
တိုင်းရင်းသားပြည်သူများခင်ဗျာ
ဒီနေ့ဟာဆိုရင် ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင် ခဲ့တာ (၆)လပြည့်မြောက်တဲ့နေ့ ဖြစ်ပါ တယ်။ တိုင်းရင်းသားပြည်သူတွေအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံး ကင်းဝေးပြီး ကျန်းမာကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကို အစိုးရ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး လက်တွဲပြီး စုပေါင်းညီညွတ်စွာရင်ဆိုင်ကြရပါမယ်။ ကျွန်တော့်ရဲ့မူဝါဒကတော့ လူ့အသက် ထက်အရေးကြီးတာမရှိပါဘူး။ အဓိက ကတော့ ကျန်းမာရေးပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှ ပညာသင် ကြားနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထုရဲ့ ကျန်းမာရေးထက် အရေးကြီးတာမရှိပါဘူး။ ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ ဘာ ကန့်သတ်ချက်မှ မထားပါဘူး။ ရှိသမျှ သော
လူ့စွမ်းအား၊ ပစ္စည်းစွမ်းအား၊ ဉာဏစွမ်းအားတွေနဲ့ ကာကွယ်ကြပါမယ်။ ကျွန်တော်တို့ အောင်ကို အောင်မြင်ကြရပါမယ်။ တိုင်းရင်းသားပြည်သူ အားလုံးရဲ့ စုပေါင်းညီညွတ်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကို အောင်မြင်ရမယ်။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး အောင်မြင် ရပါမယ်။ ဒီလို အောင်စိတ်ကို စည်းလုံးညီညွတ်မှု၊ ယုံကြည်မှု၊ ကြိုးစားမှု၊ လုံ့လ၊ ဝီရိယဆိုတာတွေနဲ့ မြှင့်တင်လိုက်ရင် ကျွန်တော်တို့နိုင်ငံအတွက်၊ ပြည်သူ့အတွက် မဖြစ်နိုင်တဲ့လုပ်ငန်းဆိုတာ မရှိဘူးလို့ ဦးစွာပြောကြားလိုပါတယ်။
ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ အခြေခံနိုင်ငံရေး၊ လူမှုရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်အခြေအနေတွေကို ပြည်သူ့ထံကို တင်ပြမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသိပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ကတည်းက ပြည်သူတွေလိုလားခဲ့တဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို တပ်မတော်အစိုးရအနေနဲ့ အခြေခံ ကစပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြည်သူကရွေးချယ်ခဲ့တာဖြစ်ပါ တယ်ဗျာ။ ဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ က အဲဒီစနစ်ရဲ့ “အသက်” ပဲဖြစ်ပါတယ်။ ကျွန်တော် တို့လို ဒီမိုကရေစီပြန်လည်တည်ဆောက်စနိုင်ငံ မှာဆို ပိုပြီးအရေးကြီးပါလိမ့်မယ်။ ပြီးရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ် တွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကသာ ကျွန်တော်တို့ပြည်သူလူထုရဲ့ရည်မှန်းချက် ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရား စီရင်ရေးမဏ္ဍိုင် စတဲ့မဏ္ဍိုင်ကြီး ၃ ရပ်နဲ့ တည်ဆောက် ရပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ဟာလည်း တစ်ခုနဲ့ တစ်ခု ထိန်းညှိကြပ်မတ်ခြင်း(Check and Balance) ဆိုတဲ့အလုပ်ကို ပီပြင်စွာဆောင်ရွက်နိုင်မှ ပြည်သူ လူထုပိုင်တဲ့ဒီမိုကရေစီ(of the people)၊ ပြည်သူ လူထုအတွက်ဒီမိုကရေစီ(for the people)၊ ပြည်သူ လူထုက ရွေးချယ်တဲ့ ဒီမိုကရေစီ(by the people) ဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီတုန်းက အာဏာရအစိုးရ ဖြစ်တဲ့ NLD အစိုးရနဲ့ NLD ပါတီတို့ဟာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲ ပေးခြင်း စတဲ့ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ NLD ပါတီအနေနဲ့ အုပ်ချုပ်ရေးအာဏာကို အလွဲ သုံးစားပြုပြီး ဝင်ရောက်စွက်ဖက် မလျော်ဩဇာသုံးပြီး မသမာမှုများ ဆောင်ရွက်ခဲ့ခြင်းတွေပြုလုပ်ခဲ့ပါ တယ်။ NLD ပါတီမဟုတ်တဲ့ အခြားနိုင်ငံရေးပါတီ တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေအားလုံးကို အုပ်ချုပ်ရေး အာဏာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်နဲ့ တားမြစ်ချက်တွေကို အလွဲ သုံးခြင်းဖြင့် ကန့်သတ်ထိန်းချုပ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေးကနေ နိုင်ငံတော်အာဏာကို မတရား ရယူဖို့ ကြိုတင်ကြံစည်ဆောင်ရွက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူခဲ့ရပြီး