ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ အာဆီယံ-ကိုရီးယား ရန်ပုံငွေဖြင့် မေယု FM Radio များ ထောက်ပံ့ပေးအပ်

 

ဘူးသီးတောင်     သြဂုတ်   ၅

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကန ဦး အစီရင်ခံစာအရ  နေရပ်စွန့်ခွာ သူများအား   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်၏ ဦးစားပေးစီမံကိန်း ခုနစ်ခုအနက်     ရခိုင်ပြည်နယ် အတွင်းရှိ    ဘင်္ဂါလီဘာသာစကား အသုံးပြုသူများအား  မေယု  FM Radio  အစီအစဉ်များကို နားဆင် နိုင်ရေးအတွက်      ပြန်ကြားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက် ရှိရာ  ရခိုင်ပြည်နယ်  မောင်တော ခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း ရှိ ဘင်္ဂါလီဘာသာစကားအသုံးပြု သူများအား The  ASEAN-ROK Fund on the  Repatriation  of Displaced Persons in  Rakhine State ရန်ပုံငွေဖြင့်   မေယု  FM Radio များ   ထောက်ပံ့ပေးအပ် ခြင်းကို         ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၊ အနောက်ရပ်ကွက် အထက (၁)ခန်းမနှင့် သပြေကုန်းရပ်ကွက် အလကခန်းမတို့၌      ကျင်းပ သည်။

 

အခမ်းအနားတွင်   ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဘူးသီးတောင်မြို့နယ် ဦးစီး မှူး   ဒေါ်ဖြူဖြူဝင်းက    သတင်း အချက်အလက်မှန်များ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မေယု FM Radio  အစီအစဉ်များကို  ထုတ် လွှင့်လျက်ရှိသည့် အခြေအနေနှင့် ဖြန့်ဝေပေးမှု     အခြေအနေများကို ရှင်းလင်းပြောကြားပြီး  ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန    ဘူးသီးတောင်မြို့နယ်ရုံးမှ ဝန်ထမ်းများက     လက်ကမ်း စာစောင်များ ဖြန့်ဝေပေးကြသည်။

 


ဆက်လက်၍ ဘူးသီးတောင် မြို့နယ်      စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးကျန်အေး၊    မြို့နယ် စီမံအုပ်ချုပ်ရေး  အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဘူးသီးတောင် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ ၆၂ အုပ်စုရှိ ဘင်္ဂါလီဘာသာစကား အသုံးပြုသူများအတွက်    မေယု FM Radio ၂၈၄၀၀ ကို  ဖြန့်ဝေပေး ကြသည်။

 


ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်အရ      ဘင်္ဂါလီ ဘာသာစကား   အသုံးပြုသူများ အနေဖြင့် မေယု  FM    အစီအစဉ် များ နားဆင်နိုင်ရန် မောင်တော၊ ဘူးသီးတောင်နှင့်   ရသေ့တောင် မြို့နယ်များတွင် ရေဒီယို အလုံးရေ ၄၅၀၀၀ ကို     ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)