သတင်းစာဆရာ၊ စာရေးဆရာကြီးဦးစိန်ထွန်းအောင် ကွယ်လွန်

ဆရာကြီး    ဦးစိန်ထွန်းအောင်သည် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်          အမှတ် (၁၆၇)၊    ရာဇသင်္ကြန်(၄) လမ်း၊      ၁၁  ရပ်ကွက်နေအိမ်တွင်  ဩဂုတ်  ၃ ရက်က ကွယ်လွန်၍ ဩဂုတ် ၄ ရက်တွင် ရေဝေးသုသာန်၌      သင်္ဂြိုဟ်ပြီးစီး ကြောင်း  သိရသည်။    
ဆရာကြီးကို ရန်ကုန်တိုင်းဒေသ ကြီး    တိုက်ကြီးမြို့နယ်  ဥက္ကံမြို့နယ်၌ (၁၀-၄-၁၉၃၄) ရက်နေ့တွင် မိဘများ ဖြစ်ကြသည့် ဦးဖေ-ဒေါ်စောခင်တို့က မွေးဖွားခဲ့သည်။ 
ဥက္ကံမြို့တွင် ငယ်ရွယ်စဉ်မှ အသက် (၁၆ )နှစ်       (၇)တန်းအောင်အထိ     ပညာသင်ကြားခဲ့သည်။   ထို့နောက် တိုက်ကြီးမြို့   အစိုးရအထက်တန်း ကျောင်း၌ ကျောင်းထွက်လက်မှတ်နှင့် တက္ကသိုလ်ဝင်စာမေး ပွဲ(၈ တန်းနှင့် ၉ တန်းအောင်) အောင်မြင်သည်အထိ ပညာသင်ကြားခဲ့သည်။   ထို့နောက် (၁၉၅၂-၅၃) ခုနှစ်  ပညာသင်နှစ်မှစ၍    ရန်ကုန်တက္ကသိုလ်တွင်   ဆက်လက် ပညာသင်ယူခဲ့ရာ မြန်မာဝေါဟာရနှင့် အနုစာပေ၊    ဗုဒ္ဓကျမ်းစာ၊   သမိုင်း၊ အင်္ဂလိပ်ဘာသာရပ်တို့ဖြင့်   ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။  သတင်းစာပညာ   ဒီပလိုမာ သင်တန်း(၁၉၅၈)၊   ပညာရေးဒီပလိုမာ သင်တန်း(၁၉၆၃) ၊  အခြေခံနိုင်ငံရေး သင်တန်းအမှတ်စဉ်   ၉ (၁၉၆၆) ၊ အလုပ်သမားကောင်စီ  စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ် ၈(၁၉၆၈) စသည့် သင်တန်းများ တက်ရောက်ဆည်းပူး ခဲ့သည်။ 
၁၉၅၆ ခုနှစ်   တက္ကသိုလ်ပညာရေး သင်ယူမှုအပြီးတွင် နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေးဘဏ်၌ အထက်တန်း စာရေးအဖြစ်    တစ်နှစ်ခန့်    လုပ်ကိုင် ခဲ့သည်။ အထောက်တော်သတင်းစာ  စတင်ထုတ်ဝေပြီး  နှစ်လခန့်အကြာ ၁၉၅၇ ခုနှစ်   ဧပြီလတွင် အထောက် တော်   သတင်းစာတွဲဖက်အယ်ဒီတာ အဖြစ်  ခန့်ထားခြင်းခံရချိန်မှစ၍ စာပေစာနယ်ဇင်း နယ်ပယ်၌   ခြေချခဲ့ သည်။   ၁၉၅၇ ခုနှစ်မှ ၁၉၆၄ ခုနှစ် အတွင်း  အထောက်တော်၊      ပြည်ကျော်၊   နိုင်ငံသစ်သတင်းစာများ၌  တာဝန်ခံ အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက် ခဲ့သည်။ 
ထို့နောက် သတင်းစာထုတ်ဝေမှု လုပ်ငန်းများ မတည်မငြိမ်ဖြစ်နေချိန် ၁၉၆၄-၁၉၆၅ ခုနှစ်တွင် အလွတ်ပညာ သင်ကျောင်း    အထက်တန်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ 
ယင်းနောက် ပြည်သူပိုင် အသွင် ကူးပြောင်းလာ သည့် ကြေးမုံသတင်းစာ တွင် ၁၉၆၆ ခုနှစ်မှစ၍ ၁၉၉၂ ခုနှစ် အငြိမ်းစားယူသည်အထိ    ၂၆   နှစ်ကြာ အယ်ဒီတာ(စာတည်းတာဝန်ခံ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစား မယူမီ နောက်ဆုံးသုံးနှစ် ကာလအတွင်း မူရင်းတာဝန်အပြင် လုပ်သားပြည်သူ  နေ့စဉ်သတင်းစာ၏   နိုင်ငံခြားသတင်း ဘာသာပြန်    တာဝန်ခံအယ်ဒီတာ အဖြစ်လည်းကောင်း၊  မြန်မာ့သတင်း စဉ်   (ပြည်တွင်း)       အမှုဆောင် အယ်ဒီတာအဖြစ်    လည်းကောင်း တွဲဖက်တာဝန်ယူ      ဆောင်ရွက်ခဲ့ သည်။ 
သတင်းစာတိုက်   အသီးသီးတွင်    တာဝန်ယူ          ဆောင်ရွက်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် ကာလ အတွင်း  သတင်း၊        သတင်းဆောင်းပါး၊ ဆောင်းပါး၊ ဝတ္ထု၊   ကဗျာ  စသည် တို့ကို       စာနယ်ဇင်းများတွင်   ကလောင်အမည်အထောက်တော် စိန်ထွန်းအောင်၊     မောင်ဉာဏ်ရှိန်၊ လင်းရောင်ဟူသော ကလောင်ခွဲများ ဖြင့်   ပြုစုရေးသားခဲ့ကြောင်း သိရ သည်။ 
               
သတင်းစဉ်