နောက်ပိုင်းမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမ အချက်ဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်သည်များကို ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည်” ဆိုတဲ့အချက်ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး ရွေးကောက်ပွဲကျင်းပ ခဲ့တဲ့မြို့နယ် ၃၁၅ မြို့နယ်ရဲ့ မဲစာရင်းတွေကို မြို့နယ်အလိုက် အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေတွေ၊ ဆန္ဒမဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေနဲ့အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနဲ့ တွေ့ဆုံမေးမြန်းစစ်ဆေးခြင်း တွေ ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ခဲ့ရာမှာ မဲမသမာမှုစုစုပေါင်း ၁၁,၃၀၅,၃၉၀ (တစ်ဆယ့် တစ်သန်း သုံးသိန်းကျော်) စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲမစတင်မီမှာရော၊ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာပါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ အထောက်အထား တွေ၊ မဲမသမာမှုတွေရှိကြောင်း တရားဝင်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ တွေ့ရှိချက်တွေကို စာရင်းဇယား တွေနဲ့ ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဖြစ်တဲ့ ဆွေးနွေးအဖြေရှာ ဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ တာဝန်ရှိသူတွေကို တရားဝင်အသိပေးတာတွေ၊ ထုတ်ပြန်တာတွေ၊ သဘောထားတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ တကယ်လို့ ရိုးရိုးသားသား မှားယွင်းတယ်ဆိုရင် တရားဝင်ဖြေရှင်းလို့ရပါတယ်။ ဥပဒေနဲ့အညီဆောင်ရွက်နိုင်ပါတယ်။ သက်သေပြနိုင် ပါတယ်။ ဘာမှအကြမ်းဖက်စရာမရှိပါဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့အညီ ဥပဒေနဲ့သွားနေတာ ပါ။ နောက်ဆုံးမှာ တစ်ဖက်က မဲမသမာမှုတွေကို ဖြေရှင်းဖို့မလုပ်ဘဲ မသမာမှုတွေ့ရှိတဲ့ ရွေးကောက်ပွဲ ရလဒ်ခေါင်းစဉ်ဖြင့် လွှတ်တော်ကိုအတင်းခေါ်ယူပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ရယူဖို့ ဆောင်ရွက် လာတဲ့အတွက် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနဲ့အညီ ထိန်းသိမ်း ခဲ့ရတာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်အရ လွှတ်တော်ကိုယ်စားလှယ် တွေကို ပြည်သူက တိုက်ရိုက်ရွေးချယ်ပါတယ်။ ဒါက ဥပဒေပြုရေးမဏ္ဍိုင်ပါ။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေ ကပဲ နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တဲ့ သမ္မတကို ရွေးချယ်ရပါတယ်။ သမ္မတက အစိုးရအဖွဲ့တွေကို ခန့်အပ်ရပါတယ်။ ဒါကအုပ်ချုပ်ရေးမဏ္ဍိုင်။ ဒီသမ္မတ ကပဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားသူကြီး တွေကို ခန့်အပ်ပါတယ်။ ဒါက တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ မဏ္ဍိုင်ကြီး ၃ ရပ်လုံးအတွက် ရွေးကောက်ပွဲလို့ဆိုနိုင်ပါတယ်။ မဲမသမာမှုတွေနဲ့တက်လာတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ၊ အဲဒီလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုရေးမဏ္ဍိုင်က တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရွေးချယ်လိုက်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေး မဏ္ဍိုင်တို့ဟာ ပြည်သူကို ဘယ်လိုလုပ်ကိုယ်စားပြု မလဲ၊ ဘယ်လိုလုပ် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ ဖြစ်တဲ့ ထိန်းညှိကြပ်မတ်ခြင်း (Check and Balance) လုပ်ကြမလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီမိုကရေစီလို့အမည်တပ်ပြီး တစ်ပါတီ အာဏာရှင် စနစ်၊ လူတစ်ဦးတည်း အာဏာရှင်စနစ်ကို အသက်သွင်း နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူရဲ့ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ပြန်လည် ပေါ်ပေါက်ရေး ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ မဲစာရင်းတွေစစ်ဆေးပြီး တွေ့ရှိချက်တွေ၊ မြေပြင်စစ်ဆေးတွေ့ရှိချက်တွေနဲ့၊ သက်သေအထောက်အထားတွေကို ကျွန်တော်တို့ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်း