ပြည်သူတွေအတွက် တီဗွီ၊ သတင်းစာနဲ့ ရေဒီယိုတွေကပါတစ်ဆင့် သတိပေးတာတွေ၊ အသိပေးတာတွေ တစ်ချိန်လုံး လုပ်ဆောင်နေပါတယ်။ ဒါတွေကို လက်တွေ့သတိထားလိုက်နာကြရမယ်။ အသိနဲ့သတိနဲ့ ကာကွယ်မယ်ဆိုရင်တော့ ရောဂါပိုးက ဒီထက်အများကြီး လျော့ကျလာမှာဖြစ်တယ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး   ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

 

 

မေး။    ။    ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
ဆောင်ရွက်နေမှုများကို   ပြောကြားပေးစေလိုပါ တယ်။


ဖြေ။    ။    ကိုဗစ်-၁၉ ရောဂါအတွက် တိုင်းဒေသ ကြီးအတွင်း     ကြိုတင်ကာကွယ်ရေး 
လုပ်ဆောင်နေတာကိုပြောရရင်  ကုသရေးစင်တာ တွေကိုဖွင့်ပြီးတော့ လူနာတွေကို လက်ခံကုသပေး နေပါတယ်။  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  စမ်းသပ် စစ်ဆေးတာနဲ့ ပတ်သက်ပြီးပြောရရင် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဒေသန္တရဆေးခန်းတွေမှာ လည်း စစ်ပေးတယ်။ နောက်ပြီးဆေးရုံကြီးတွေရဲ့ ပြင်ပလူနာဌာနတွေမှာလည်း     စစ်ပေးတယ်။  ဒါပေမယ့်  ဆေးရုံကြီးမှာတော့     သူ့နေ့ရက်နဲ့အချိန် တော့  ရှိတာပေါ့။  ဥပမာ  ရက်ခြားစစ်ပေးတာတို့  တစ်ပတ်ကို  သုံးရက်စစ်ပေးတာတို့တော့ ရှိတယ်။  နောက်တခြားနေရာတွေထဲကဆိုရင်  မင်္ဂလာဒုံ မြို့နယ်၊ ကျိုက်က္ကလို့ဘုရားရှေ့က သာသနာ့ဗိမာန်၊   တောင်ဒဂုံမြို့နယ်မှာဆိုရင် အောင်မြင့်မိုရ်ဓမ္မာရုံ၊   မြောက်ဒဂုံမြို့နယ်မှာဆိုရင် မြို့ဦးစေတီ၊  သန်လျင် မြို့နယ်မှာဆိုရင်     သာသနာ့ဗိမာန်တော်ကြီးနဲ့  ရန်ကုန်မြို့ထဲမှာဆိုရင်       သူနာပြုတက္ကသိုလ်မှာ ဆေးစစ်ဆောင်ရွက်ပေးနေပါတယ်။


