ကူစနစ်ကို       အဓိကထားဆောင်ရွက်နေကြ ကြောင်း၊ CDM ပြုလုပ်မှုများကြောင့် ဘဏ်ဝန်ထမ်း အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း၊    ဇူလိုင်လအတွင်း အထိုက်အလျောက်     ပြန်လည်တည်ငြိမ်လာပြီဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍  ငွေကြေးထုတ်ယူမှု များအား ခွင့်ပြုပေးထားကြောင်း။


၂၀၂၀ ပြည့်နှစ်    အထွေထွေရွေးကောက်ပွဲ  မဲစာရင်းများ ပြန်လည်စိစစ်ခဲ့မှုနှင့်ပတ်သက်၍   တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက်  သေချာစွာစိစစ် ရန်  အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင် အား   တာဝန်ပေးအပ်ခဲ့ကြောင်း၊   ဇူလိုင် ၂၆ ရက်တွင်   အပြီးသတ်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ပြည်နယ် နှင့်တိုင်းအလိုက် လူဦးရေအရ၊ မဲစာရင်းအရ၊ မဲလက် မှတ် အရ   ကွာခြားမှုများကို စိစစ်ခဲ့ကြောင်း၊ ထောင်ဂဏန်း မှ သောင်းဂဏန်းအထိ  ကြီးမားသည့်  မဲစာရင်းအရ မှားယွင်းမှု၊ မဲလက်မှတ်အရမှားယွင်းမှုများ   ဖြစ်ပေါ်ခဲ့ သည့်     ရွေးကောက်ပွဲသည်    တရားမျှတသည့်    ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊     အထွေထွေ ရွေးကောက်ပွဲသည်         သမ္မတရွေးချယ်သည့်    ရွေးကောက်ခံကိုယ်စားလှယ်များဖြစ်ပြီး     သမ္မတက   အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများစသည်ဖြင့်  အတည်ပြုခန့်အပ်ရခြင်း ဖြစ်ကြောင်း၊    အုပ်ချုပ်ရေး၊    တရားစီရင်ရေးနှင့်  ဥပဒေပြုရေးတို့ကို ဆောင်ရွက် ရသူများဖြစ်သဖြင့်    မဲစာရင်းမှားယွင်းမှုများဖြင့်  ရွေးချယ်ခံရခြင်းသည်  တရားမျှတမှုမရှိကြောင်း၊     မဲစာရင်းစိစစ်တွေ့ရှိမှုများအား     ရှင်းလင်းပေးရန် အတွက်   ပြောကြားခဲ့သော်လည်း       ရှင်းလင်းပေးမှု မရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့်ပတ်သက် ၍       နိုင်ငံတကာမှ   ကိုယ်စားလှယ်များ၊     သံတမန် များကို   ဖိတ်ခေါ်၍  အထောက်အထားများနှင့်တကွ  ပြသသွားမည်ဖြစ်ကြောင်း။


မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ် ချိန်   ဒီဇင်ဘာလနှင့်  ဇန်နဝါရီလတို့တွင်  တွေ့ဆုံ ဆွေးနွေးရေး  လမ်းကြောင်းပေါ်တွင်  ဆောင်ရွက်ခဲ့ သော်လည်း      ၎င်းတို့အနေဖြင့်    ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းတွင်     နိုင်ငံတော်အပေါ်ဆန့်ကျင်ရေး  လုပ်ငန်းများဆောင်ရွက်လာခဲ့ကြောင်း၊  မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပင်  NCA  လမ်းကြောင်းပေါ်မှ    ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊  နိုင်ငံရေးပါတီများအား   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှတစ်ဆင့်  ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်  ယခင်အစိုးရမှ တာဝန်ရှိသူများအား   နိုင်ငံရေးအရ    အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ    ဥပဒေချိုးဖောက်သည့်         ပြစ်မှုများကြောင့်သာ   အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။


အာဆီယံဆက်ဆံရေးနှင့်ပတ်သက်၍ ဧပြီ ၂၄  ရက်တွင်  အာဆီယံထိပ်သီးအစည်းအဝေး၌   မိမိ အနေဖြင့်      မြန်မာနိုင်ငံ၏အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး  အာဆီယံသဘောတူညီချက်  (၅)ရပ် ထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ  ဆောင်ရွက်မည်ဟု ပြောကြား ခဲ့ပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုအပေါ်တွင် မူတည် ၍ ဆောင်ရွက်သွားမည်ဟုပါဝင်ကြောင်း၊  အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရန်အတွက် အင်ဒိုနီးရှား နိုင်ငံနှင့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း များနှင့်   ထိုင်းနိုင်ငံမှ     ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဟောင်းတို့အား      အဆိုပြုခဲ့ကြောင်း၊    မိမိတို့အနေဖြင့်    ထိုင်းနိုင်ငံ  ဒုတိယနိုင်ငံခြားရေးဝန်ကြီးအား အဆိုပြု ခဲ့သော်လည်း    အာဆီယံဥက္ကဋ္ဌ   ဘရူနိုင်းဘုရင်မှ ၎င်းတို့နိုင်ငံ၏  နိုင်ငံခြားရေးဝန်ကြီးအား  အာဆီယံ ကိုယ်စားလှယ်အဖြစ်   ကမ်းလှမ်းလာသည့်အတွက်   မိမိအနေဖြင့်    သဘောတူညီမှုပေးခဲ့ကြောင်း။