အလိုက် အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ အတွင်းမှာ အပြီးသတ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိတဲ့အပြင် လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်နေတာကို စစ်ဆေးတွေ့ရှိရလို့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ ပါတယ်။ ကျွန်တော်တို့အနေနဲ့ တည်ဆဲဥပဒေတွေနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကျင့်သုံးရာမှာ လက်ကိုင်ထားလိုက်နာရမယ့် ဥပဒေအထက်မှာ မည်သူမှမရှိ(No Man above the Law) ဆိုတာကို လိုက်နာဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတဲ့နောက် ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်ရမှာကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်း ချက်များနဲ့အညီ ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးရမှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း (၁၁)၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ ၄,၈၆၉,၄၂၇(လေးဆယ့် ရှစ်သိန်း)ကျော် မဲပေးခဲ့တာတွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိရဲ့ဆန္ဒ အတိုင်းမဲပေးခွင့်ရရှိဖို့ ဦးစားပေးဆောင်ရွက်မှာ ဖြစ်လို့ နိုင်ငံသားစိစစ်ရေးကတ်ရှိရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနရဲ့ အစီရင်ခံချက်အရ တစ်နေ့ကို ဦးရေ ၃၀၀ နှုန်းနဲ့ လုပ်ဆောင်နိုင်ရင် ၁၈ လခန့် ကြာမြင့် နိုင်ပါတယ်။ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့် အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာ တိုးမြှင့်နိုင်ပါ တယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ နောက်ဆုံးလုပ်ငန်းစဉ်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရ သည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဒီလုပ်ငန်းစဉ် အတွက် ကျွန်တော်တို့ဟာ လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူ တွေရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာအောင် ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါတယ်။
b စာမျက်နှာ ၃ မှ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေး ဆိုရာမှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံ ရေးအရ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုတွေ လိုအပ်မှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥပဒေ တွေကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့ အလေ့အထကောင်းတွေရရှိလာစေဖို့ ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့အတူ ပေါက်ဖွား လာတဲ့ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေ၊ အမြင် မတူညီမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒါတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ဖြစ်ပေါ်လာတဲ့ မဲမသမာမှုတွေအပေါ်မှာ ဒီညှိနှိုင်းဆွေးနွေး အဖြေ ရှာခြင်း နည်းလမ်းဆိုတာ ပျောက်ဆုံးခဲ့ရပါ တယ်။
ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါတယ်။ အဓိကကတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်း အားလုံး အဆင်ပြေချောမွေ့စွာပြီးစီးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ NLD ပါတီဝင်အစွန်းရောက် တွေနဲ့ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်တွေ အနေနဲ့ ဥပဒေနဲ့အညီသွားဖို့၊ ဖြေရှင်းဖို့ မလုပ် ဆောင်ခဲ့ဘဲ အကြမ်းဖက်နည်းလမ်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မင်းမဲ့စရိုက်တွေ ဖြစ်လာအောင်၊ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်။ လုပ်ဆောင်ခဲ့ ပါတယ်။ သူတို့ကို မထောက်ခံတဲ့ အမြင်မတူသူ အားလုံးကို “ ငါနဲ့မတူ ငါ့ရန်သူ ” သဘောထားနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ပြန်လည် တည်ငြိမ်မှုရရှိအောင် ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်ကြရပါမယ်။ အစိုးရရဲ့အုပ်ချုပ်မှု ယန္တရားကစပြီး ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝကို Social