ဘာတွေလိုအပ်
မေး။    ။    ကိုဗစ်-၁၉  ရောဂါပိုး   ရှိ/မရှိ  စမ်းသပ် စစ်ဆေးဖို့ကို    ဘာတွေလိုအပ်ပါသလဲ 
ဆရာ။
ဖြေ။    ။    ကြိုတင်ပြီးတော့    သက်ဆိုင်ရာမြို့နယ် ဒေသန္တရကျန်းမာရေးဌာနတွေ    ကနေ 
ပြီးတော့  ဓာတ်ခွဲခန်းပုံစံ(လွှဲစာ)  လေးတွေတော့ ယူသွားရမယ်။  ဒီတိုင်းတော့တန်းသွားလို့တော့ မရဘူး။ တခြားမြို့နယ်တွေဖြစ်တဲ့   ကမာရွတ်၊ အင်းစိန်၊  မြောက်ဥက္ကလာပမြို့နယ်တို့လိုမျိုးကြ တော့ မြို့နယ်ကျန်းမာရေးဒေသန္တရဆေးခန်းက စစ်ပေးပါတယ်။   နောက်တချို့ဟာတွေကျတော့ သတ်မှတ်ထားတဲ့နေရာတွေမှာ သွားစစ်လို့ရတယ်။   လွှဲစာနဲ့ဆိုစစ်ပေးတယ်။ အင်းလျားစင်တာတို့လိုမျိုး ကျတော့ ကျွန်တော်တို့ကျန်းမာရေးဌာနကတော့ မစစ်ဘူး။ အပြင်ကလူတွေပိုက်ဆံယူပြီး စစ်တာ ရှိတယ်။ နောက်ထပ်ပိုက်ဆံယူပြီးစစ်တဲ့ နေရာတွေ ရှိတယ်။ ဘယ်နေရာလဲဆိုတော့  ပြည်သူ့ဥယျာဉ် ထဲမှာ   စည်ပင်နဲ့    FMI ကုမ္ပဏီနဲ့ပေါင်းပြီးတော့  စစ်တာရှိတယ်။ အဲဒါကတော့ ဆေးစစ်ခငွေကျပ် တစ်သောင်းခွဲယူတယ်။    အခုနပြောခဲ့တဲ့   အစိုးရ ဌာနအားလုံးကတော့ ဆေးစစ်ခမယူပါဘူး။ အခမဲ့ ဖြစ်ပါတယ်။ ပြောရရင် အစိုးရဌာနက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ   ဆေးစစ်ပေးတဲ့နေရာတွေဟာဆိုရင်   ခုနပြောတဲ့ နေရာ ငါးနေရာတင်မကပါဘူး။  အခြား မြို့နယ်တွေက ဒေသန္တရကျန်းမာရေးဌာနတွေမှာ  လည်း  ဆေးစစ်ဆောင်ရွက်ပေးပါတယ်။    အမှန် ကတော့ မြို့နယ်တိုင်းလိုလို ဆေးစစ်ပေးတာပါပဲ။   ပြီးခဲ့တဲ့ရက်ပိုင်းက   အချို့မြို့နယ်တွေမှာ နေ့တိုင်း ဆေးမစစ်ဆေးနိုင်တော့တာ     ဆိုတာကတော့ ဆေးစစ်ပေးမယ့်သူကိုယ်တိုင်က ဖျားနာပြီးတော့  Positive လူနာတွေ   ဖြစ်ကုန်လို့ပါ။    သူတို့ဆီက  ဝန်ထမ်းတွေကိုယ်တိုင် ဆေးရုံရောက်ကုန်တာတို့  ကုသရေးစင်တာ       ရောက်ကုန်တာတွေဖြစ်ပြီး လူနည်းသွားတော့      နေ့တိုင်းမစစ်နိုင်တော့ဘူး ဖြစ်သွားတာပါ။ အရင်တုန်းကတော့ အကုန်ဆေးစစ်  ပေးပါတယ်။


မေး။    ။    ကိုဗစ်ရောဂါလက္ခဏာနဲ့  ပတ်သက်လို့ ဘယ်သူဖြစ်ဖြစ်    ဆေးစစ်လို့ရပါသလား 
ဆရာ။
ဖြေ။    ။    ဘယ်သူစစ်စစ်ရတယ်ဆိုပေမယ့်  ကိုဗစ် ရောဂါ     သံသယလက္ခဏာ   ခံစားရတာ 
တစ်ခုခုရှိရမယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့     မြို့နယ်ဒေသန္တရတွေကို ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
လွှဲစာရေးပေး
အချို့မြို့နယ်ဒေသန္တရတွေကျတော့    သူတို့ ကိုယ်တိုင်ဆေးစစ်ပေးတယ်။ အချို့မစစ်ဆေးပေးနိုင် တဲ့ မြို့နယ်ဒေသန္တရတွေကတော့  ခုနပြောခဲ့တဲ့နေရာ တွေကို လွှဲစာရေးပေးတာပေါ့။ 

 


မေး။    ။    ကိုဗစ်အတည်ပြု       လူနာတွေအတွက် အောက်ဆီဂျင်   လုံလောက်အောင်   စီစဉ် 
ဆောင်ရွက်ထားတာ ပြောပေးစေလိုပါတယ်။ 
ဖြေ။    ။    ရန်ကုန်တိုင်းဒေသကြီးထဲက ဆေးရုံတွေမှာ အောက်ဆီဂျင်ရှူပြီး      ဆေးကုသမှုခံယူ 
နေသူဦးရေက အကြမ်းဖျဉ်းပြောရရင် တစ်ရက်ကို  ၂၀၀၀ နဲ့ ၂၅၀၀  ကြားထဲမှာ ရှိပါတယ်။ ဒါတောင်  တပ်မတော်ဆေးရုံတွေမပါဝင်သေးပါဘူး။  အရပ်ဘက် ဆေးရုံတွေပဲရှိပါသေးတယ်။

 


