တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း

 

နေပြည်တော်    ဩဂုတ်     ၆


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အောက်ဆီဂျင်    လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ  အထောက် အကူပြုစေရန်အတွက်  တပ်မတော်နှင့်  အလှူရှင် များက  အောက်ဆီဂျင်အိုးများ၊  ရောဂါကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့ လှူဒါန်းလျက်ရှိသည်။


ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည် တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည် တော်   ပြည်သူ့ဆေးရုံကြီး  (ခုတင်-၃၀၀)     သို့ အောက်ဆီဂျင်အိုး အလုံး ၃၀ ကို လည်းကောင်း၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကြပ်မတ် ကုသရေးစင်တာအတွက် အောက်ဆီဂျင်အိုး အလုံး ၂၀၊ မိုင်းရယ်မြို့ရှိ   မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်း   အဖွဲ့ဝင်များ၊   စေတနာ့ဝန်ထမ်းလူမှုရေး အသင်းအဖွဲ့အစည်းများ၊  ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဘဏ်ဝန်ထမ်းများ နှင့်    ဒေသခံတိုင်းရင်းသား     ပြည်သူများအတွက် နှာခေါင်းစည်း ၄၅၀၀၊ လက်သန့်ဆေးရည် ၁၇ ဘူး၊ PPE ဝတ်စုံ ၁၅ စုံနှင့် အရက်ပြန် ကိုးဘူးတို့ကိုလည်း ကောင်း၊    ဧရာဝတီတိုင်းဒေသကြီး     ပုသိမ်မြို့၊ ကျိုက်လတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတ အသင်းများသို့ အောက်ဆီဂျင်အိုး ၃၃ လုံးကို လည်း ကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အသုံးပြုရန်အတွက်   သန်လျင်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ တပ်မတော် (ရေ) မှ အရာရှိ၊  စစ်သည်၊  မိသားစုများနှင့်  စေတနာ ရှင် အလှူရှင်များက လှူဒါန်းသည့် အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် ဆေးပဒေသာပင်အလှူငွေ ၆၇၃ သိန်းတို့ကို လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ  ထုတ်လုပ်သည့်   အောက်ဆီဂျင်အိုး  ၁၀၅  လုံးကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသို့  အောက်ဆီဂျင်အိုး အလုံး ၄၀  နှင့် အုတ်တွင်းမြို့  ဈေးကုန်းကျောင်းတိုက်၌    တည် ဆောက်နေသည့်     အောက်ဆီဂျင်  စက်ရုံအတွက် အလှူငွေကျပ်   သုံးသိန်းတို့ကို    လည်းကောင်း သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ     နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့်          ပူးပေါင်း၍ အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြသည်။


အလားတူ   ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်     စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူ ငွေများကို   ပေးအပ်လှူဒါန်းလျက်ရှိရာ   ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်      ဦးတင်မောင်ဝင်း မိသားစုက   အလှူငွေကျပ်သိန်း   ၁၀၀၊     Ayeyar  Hinthar  Holdings  နှင့်  ပုသိမ်စက်မှုမြို့တော် စီမံကိန်းက ငွေကျပ် ၂၇၄ သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကုသဆေး  ရှစ်မျိုး၊  ဟင်္သာတမြို့မှ  Family  Hotel နှင့် Family မိသားစုရွှေဆိုင်က ငွေကျပ်သိန်း ၂၀၊ ဦးရဲထွန်းဝင်းမိသားစု (Newton  International College) က အောက်ဆီဂျင်အိုး ငါးလုံး၊ ရန်ကုန်မြို့ Su Paing Lynn Co.Ltd က ငွေကျပ် ၁၀ သိန်း၊ ရန်ကုန်မြို့ Able  Winners Co.Ltd  က  ငွေကျပ် ၁၀ သိန်း၊  ရန်ကုန်မြို့ Good  Brings  Co.ltd က ငွေကျပ်  ၁၀   သိန်း၊  ယုဇနကုမ္ပဏီလီမိတက်က Oxygen  Concentrator တစ်လုံး၊ ဧရာဝတီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ငွေကျပ် ၁၀ သိန်း၊ မြောင်းမြမြို့ ဦးဝင်းလွင် မိသားစု (သစ်လွင်စက်ပစ္စည်း ရောင်းဝယ် ရေး)က ငွေကျပ် ၁၀ သိန်းနှင့် မြောင်းမြမြို့ ဦးထွန်း ထွန်းဦး မိသားစုက ငွေကျပ် ၁၀ သိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံပြီး   ဂုဏ်ပြုမှတ်တမ်းလွှာများ  ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။


ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌  အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင်  Oxygen  Plant  များကို  တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်- ၅၀၀) ၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကို လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး  အုတ်တွင်းမြို့ ဈေးကုန်းကျောင်းတိုက်တွင်       ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းနာယက ဆရာတော် ဘဒ္ဒန္တ တေဇသီရိ ဦးဆောင်၍  Oxygen Plant တည်ဆောက်နေမှု များကိုလည်းကောင်း  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ      ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်