Bullying၊ ဖီဆန်ပုန်ကန်ရေးလှုပ်ရှားမှု (CDM) စတာတွေနဲ့ ယိုယွင်းပျက်စီးအောင် ဆက်လက် လုပ်ဆောင်နေတာတွေ၊ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေတာတွေကို ကျွန်တော်တို့ စုပေါင်းအင်အားနဲ့ ဟန့်တားကာကွယ်ရပါမယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်အသီးသီးမှာ မတည်မငြိမ် ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အစိုးရပြုတ်ကျ ရေး၊ တပ်မတော်ပြိုကွဲရေးအတွက် ဦးတည်ပြီး လုပ်ဆောင်နေရုံသာမကဘဲ ကျွန်တော်တို့အားလုံးတန်ဖိုးထားရတဲ့ မြန်မာတိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေ ကိုပါ အခြေအမြစ်ကစပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒါကို အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဗုဒ္ဓဘာသာဝင် တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ တာဝန် ယူပြီးချိန်ကစပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက် များနဲ့အညီ သက်ဝင်ယုံကြည်မှု မပျက်စေရန် ကျွန်တော်အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်၊ မြန်မာရဲ့အနာဂတ်ကို မြန်မာတိုင်းရင်းသားပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက်နိုင်တဲ့ နိုင်ငံတော်ကို ရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော် တို့တည်ဆောက်ကြပါမယ်။ တိုင်းရင်းသား ပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင် ရွက်ပေးကြဖို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး မှုအရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ( Nationwide Ceasefire
Agreement-NCA) ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အဓိက အခြေခံဆွေးနွေးပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ တပ်မတော်အနေနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ခိုင်မာစွာရပ်တည် ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ကျွန်တော်ပြောလိုပါတယ်။ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမဆို
တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။
ဒီနေရာမှာ အာဆီယံနဲ့ဆက်ဆံဆောင်ရွက်တဲ့ အခြေ အနေကိုပြောလိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး ကျွန်တော်တက်ရောက်ခဲ့ပြီး သဘောတူညီချက်
၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒီထဲက လုပ်ဆောင်သင့်လုပ် ဆောင် ထိုက်တာများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလ အဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Virasakdi Futrakul ကို သဘောတူထားပြီးသားပါ။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေ ထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောလိုပါတယ်။ မကြာမီရက်ပိုင်း အတွင်းမှာပြုလုပ်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေ့ရှိ ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စား လှယ်တွေကို မျက်မြင်ရှင်းပြဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျာ
လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ အခြားကမ္ဘာ့နိုင်ငံ အများစုနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ခံစားနေရပါတယ်။ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုနဲ့ပူးပေါင်းပြီး စွမ်းအားကုန် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့မတူ ပါဘူး။ နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအရေအတွက် မြင့်တက်လာသလို ပိုးတွေ့ရှိသူဦးရေ ရာခိုင်နှုန်းနဲ့ သေဆုံးတဲ့ဦးရေလည်း ယခင်ကထက် မြင့်တက် လာပါတယ်။
ဒီလိုအချက်အလက်တွေကို ထောက်ပြပြီး သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ယနေ့ကြုံတွေ့နေရတဲ့ တတိယလှိုင်းနဲ့ ယခင် ဒုတိယလှိုင်း အခြေအနေတွေကို လွဲမှားစွာ ချိန်ထိုး နှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေတာတွေကို တွေ့ရ ပါတယ်။ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ ရောဂါ ကူးစက်မှုအခြေအနေအရပ်ရပ်ကို ကူးစက်ရောဂါဗေဒ ရှုထောင့်က အရှိတရားနဲ့အနီးစပ်ဆုံးဖြစ်အောင် သုံးသပ်ဖို့လိုပါတယ်။