နောက်ပြီးအချို့ဆေးရုံကြီးတွေမှာ     ပိုက်လိုင်း တွေကနေတစ်ဆင့်  လူနာခုတင်အထိ   တိုက်ရိုက် အောက်ဆီဂျင်ပေးစနစ်နဲ့   ကုသပေးတာရှိတယ်။   အောက်ဆီဂျင်အရည်ကို သူ့  Liquid Oxygen Storage Tank     ထဲကို   ထည့်လိုက်တယ်။  အောက်ဆီဂျင် အငွေ့က  ပိုက်လိုင်းနဲ့လူနာဆောင်ထဲထိ   ဝင်တာ ဆိုတော့ မီတာလေးတွေ အတိုးအလျှော့လုပ်ပြီးတော့အောက်ဆီဂျင်အငွေ့ကို ရှူကြရတာလေ။

 


မေး။    ။    ကိုဗစ်-၁၉ လူနာများအတွက်    ပိုက်လိုင်း များမှတစ်ဆင့်            လူနာခုတင်အထိ   
တိုက်ရိုက်  အောက်ဆီဂျင်ပေးစနစ်ဖြင့်    ကုသနေတဲ့ ဆေးရုံတွေ     အရေအတွက်ကို      ပြောပေးပါဦး ဆရာ။ 

 


ဖြေ။    ။    အောက်ဆီဂျင်အရည်ကနေ     အငွေ့ကို ပြောင်းပြီးတော့   အောက်ဆီဂျင်ရှူနိုင်တဲ့
ဆေးရုံဆိုရင်   ရန်ကုန်ဆေးရုံကြီးရှိတယ်။   ရန်ကုန် ဆေးရုံကြီးမှာဆိုရင်  တန် ၂၀  တစ်လုံးနဲ့  ၅  တန် တစ်လုံးရှိတော့  အောက်ဆီဂျင်အရည်   ၂၅   တန် သိုလှောင်နိုင်ပါတယ်။ နောက်ပြီးတော့ ရန်ကုန်ဆေးရုံ သစ်ကြီး  ဂျိုက်ကာပေါ့။  အဲဒီထဲမှာက  ၁၀  တန်  Liquid  Oxygen  Storage Tank    တစ်လုံးရှိတယ်။  နောက်သင်္ဃန်းကျွန်းစံပြဆေးရုံမှာလည်း  ၁၀ တန်ဆံ့  Liquid  Oxygen  Storage Tank   တစ်လုံးရှိတယ်။  နောက်ဝေဘာဂီဆေးရုံမှာ ၅ တန်ဆံ့ Tank တစ်လုံး၊  မြောက်ဥက္ကလာပဆေးရုံမှာ  ၁၀  တန်ဆံ့  Tank   နှစ်လုံး၊ တောင်ဥက္ကလာဆေးရုံမှာကြတော့ ၁၀ တန် ဆံ့ Tank တစ်လုံး၊ ဖောင်ကြီးဆေးရုံမှာ ၁၀ တန်ဆံ့ Tank  တစ်လုံးနဲ့ လှိုင်သာယာဆေးရုံမှာ ၅ တန်ဆံ့  Tank တစ်လုံးတို့  ရှိပါတယ်။    အဲဒီအပြင်    ကျန်တဲ့ အင်းစိန်အရှေ့ပိုင်းဆေးရုံနဲ့   အနောက်ပိုင်းဆေးရုံ တွေမှာကတော့ အောက်ဆီဂျင်စက်ရုံအသေးလေး တွေရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေ   အကုန်လုံးကတော့   အောက်ဆီဂျင်စက်ရုံကနေပြီး          ဆလင်ဒါအိုးနဲ့ သယ်ယူပြီး    ပေးတာလည်းရှိတယ်။   နောက်ပြီး လျှပ်စစ်နဲ့ ပလပ်ထိုးပြီးတော့ ထုတ်တဲ့အောက်ဆီဂျင် Concentrator နဲ့    ပေးတာတွေရှိတယ်။    အဓိက ကတော့ အဲဒီလိုမျိုးတွေနဲ့ဆောင်ရွက်နေပါတယ်။


