
နေပြည်တော် ဩဂုတ် ၆
အကောက်ခွန်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပစ္စည်းများအား လေ ကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလ အတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ် ပေးလျက်ရှိရာ ဩဂုတ် ၆ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကုမ္ပဏီ ၇၈ ခုမှ Blood Pre-ssure Monitor ၁၀၂၀၊ Cipremi Lyophilized Powder for Injection ၁၅၈၄၀၊ Enoxaparin Injection ၄၁၀၃၆ ခု၊ Flow meter ၆၂၅ ခု ၊ Oxygen Regulator ၅၅၀၅ ခု၊ Oximeter ၂၄၀၃၅ ခု၊ Oxygen Cannula ၂၀၀၀၊ Oxygen Concen-trator ၃၃၈၉ ခု၊ ရန်ကုန်ဆိပ်ကမ်း များတွင် ကိုဗစ်-၁၉ ကာကွယ် ကုသ ဆေးနှင့် အခြားဆေး မျိုးစုံ ၃၀၁၉၈.၈၇ Kg ၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ မြဝတီ) တွင် ကုမ္ပဏီ ၅၂ ခုမှ Mask ၅၃၄၉၄ ခု၊ Sodium Chloride Injection ၂၆၅၀၀၊ Disposable Cap ၂၈၀၀၊ Liquid Oxygen ၁၅၃၅၇.၅၈ m3၊ Liquid Oxygen ၁၈. ၅ တန်၊ Oxygen Concentrator ၁၀၆၅ ခု၊ Flow Meter ၆၈၁၀၊ PPE ၄၀၂၅၀၊ Oxygen Plant ငါးခု၊ Oximeter ၂၀၀၀၊ Oxygen Cylinder ၆၄၇၅ ခု၊ Vitamin C Tablet ၃၉၀၀ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်