ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးသိုလှောင်ရုံနှင့် ခွဲစိတ်ဆောင် ဆောက်လုပ်နေမှု ကြည့်ရှု

 

ရေကြည်  သြဂုတ် ၅


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အဖွဲ့ဝင်များသည်     ယနေ့နံနက်ပိုင်းက ရေကြည် မြို့နယ်   ပြည်သူ့ဆေးရုံတွင်   ဆေးသိုလှောင်ရုံနှင့် ခွဲစိတ်ဆောင်အဆောက်အအုံအသစ်အား ကြည့်ရှု ကာ  မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအေးအေးလင်း အား   အောက်ဆီဂျင်ရရှိနိုင်မှု   အခြေအနေကို မေးမြန်း၍ လိုအပ်သည်များ မှာကြားသည်။

 


ဆက်လက်၍  ဆေးရုံတွင်  ဆေးကုသမှုခံယူနေ သော လူနာများအား   လိုက်လံကြည့်ရှု၍  အားပေး စကားပြောကြားကြောင်း   သိရသည်။  ထို့နောက် အ-ထ-က  (မြို့မ) ကျောင်း၌   ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို   ကြည့်ရှုကာ ဆေးလာ ရောက်ထိုးနှံပြီး၍     နာရီဝက်စောင့်ဆိုင်းနေသော မိဘပြည်သူများကို   ရေသန့်ဘူး၊    ကြက်ဥပြုတ်နှင့် နို့မှုန့်ထုပ်များ ပေးဝေကြောင်း သိရသည်။

 


ဆက်လက်၍   ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အောက်ဆီဂျင်စက်ရုံ       ဆောက်လုပ်ရေးလုပ်ငန်းခွင် အား ကြည့်ရှု၍  ဝန်ကြီးချုပ်က   မြို့သူမြို့သားများ အထူးလိုအပ်လျက်ရှိသော   အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက်လည်း     အလှူငွေများ ထည့်ဝင်လှူဒါန်းသည်။   အဆိုပါ     မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းကိုစတင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက် တွင် စတင်လည်ပတ်မည်ဖြစ်သည့်အတွက်    မြို့နယ် ရှိ ဒေသခံပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍   ကုသရေးဆိုင်ရာ   လုပ်ငန်းတွေမှာ အဓိက   လိုအပ်ချက်ဖြစ်သည့်   အောက်ဆီဂျင်ကို ပြတ်လပ်မှုမရှိစေရေးနှင့်   လုံလောက်စွာရရှိနိုင်ရေး အတွက် မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)