ဒီရောဂါပိုးဟာ အစောပိုင်းမှာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေမှာ ကူးစက်ရောဂါ ရှုထောင့်အရ ပြင်းထန်တဲ့ သက်ရောက်မှုမရှိခဲ့ဘဲ ပြင်သစ်၊ စပိန်၊ အီတလီကဲ့သို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်၊ ဘရာဇီးကဲ့သို့ အမေရိက တိုက်တောင်ပိုင်းနဲ့ မြောက်ပိုင်းနိုင်ငံတွေမှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ ဒါပေမယ့် ပထဝီအနေအထားအရ အလွန်ဝေးလွန်းတဲ့ မြန်မာနိုင်ငံအနေနဲ့တော့ ကိုဗစ်ပထမလှိုင်းရဲ့ အဖျားပင် မရိုက်ခတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
ဒုတိယလှိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ အတိုင်းအတာ တစ်ခုအထိ ရုန်းကန်ခဲ့ရပါတယ်။ သို့သော် ဒုတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲတွေက အခုဖြစ်ပွားနေတဲ့ မျိုးကွဲတွေလောက် ကူးစက်မှုနှုန်း မမြန်ဆန်တာ တွေ့ရမှာဖြစ်ပါတယ်။
ယခု တတိယလှိုင်းမှာကတော့ မိမိတို့ အိမ်နီး ချင်းနိုင်ငံတွေမှာ အကြီးအကျယ် ကူးစက်မှုနှုန်း မြင့်မားခဲ့ပြီး ဒေသတွင်းနိုင်ငံတွေမှာဆိုရင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစား နေရဆဲဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။ အဓိက အချက်တစ်ခုအနေနဲ့ကတော့ ကူးစက်မြန် ဗီဇ ပြောင်းမျိုးကွဲတွေ ပေါ်ထွက်လာခြင်းပဲဖြစ်ပါ
တယ်။ အခုတွေ့ရှိမှု အများဆုံးဖြစ်နေတဲ့ Delta မျိုးကွဲဟာဆိုရင် ကူးစက်မှုအားအနေနဲ့ ယခင် မျိုးကွဲတွေထက် ၆၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန် လာတယ်လို့ သိရှိရပါတယ်။ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးဟာ ပွားများနိုင်မှု (Reproduction number) R 0 ဂဏန်းအားဖြင့် ၂.၄ မှ ၂.၆ အတွင်း သာရှိပေမယ့် Alpha နှင့် Delta မျိုးကွဲသစ်တွေရဲ့ R 0 ဂဏန်းသည် ၄ မှ ၅ နှင့် ၅ မှ ၈ အသီးသီး ရှိတယ်လို့ သိရှိရပါတယ်။ (ဆိုလိုတာကတော့ တကယ်လို့ R 0 ဂဏန်းက ၂ ဖြစ်တယ်ဆိုရင် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်းဟာ လူ ၁ ဦးမှ ၂ ဦး၊ ၂ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၁၆ ဦး စသဖြင့် R 0 ဂဏန်းအတိုင်း ဆတိုးကူးစက် သွားတာဖြစ်ပါတယ်။) အခု တတိယလှိုင်းမှာ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ မျိုးကွဲတွေကတော့ အဓိကအားဖြင့် စိုးရိမ်ဖွယ်မျိုးကွဲအုပ်စုတွေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ Alpha, Beta နှင့် Delta မျိုးကွဲတွေဖြစ်နေတာ တွေ့ရပါတယ်။ အခု တတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲသစ်တွေရဲ့ပွားများနိုင်မှု R 0 ကို ကြည့်ခြင်း အားဖြင့် ဒုတိယလှိုင်းမှာဖြစ်ပွားတဲ့ မျိုးကွဲတွေထက် ဘယ်လောက်ထိ ပိုမိုကူးစက်နှုန်းမြန်မယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ အနည်းဆုံး R 0 ဂဏန်း ၄ ရှိတဲ့အတွက် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွား နှုန်းဟာ လူ ၁ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၁၆ ဦး၊ ၁၆ ဦးမှ ၆၄ ဦး စသဖြင့် ကူးစက်သွားတာ ဖြစ်ပါတယ်။ R 0 ဂဏန်း ၈ ဆိုရင်တော့ ၁ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၆၄ဦး၊ ၆၄ ဦးမှ ၅၁၂ ဦး ဆတိုးကူးစက်သွားနိုင်မှာ ဖြစ်ပါတယ်။ အခုလို အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေမှာ ကျယ်ပြန့်စွာဖြစ်ပွားနေခြင်းနဲ့ ဖြစ်ပွား နေတဲ့ မျိုးကွဲတွေရဲ့ ကူးစက်မှုနှုန်း အလွန်မြန်ဆန် နေခြင်းတို့က ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူညီဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပေါ်စေပါတယ်။
အခုလို ကူးစက်မှုနှုန်း မြင့်မားနေတဲ့အချိန်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထိရောက်ဆုံးပေးနိုင်တဲ့ ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ်ပြဿနာနဲ့ ရင်ဆိုင်နေရ ပါတယ်။ ဒီလိုဖြစ်အောင်လည်း မဲမသမာမှုကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ NLD အစွန်းရောက် တွေနဲ့ အဲဒီပါတီကိုထောက်ခံသူ အစွန်းရောက် တွေက ကျန်းမာရေးဝန်ထမ်းတွေကို လှုံ့ဆော်ခဲ့ တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီလို
