ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၂၉ ဦးရှိ

ဟနွိုင်း    ဩဂုတ်   ၃


ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၄၂၉ ဦးထပ်မံတွေ့ရှိကြောင်း၊ ယင်းတို့ အနက် ၈၃၇၇ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူ များဖြစ်ကြောင်းနှင့် ၅၂ ဦးသည် ပြည်ပမှ ပြန်လာ သူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။


ဗီယက်နမ်နိုင်ငံ  ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၇၀၁၉၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၀၇၁ ဦးရှိကြောင်း သိရသည်။


ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ဩဂုတ် ၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၃၈၆၆ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ        ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၅၀၈၃၁ ဦးရှိကြောင်း သိရသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ဆေး အလုံးရေ   ခုနစ်သန်း    အသုံးပြုပြီးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ      ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်