ပြောင်းလဲမည်မဟုတ်


မိမိတို့အနေဖြင့်  အာဆီယံမူဘောင်အတွင်းမှသာ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာဆက်ဆံရေး      လမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန်    ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး  ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူကြီး (၅)ရပ် အပေါ်တွင် အခြေခံပြီး  လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်  ဆက်ဆံရေးမူဝါဒများဖြင့်       ဆောင်ရွက်လျက်ရှိ ကြောင်း၊  မိမိတို့၏ရပ်တည်ချက်အား မည်သည့်အချိန် တွင်မှ      ပြောင်းလဲမည်မဟုတ်ဘဲ     မူဘောင်အတွင်း မှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။


ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊   ဦးသိန်းညွန့်၊   ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊     Jeng Phang     နော်တောင်၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့က အမျိုးသားလုံခြုံရေးအက်ဥပဒေ    အမြန်ဆုံးရေးဆွဲ ပြဋ္ဌာန်းရေး၊ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ ရေးနှင့်    သတင်းပေးသူများအား   ထိုက်သင့်သည့် ဆုကြေးချီးမြှင့်ပေးရေး၊ စက်သုံးဆီတင်သွင်းရေးနှင့် ပတ်သက်၍  ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူဆောင်ရွက်ရေး၊   ပြည်တွင်း၌   စက်ရုံတည် ဆောက်ပြီး လောင်စာဆီထုတ်လုပ်နိုင်ရန်  ဆောင်ရွက် ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့ နှင့်  ရေနံကဏ္ဍတွင် ကုမ္ပဏီများကို  တင်ဒါခေါ်ယူ၍ လုပ်ကွက်သစ်များဖော်ဆောင်ရေး၊  ကိုဗစ်-၁၉  ကပ် ရောဂါဖြစ်ပွားနေချိန်တွင်  အခြေခံလူတန်းစားများ ကြုံတွေ့နေရသည့်   စားဝတ်နေရေးအခက်အခဲကို   သမဝါယမနှင့်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ  ပံ့ပိုးကူညီဆောင်ရွက်ပေးရေး၊ မြေယာ သိမ်းဆည်းမှုများနှင့်စပ်လျဉ်း၍   တောင်သူများ၏   နစ်နာမှုကိုရှေးရှု၍     ဖြေရှင်းဆောင်ရွက်ပေးရေး၊   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ရေးအတွက် တိုင်းရင်း ဆေးဝါးထုတ်လုပ် နိုင်ရေး၊  ကျန်းမာရေးကဏ္ဍအတွက်  အရေးတကြီးလိုအပ်သည့်   အောက်ဆီဂျင်ထုတ်လုပ် သည့်စက်ရုံများ မြို့နယ်အလိုက် တည်ဆောက်ပေး ရေး၊   လူငယ်များအား    အခြေခံကြက်ခြေနီသူနာပြု သင်တန်းပေးရေး၊  တိုက်ပွဲရှောင်ပြည်သူများ ကူညီ ထောက်ပံ့ရေး၊  ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆရာဝန်၊  ဆရာမများ၊ သူနာပြုများနှင့်  ၎င်းတို့၏  မိသားစုဝင်များအား  ဦးစားပေး၍  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊   သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့်  ပြည်သူများအား  လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးရေး၊  ကယားပြည်နယ် အတွက်  လိုအပ်လျက်ရှိသည့်   ဆရာဝန်နှင့်  သူနာပြု များ  ခန့်အပ်ပေးရေးတို့နှင့်စပ်လျဉ်း၍  ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်က  အမျိုးသား လုံခြုံရေးအက်ဥပဒေရေးဆွဲနိုင်ရေးကို       ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ  ဖမ်းဆီးမိရေးနှင့် သတင်းပေးသူများအား ထိုက်သင့် သည့် ဆုငွေချီးမြှင့်ရေးကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊      ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်လျက် ရှိကြောင်း၊   လယ်ယာမြေပြဿနာများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ကိုဗစ်-၁၉  ရောဂါ     ကာကွယ်ရန်အတွက်    တိုင်းရင်းဆေး ထုတ်လုပ်နိုင်ရေးကို  သက်ဆိုင်ရာ  သုတေသနဌာန များက လုပ်ဆောင်လျက်ရှိကြောင်း၊  မြို့နယ်အလိုက်  အောက်ဆီဂျင်စက်ရုံများ    တည်ဆောက်ရေးကို ဆက်လက်   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ယခုလအတွင်း  ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပြန့်ပွား မှုကို ထက်ဝက်ကျဆင်းအောင်  လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊  ပြည်သူလူထုအနေဖြင့် ရောဂါကူးစက် မှုလျှော့ချနိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကို တွေ့ရကြောင်း။