ကူးစက်မှုမြင့်တက်နေချိန်မှာ ရောဂါပိုးစစ်ဆေး အတည်ပြုရေးနဲ့ ကုသရေးတွေမှာ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အဆမတန် မညီ မျှမှုက မြန်မာနိုင်ငံအတွက် ကိုဗစ်တတိယလှိုင်း ရဲ့ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေကြားက ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းကျကျ ပါဝင် ဆောင်ရွက်နေကြတဲ့ တာဝန်သိ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း(Volunteer) များ၊ လူမှုအဖွဲ့အစည်းများနဲ့ အလှူရှင်များကို အထူးပင် ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ပြောကြား လိုပါတယ်။ တစ်ဆက်တည်းမှာပဲ မသမာသူများရဲ့ လှုံ့ဆော်မှုကြောင့် CDM မှာ ပါဝင်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ဆူပူလှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုများမှာ ဦးစီးဦးဆောင် ပါဝင်ခဲ့သူများ မဟုတ်ရင် ပုဒ်မ ၅၀၅ နဲ့ ပတ်သက်လို့ ဖြေလျှော့ ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ အခု ကိစ္စဟာ နိုင်ငံရေးကိစ္စမဟုတ်ပါဘူး။ လူမှုရေးကိစ္စ၊ လူ့အသက်နဲ့ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေ ဘယ်လိုပဲရှိနေပါစေ ကျွန်တော် အနေနဲ့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားက ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ယခုလို တတိယလှိုင်းစတင်တဲ့အခါ ရှေ့လှိုင်း တွေမှာ အတွေ့အကြုံ ရှိထားတာက အားသာချက် ဟု ဆိုရမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ရောဂါ ပိုးရဲ့ကူးစက်ပုံကို သိရှိထားပြီးဖြစ်ပါတယ်။
ကာကွယ် ထိန်းချုပ် ကုသနည်းတွေကိုလည်း အကျွမ်းဝင်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှုကိုလည်း ရာခိုင်နှုန်းတစ်ခု အထိ ဆောင်ရွက်ထားနိုင်တဲ့အတွက် ကူးစက်မှု အရှိန်ကို အထိုက်အလျောက် တန့်စေနိုင်ခဲ့ပါတယ်။ အခုလို သဘာဝဘေးနဲ့ပတ်သက်ပြီးတော့ အစိုးရ ယန္တရားက ဟိုယခင်ကလို ထိန်းချုပ်ကန့်သတ်မှုနဲ့ ဗဟိုချုပ်ကိုင်မှုတွေမရှိတော့ဘဲ သက်ဆိုင်ရာ ဒေသအလိုက် အဆင့်ဆင့်သော အစိုးရဌာန အဖွဲ့ အစည်းအသီးသီးကို လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုထားတဲ့အတွက် တုံ့ပြန်ဆောင် ရွက်မှုတွေ မြန်ဆန်လာတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင်က Mask ၅ သန်းကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေကို ဖြန့်ဝေဖို့အတွက် အချိန်တော်တော်ကြာကြာ ယူခဲ့ရပေမယ့် ယခုကျတော့ တပ်မတော်လေယာဉ် တွေကို အသုံးပြုပြီး Mask ၁၂ သန်းကို ချက်ချင်းဖြန့်ဝေနိုင်ခဲ့ပါတယ်။ အခုလည်း လစဉ် ၁၂ သန်း ဖြန့်ဝေသွားပါမယ်။ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ် ကုသရေးမှာ လိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen အပါအဝင် ဆေးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းမှုအတွက် FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင်လျှောက်ထားဖို့ မလိုတဲ့အပြင် အခွန်တွေကို ဖြေလျှော့ခွင့် ပြုပေး ထားပြီးဖြစ်ပါတယ်။ ကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်ဖို့အတွက် ကန့်သတ်တားမြစ်မှု (community restriction)တွေ သတ်မှတ်ဆောင်ရွက် ရသလို တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကာလရှည် နိုင်ငံ့စီးပွားရေးနစ်နာခဲ့ရမှု
တွေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ပြန်လည်ဦးမော့လာအောင် ချိန်ဆပြီး လုပ်ဆောင် နေရတာလည်း ရှိနေပါတယ်။
စောစောစစ်၊ စောစောတွေ့၊ စောစော ခွဲထုတ်နိုင်ခြင်းက ရောဂါကူးစက်မှု ကွင်းဆက်