မေး။    ။     လူနာတွေအတွက်  အောက်ဆီဂျင်အိုးတွေ လုံလောက်မှု ရှိပါသလားဆရာ။
ဖြေ။    ။    အောက်ဆီဂျင်အိုးတွေကတော့ လုံလောက် မှုမရှိပါဘူး။   ဒါလည်း     ဒီရက်ပိုင်းတွေမှာ
အောက်ဆီဂျင်အိုးတွေ   အသုံးများကြတဲ့အတွက် အောက်ဆီဂျင်အိုး အများကြီးထုတ်ပေးထားပါတယ်။  ထိုင်းနဲ့တရုတ်နိုင်ငံကနေလည်း  တန်   ၂၀   ရှိတဲ့ အောက်ဆီဂျင်အရည်    ဘောက်ဆာကားကြီးတွေ နေ့တိုင်းလိုလိုဝင်ပြီး  Tank  တွေမှာ  ဖြည့်ပေးနေ ပါတယ်။    စက်ရုံတွေကနေလည်း   အောက်ဆီဂျင် အိုးတွေကိုထုတ်ပေးပါတယ်။  ဒါပေမယ့်  ရန်ကုန်တိုင်း ဒေသကြီးမှာ  အောက်ဆီဂျင်အိုးတွေ   ဘာကြောင့် မလုံလောက်လည်းဆိုတော့  အနီးအနားကဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊    ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့က အကုန်လုံး အောက်ဆီဂျင်   မလုံ လောက်တာတွေက  ရန်ကုန်ကနေပဲ    လာဆွဲကြတာ  ကြောင့် အောက်ဆီဂျင်အိုးတွေ လုံလောက်မှု  မရှိ ဖြစ်နေတာပါ။ 

 


ကာကွယ်ဆေးထိုးနှံမှု
မေး။    ။    ဒီရက်ပိုင်း     ကိုဗစ်ကာကွယ်ဆေးထိုးနှံ တာတွေ ရှိလာမှာဆိုတော့ ကာကွယ်ဆေး 
နဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။

 


ဖြေ။    ။    အရင် Covishield  နှစ်ကြိမ်ထိုးနှံပြီးတဲ့ သူတွေကို  ကျွန်တော်တို့က   ဆေးမထိုးနှံ 
ပေးတော့ပါဘူး။ နောက်ဆေးမတည့်တဲ့ သူတွေဆိုရင်  လည်း  ဆရာဝန်နဲ့တိုင်ပင်ပြောပြပြီးမှပဲ   ဆေးထိုးနှံ ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့တစ်လ အတွင်းမှာ Positive ဖြစ်ထားတာတို့    နောက်  ကိုဗစ်-၁၉ ရောဂါလက္ခဏာ      တစ်ခုခုခံစားနေရတာတို့ ဆိုရင် ကာကွယ်ဆေးမထိုးသင့်သေးပါဘူး။  ခဏ စောင့်ဆိုင်းသင့်ပါတယ်။  သုံးလ၊  ခြောက်လအထိ တောင် စောင့်ဆိုင်းပြီး ထိုးရမယ်လို့ပြောထားတာတွေ လည်း ရှိပါတယ်။ ဆိုလိုတာက ပြီးခဲ့တဲ့လအတွင်းမှာ Covid  Positive ထွက်ထားတာတို့ ဒါမှမဟုတ်  ကိုဗစ်ရောဂါလက္ခဏာ တစ်ခုခုခံစားထားရတယ် ဆိုရင်   ကာကွယ်ဆေးကို    အလျင်စလိုမထိုးသေးဘဲနဲ့  ခဏနောက်ဆုတ်ပြီးမှ ထိုးရမယ်ပေါ့။  သက်သာ လာပြီဆိုရင်တော့ အတတ်နိုင်ဆုံး အားပြည့်အောင်           အိပ်ရေးကို ဝဝလင်လင်အိပ်၊  အစားကိုပြည့်ဝစွာစား၊ အနားယူပေါ့။     ကိုဗစ်ရောဂါက    တစ်ခါတလေ ကျရင်လည်း  ကိုယ်ခံအားနည်းရင်  တစ်ခါဖြစ်ပြီးလို့  နောက်တစ်ခါမဖြစ်ဘူးလို့တော့      ပြောလို့တော့ မရဘူး။   အဲဒါကြောင့်   ရောဂါဖြစ်ပြီးသွားပြီဆိုပြီး တော့လည်း  ပေါ့ပေါ့ဆဆနေလို့တော့ မရဘူးပေါ့၊။ ဆိုလိုတာက  ဗိုင်းရပ်စ်ကလည်း    မျိုးစိတ်သစ်တွေ ထွက်ထွက်လာတယ်။ မျိုးစိတ်သစ်တွေ   ထွက်လာ   တော့ ငါတော့ဖြစ်ပြီးသားပဲဆိုပြီးတော့ ပေါ့ပေါ့ဆဆ နေလို့မရဘူးလို့ ပြောချင်တာပါ။

 


