
နေပြည်တော် ဩဂုတ် ၄
အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များ ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်မှ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ်(မြောက် ပိုင်း) အတွင်း ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများဖြစ်သော ရိုးမရတနာ ဥစားကြက်မွေးမြူရေးခြံနှင့် ရွှေကောင်း ကင် အသားတိုးဝက်ခြံတို့သို့ လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူ များက အင်းစိန်မြို့နယ်ရှိ အမှတ် (၁) နှင့် အမှတ် (၃) စိုက်ပျိုးမွေးမြူရေး စခန်းများသို့လည်းကောင်း သွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်