ဖြတ်တောက်နိုင်ရေးအတွက်ရော လူနာတွေ အတွက်ပါ လုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေ အရ သင့်တော်မယ့် ကိုဗစ်-၁၉ ကုသမှုစင်တာတွေကို လွှဲပြောင်းကုသမှုပေးနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ရောဂါကူးစက်ခံရမှု သံသယရှိတယ် ဆိုရင် နေအိမ်မှာ ဆေးမီးတိုနဲ့ကျိတ်ပြီးကုသခြင်းမပြုဘဲ နီးစပ်ရာ ဒေသန္တရ ကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးမှုခံယူပြီး အဲဒီနေရာတွေက တစ်ဆင့် သင့်တော်တဲ့ ကိုဗစ်ကုသမှုစင်တာတွေကို ဆက်လက်လွှဲပြောင်းပေးမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ မှန်မှန်ကန်ကန် သတင်းပို့ဆောင်ရွက်သွားစေလိုပါတယ်။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ လူနာ လက်ခံကုသဖို့နေရာ ၁၂၇၈ ခုမှာ လူဦးရေ ၃၉၀၀၀ လက်ခံကုသနိုင်ဖို့ ပြင်ဆင်ထားရှိသလို အရပ်ဘက် အနေနဲ့လည်း ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၅၀၀ လက်ခံနိုင်ဖို့ ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။ community COVID positive Center တွေကို လိုအပ် ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် ပေးသွားပါမယ်။
အောက်ဆီဂျင်ကတော့ ကိုဗစ်-၁၉ ကုသဖို့ အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ အောက်ဆီဂျင် သုံးစွဲရာ မှာလည်း ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့အညီသာ သုံးစွဲရပါမယ်။ ဒါကိုလည်း အချိန်မီဖြည့်ဆည်း ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေ၊ တပ်မတော်ဆေးရုံတွေ၊ အရပ်ဘက်ဆေးရုံတွေမှာရှိတဲ့ အောက်ဆီဂျင် စက်ရုံတွေ၊ ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေမှာ အောက်ဆီဂျင်ထုတ်လုပ်မှုကို စဉ်ဆက်မပြတ် monitor ပြုလုပ်ပြီး အမှန်တကယ်လိုအပ်နေတဲ့ ဆေးရုံ/ကုသမှုစင်တာတွေကို ဖြန့်ဖြူးပေးနိုင်ဖို့ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အကန့် အသတ်ရှိလာသလို အသုံးများလာတဲ့ အနေအထားမှာ ထိထိရောက်ရောက်ဖြစ်အောင် စီမံခန့်ခွဲပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံပြီးတော့ အောက်ဆီဂျင်ကို အချိန်တိုအတွင်း များများနဲ့ အရည် အသွေးမီမီ ထုတ်လုပ်နိုင်ဖို့အတွက် liquid oxygen ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ liquid oxygen ကို ရန်ကုန်၊ မန္တလေး စတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားနိုင်တဲ့နေရာတွေမှာ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိပါတယ်။ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ တပ်မတော်ဆေးရုံများနဲ့ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ များမှာ တိုးချဲ့တပ်ဆင်လျက်ရှိရာ ယခုနှစ် စက်တင် ဘာလ အတွင်းမှာ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများရဲ့ အောက်ဆီဂျင် လိုအပ်ချက်တွေကို ပြည့်ဝစွာ ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်။
ကူးစက်မှုကာကွယ်ရေးနဲ့ ပြန့်ပွားမှုနှုန်းလျော့ကျ ဖို့အတွက် ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး တွေကို အကြိမ်ရေပြည့်အောင် စနစ်တကျ ထိုးနှံဖို့ လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ရက် အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ ကာကွယ်ဆေး ထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁၈၂၅၆၄၂ ဦး(တစ်သန်း ရှစ်သိန်းကျော်) (ဦးတည် လူဦးရေရဲ့ ၆ ဒသမ ၀၈ ရာခိုင်နှုန်း) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက် ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကို များများနဲ့မြန်မြန် ထိုးနှံပေးနိုင်အောင်လည်း စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့ ကာကွယ်ဆေးတွေရရှိဖို့အတွက် ဆက်လက်ညှိနှိုင်း ဝယ်ယူဖို့ ဆောင်ရွက်လျက်ရှိသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးအရေ အတွက် ၄ သန်းအနက် အခုဇူလိုင်လ စတုတ္ထပတ်မှာ ၃ သန်း ရောက်ရှိခဲ့ပြီးဖြစ်သလို ဆေးထိုးလုပ်ငန်းများ အမြန်ဆောင်ရွက်နေပါတယ်။ နောက်ထပ် ကာကွယ် ဆေး ၃ သန်းကလည်း သြဂုတ်လအတွင်း ရောက်ရှိ လာမှာဖြစ်လို့ ရရှိလာမယ့် ကာကွယ်ဆေးများကို ဦးတည်အုပ်စုတွေနဲ့ ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါ တယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၂ သန်းဟာလည်း အသုတ်လိုက် ရောက်ရှိလာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ရရှိရန်
