
စစ်တွေ ဩဂုတ် ၅
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ နယ်မြေခံ တပ်မတော်အရာရှိများ၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရခိုင် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကို ဆွေးနွေးကြပြီး တပ်မတော် နှင့် ပုဂ္ဂလိကပိုင် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေ သည့် ကာလအတွင်း ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည် များ ဖြည့်စွက်ဆောင်ရွက်ပေး နိုင်ရန် စစ်တွေမြို့ နာရီကန် ကျေးရွာအနီး ဦးစိန်ဝင်း၏ ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်း ဖြစ်သော ကြက်မွေးမြူရေးခြံ နှင့် ငါးမွေးမြူရေးကန်များသို့ လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) စိုက်ပျိုး မွေးမြူရေးဇုန်သို့ လည်းကောင်း သွားရောက် ကြည့်ရှုကြကာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည် များကို ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)