ကယားပြည်နယ်အတွက်      လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ  တိုင်းပြည်ဝင်ငွေပေါ် မူတည်ပြီး ဆောင်ရွက်ရကြောင်း၊ လတ်တလောကာလတွင်       တိုင်းဒေသကြီးနှင့် ပြည်နယ်များ အဆက်သွယ်မပြတ်စေရေး ပြည်သူ များ   ခရီးသွားနိုင်ရေးအတွက်    မီးရထားနှင့် လေကြောင်းခရီးစဉ်အချို့ကို အရှုံးခံပြေးဆွဲပေးလျက် ရှိကြောင်း၊   ပြီးခဲ့သည့်  ၅  နှစ်တာကာလအတွင်း မြန်မာတို့၏ယဉ်ကျေးမှုနှင့်  စရိုက်လက္ခဏာများ ဖျက်ဆီးခံခဲ့ရကြောင်း၊  မြန်မာ့လူ့အဖွဲ့အစည်းသည်  အမျိုးသားယဉ်ကျေးမှုအပေါ်အခြေခံသည့်   အဖွဲ့ အစည်းဖြစ်ကြောင်း၊   နိုင်ငံသားများ၏   စိတ်ပိုင်း ဆိုင်ရာ   ရပ်တည်မှုတွင်   အားကစားကဏ္ဍသည် အရေးကြီးကြောင်း၊  သို့ဖြစ်၍  တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင်    အားကစားရုံများ၊ အားကစားကွင်းများနှင့်  ရေကူးကန်များတည်ဆောက် ပေးရန် စီစဉ်လျက်ရှိကြောင်း။


ကျန်းမာရေးဝန်ထမ်းများနှင့်   နေ့စဉ်ထိတွေ့ နေရသည့် မိသားစုဝင်များကို   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး        ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့်    ပြင်ဆင်ဆောင်ရွက်ထားပြီး   သယ်ယူ ပို့ဆောင်ရေးအတွက်လည်း  ပြင်ဆင်ဆောင်ရွက် ထားကြောင်း၊   မိမိတို့အနေဖြင့်  တိုင်းရင်းသားများ စိတ်ပိုင်းဆိုင်ရာ အားငယ်မှုမရှိအောင် တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကျေးလက်နှင့် မြို့ပြ၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုလျှော့ချနိုင်ရေးကို   အလေးထားဆောင်ရွက် လျက်ရှိကြောင်း ဖြည့်စွက်ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား  ပြောကြားရာတွင် မိမိတို့သည်  ယာယီဆောင်ရွက် ရသည့် အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏လုပ်ငန်းများကို  အဆင်ပြေအောင်  အကောင်အထည်ဖော်ဆောင်ရွက် နေရကြောင်း၊ ကဏ္ဍအသစ်များကို တိုးချဲ့ဆောင်ရွက်  ရာတွင် အဘက်ဘက်က စဉ်းစားဆောင်ရွက်ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ  မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများနှင့်  အကြမ်းဖက်မှုများ ကိုလည်း  ဖြေရှင်းဆောင်ရွက်နေရကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးကို      ဆောင်ရွက်သွားရမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကိုလည်း အဓိကဦးစားပေး လုပ်ဆောင်နေကြောင်း၊   အထူးသဖြင့်   နိုင်ငံရေး တည်ငြိမ်မှုရရှိအောင်    ဆောင်ရွက်နေကြောင်း၊ အိမ်စောင့်အစိုးရသည် တိုင်းပြည်ကို ခေတ္တတာဝန်ယူ  ထိန်းသိမ်းပေးသည့်အစိုးရဖြစ်ပြီး  အရေးပေါ်ကာလ  ကုန်ဆုံးသည့်အခါ  ဥပဒေနှင့်အညီ   ရွေးကောက်ပွဲ  ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက် ပွဲရလဒ်ဖြင့် ထွက်ပေါ်လာမည့်  အစိုးရအား နိုင်ငံတာဝန် ကို အခြေခံဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး       ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


အိမ်စောင့်အစိုးရအနေဖြင့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက  ချမှတ်သည့်  မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဓိက အားဖြင့် စီးပွားရေးကဏ္ဍအား အလေးပေးဆောင်ရွက် လျက်ရှိကြောင်း၊  မိမိတို့ကောင်စီဝင်များအနေဖြင့် တစ်ဦးချင်းစီ၏ အတွေ့အကြုံပေါ်အခြေခံပြီး လုပ်ငန်း များကို စဉ်းစားဆောင်ရွက်ရာတွင်  ပြည်ထောင်စုကို  လွှမ်းခြုံစဉ်းစား၍   နိုင်ငံတော်၏အကျိုးကို ဦးတည် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့်    မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။                

 

 သတင်းစဉ်