စာနာမှုကင်းမဲ့သည့် လုပ်ရပ်

မိမိတို့အနေဖြင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှလည်း  အထူးအစီအစဉ် တစ်ရပ်အနေဖြင့်    မှာယူတင်သွင်းလျက်ရှိသဖြင့်   စနစ်တကျသုံးစွဲရန်နှင့်   သိုလှောင်မှုနှင့်ပတ်သက်၍လည်း   ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊  မြောက်ဥက္ကလာပဆေးရုံတွင်   အောက်ဆီဂျင်ပိုက်လိုင်းများ  ဖျက်ဆီးခံရသည်ဟု ကြားသိရပြီး ဟုမ္မလင်းဆေးရုံတွင်လည်း အကြောင်းမဲ့လုပ်ငန်းခွင်ပျက်ကွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းအချို့က အောက်ဆီဂျင် အိုးများကို သိုဝှက်ထားခဲ့သည်ဟုသိရှိရကြောင်း၊  ထိုကဲ့သို့ လုပ်ရပ်များသည် အတွေးအခေါ်မဲ့ပြီး စာနာမှုကင်းမဲ့သည့်  လုပ်ရပ် များပင်ဖြစ်ပြီး ဆေးရုံများအနေဖြင့်လည်း လူနာများ၏ ကျန်းမာရေးအတွက် လုံခြုံရေးတင်းကျပ်စွာ လုပ်ဆောင်ကြရန် လိုအပ် မည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)