မေး။    ။    ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကျန်းမာရေးချို့တဲ့တဲ့သူတွေရော        ကာကွယ်ဆေး 
ထိုးနှံလို့ရပါသလား ဆရာ။

 


ဖြေ။    ။    အရင်   Covishield   တုန်းကတော့ ကိုယ်ဝန်သည်တို့၊        နို့တိုက်မိခင်တို့ကို 
ကာကွယ်ဆေးပေးမထိုးဘူးဗျ။     အသက်ငယ်တဲ့ အထဲမှာဆိုရင် ကိုယ်ဝန်ဆောင်တို့၊ နို့တိုက်မိခင်တို့ ကတော့    ကာကွယ်ဆေးမထိုးတာ    ပိုကောင်းပါ တယ်။ ဆီးချိုနဲ့သွေးတိုးရောဂါရှိတဲ့သူတွေကတော့  ပုံမှန်ဆေးဝါးကုသမှုခံယူသူတွေဆိုရင်    ကာကွယ် ဆေးထိုးနှံလို့ရပါတယ်။ အခြားပြင်းထန်တဲ့ ရောဂါ တွေဖြစ်တဲ့  အသည်း၊    ကျောက်ကပ်နဲ့  နှလုံး မကောင်းဘူးဆိုတဲ့သူတွေကြတော့  အဲဒီမှာရှိတဲ့ ဆရာဝန်နဲ့      တိုင်ပင်ပြီးတော့မှ   သူ့ရဲ့ရောဂါ အခြေအနေကို    စမ်းသပ်ပြီးတော့မှ  ထိုးသင့်၊ မထိုးသင့်  ချင့်ချိန်ပြီး ကာကွယ်ဆေးထိုးနှံရမှာ ဖြစ်ပါတယ်။ အသက် ၆၅   နှစ်အထက်လည်း    ဖြစ်တယ်။    ကာကွယ်ဆေး    တစ်ကြိမ်မှလည်း     မထိုးနှံရသေးဘူး။    အခုန ကျွန်တော်ပြောသလို လွန်ခဲ့တဲ့တစ်လအတွင်းမှာ  ကိုဗစ်   Positive ဖြစ်ထားတာ၊  ရောဂါလက္ခဏာ    ပြထားတာတို့ မရှိဘူးဆိုရင် ကာကွယ်ဆေးထိုးနှံရမှာ ဖြစ်ပါတယ်။   အရေးကြီးတာတော့ ကျွန်တော်တို့  ကျန်းမာရေး ဌာနအနေနဲ့      ပြည်သူတွေအတွက်   တီဗွီ၊   သတင်းစာနဲ့   ရေဒီယိုတွေကပါ     တစ်ဆင့်    သတိပေးတာတွေ၊   အသိပေးတာတွေ တစ်ချိန်လုံး လုပ်ဆောင်နေပါတယ်။  ဒါတွေကို   လက်တွေ့ သတိထားလိုက်နာကြရမယ်။   အသိနဲ့    သတိနဲ့  ကာကွယ်မယ်ဆိုရင်တော့  ရောဂါပိုးက      ဒီထက် အများကြီး     လျော့ကျလာမှာ      ဖြစ်တယ်။ ကာကွယ်ဆေးထိုးနှံတဲ့အခါမှာလည်း   ကိုယ်က ထိုးနှံရမယ့်   ဦးစားပေးအုပ်စုထဲမှာပါပြီဆိုရင်  မပျက်မကွက် သွားရောက်ထိုးနှံကြပါလို့ ပြောချင် ပါတယ်။

 


မေး။    ။    ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက် ပြီး ပြည်သူတွေကို အသိ၊ သတိပေးစကား 
လေးပြောပေးပါဦးဆရာ။
ဖြေ။    ။    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက် ပြီး  ပြည်သူတွေကို အသိ၊ သတိပေးချင် 
တာကတော့              


ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး  မပေါ့ဆကြ ပါနဲ့၊      တချို့က     ပေါ့ဆကြလို့ပါ၊   ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင် ထိုးနှံကြရမှာဖြစ်တယ်၊ နှစ်ကြိမ် ပြည့်ရင်လည်း  ကိုယ်ခံအားက  ချက်ချင်းတက်လာ တာ     မဟုတ်ပါဘူး၊   ကာကွယ်ဆေးထိုးပြီးတိုင်းလည်း  လူ ၁၀၀ ထိုးလို့   ၁၀၀  လုံး    ကိုယ်ခံအား     ရောဂါ ကာကွယ်နိုင်တဲ့ ခုခံအားရှိမယ်လို့ ပြောလို့မရဘူး၊ ဒါကြောင့်   Social  Distancing နဲ့  လူစုလူဝေးကို    တတ်နိုင်သမျှ ရှောင်ကြဉ်တာ၊  ခပ်ခွာခွာ တစ်ယောက် နဲ့ တစ်ယောက် ခြောက်ပေအကွာနေတာ၊ နှာခေါင်း  စည်းတပ်တာ၊ လက်ဆေးတာတို့ကို  လုပ်ဆောင် ကြရမှာဖြစ်ပါတယ်၊  ဒါတွေကတော့  ကာကွယ် ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ဆက်ပြီး ဂရုစိုက်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်၊  ကာကွယ်ဆေးထိုးထားခြင်းအားဖြင့်  တွေ့ရှိသမျှ ကတော့ ကာကွယ်ဆေးထိုးနှံထားတဲ့သူနဲ့ မထိုးနှံ တဲ့သူဆိုရင်   ကာကွယ်ဆေးထိုးနှံထားတဲ့သူမှာ  ရောဂါ   ပြင်းထန်တာတွေ့ရတာ   ရှားပါတယ်၊ ကာကွယ်ဆေး မထိုးတားတဲ့သူတွေမှာ ပိုပြီးရောဂါ ပြင်းထန်တာတွေကို တွေ့ရပါတယ်၊ အဲဒါကြောင့်  ကာကွယ်ဆေးထိုးနှံဖို့ကို အထိုးခံမယ့်အုပ်စုထဲမှာ ပါရင်  မပျက်မကွက်  ထိုးနှံသင့်တယ်၊  နောက် တစ်ချက်က ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီးတော့ လည်း   ပေါ့ပျက်လို့မရဘူး၊ ကျွန်တော်တို့ပြောထား တဲ့  Social Distancing တွေ  ဆက်လုပ်ရမယ်၊   ကိုယ်ခံအားစနစ်ကောင်းအောင်    အိပ်ရေးဝဝ အိပ်ရမယ်၊  အာဟာရကို   မျှမျှတတနဲ့  ပြည့်ဝစွာ စားရမယ်၊    မလိုအပ်ဘဲနဲ့   လူစုလူဝေးနေရာကို  မသွားနဲ့၊ ရောဂါကူးတာက အဲဒီထဲကနေကူးတာမို့ပါ၊ နှာခေါင်းစည်းတပ်တာတို့၊    လက်ဆေးတာတို့ ကတော့  အမြဲလိုလို အလေ့အကျင့်လို လုပ်ဆောင် နေရမှာ ဖြစ်တယ်။ 
ကူးစက်မှုနှုန်း နည်းနည်းလျော့ကျလာ
မေး။    ။    ဖြည့်စွက်စကားပြောကြားလိုတာ   ရှိရင် ပြောပေးပါဦးဆရာ။


ဖြေ။    ။    ပြောနိုင်တာတစ်ခုကတော့ ဇူလိုင်  ၂၂ ရက်၊ ၂၃ ရက်လောက်မှာ ကိုဗစ်ရောဂါ 
ကူးစက်မှုအခြေအနေတွေက     အမြင့်ဆုံးကို ရောက်ရှိလာပြီး   ဒီလနောက်ဆုံးပတ်ထဲမှာတော့      ကူးစက်မှုနှုန်း  နည်းနည်းလျော့ကျလာတာ တွေ့ရ ပါတယ်၊ အဓိက ကတော့ ကျောင်းတွေနဲ့ရုံးတွေကို   ပိတ်လိုက်ပြီး  Lock Down တွေ  လုပ်ဆောင်လိုက် တာမို့  လူတွေကို  အသွားအလာတွေ   ကန့်သတ် လိုက်တဲ့အတွက်     ရောဂါကူးစက်မှုနှုန်းက     လျော့ကျသွားတာပဲ ဖြစ်တယ်၊ ဒါကတော့ထုံးစံပဲ ဖြစ်ပါတယ်၊  လူတွေ   စုရုံးစုရုံးလုပ်နေရင်တော့    ရောဂါကူးစက်မှုက   ဖြစ်မှာပါပဲ၊  အသွားအလာ အနေအထိုင်ဆင်ခြင်မယ်၊    ကိုယ့်အိမ်ထဲကိုယ် နေမယ်ဆိုရင်တော့    ရောဂါကူးစက်မှုနှုန်းက လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။
မေး။    ။    ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။