ကျန်ရှိနေတဲ့ ကာကွယ်ဆေးများ ရရှိရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောလိုပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ
ပူးပေါင်းဆောင်ရွက်နေကြတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်း တွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်းနဲ့ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ဆက်လက် ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ မြန်မာပြည်တွင်းမှာပဲ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကာကွယ်ဆေးလွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကူးစက် မှုဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ကြီးမားကျယ်ပြန့်စွာ ဖြစ်နေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသဆေးများ ရရှိရေးကိုလည်း နိုင်ငံတိုင်းကကြိုးစားနေရပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိမိမြို့နယ်၊ ဒေသ အတွင်း အခုလို ကာကွယ်ဆေးထိုးနှံခြင်းတွေ ဆောင်ရွက်နေချိန်မှာ ကျန်းမာရေးအသိရှိရှိနဲ့ သွားရောက်ထိုးနှံကြဖို့ အသိပေးလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျာ
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် ကုသရေးနဲ့ပတ်သက်တဲ့ အလေးထားမှုနဲ့ပူးပေါင်းပါဝင်မှုတွေ လျော့နည်းလာခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ လူမှုကွန်ရက်က တစ်ဆင့် မဟုတ်မမှန်တဲ့ အဖျက်အမှောင့် သတင်း တွေ ရေးသားဖြန့်ဝေခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်းမြင့်တက် လာစေဖို့နဲ့ ပြည်သူလူထုကြား စိုးရိမ်မှုကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်ပေါ်မှာ ရုံးစာအတုတွေ ရေးသားဖြန့်ချိနေသလို ဆေးရုံတွေက လူနာတွေ ကို လက်မခံဘဲ နှင်ထုတ်နေတယ်၊ အောက်ဆီဂျင် တွေကို ထပ်မံတင်သွင်းခြင်းမပြုဖို့ အစိုးရကပိတ်ပင် လိုက်တယ်၊ အသစ်ရောက်တဲ့ ကာကွယ်ဆေးတွေကို ကမ္ဘာကအသိအမှတ်မပြုဘူး၊ ထိုးရင် အန္တရာယ်ရှိ နိုင်တယ် စသဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသားဖြန့်ဝေနေတာကို တွေ့ပါတယ်။ တစ်ကျော့ပြန် ကူးစက်မှုတွေ မြင့်တက်လာချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊ လူထူထပ်တဲ့ နေရာတွေ သွားရောက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ Mask နဲ့ Face Shield တွေ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့်လုပ်ဆောင်ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် တဲ့ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့ ကိုဗစ်ရောဂါ စည်းကမ်းချက်တွေကို မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထုကြားမှာ အမျိုးမျိုးသော စုဝေးမှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံကင်းမဲ့စွာ၊ အကြံ ပက်စက်စွာ စည်းရုံးလှုံ့ဆော်နေမှုတွေက ပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို တိုက်ရိုက် ခြိမ်းခြောက်တာဖြစ်သလို ကိုဗစ်-၁၉ရောဂါကို လက်နက်သဖွယ် အသုံးပြုလာတဲ့ ဇီဝအကြမ်း ဖက်တဲ့ Bioterrorism သဘောတရားပင်ဖြစ်ပါ တယ်။ ဒီနည်းနဲ့ မိမိတို့ရဲ့နိုင်ငံရေး လိုဘကို ဖြည့်ဆည်းခြင်းဟာ ဘာသာရေးအရ ဆိုရင်လည်း အင်မတန် အကျည်းတန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာတွေကနေတစ်ဆင့် နိုင်ငံ အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လမ်းကြောင်းပေး လှုံ့ဆော်နေတာဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်က အဖျက်အမှောင့် လုပ်ရပ် တွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ဆူပူဆန္ဒပြမှုများဟာ သာမန်ဆန္ဒ ပြရာကတစ်ဆင့် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် ဆန္ဒပြမှုကနေ လက်နက်ကိုင်တိုက်ခိုက်လာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူများကို အလစ် ချောင်းမြောင်းသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘာလို့ ပြည်သူကို သတ်တာပါလဲ။ ဘာကြောင့် အေးချမ်းစွာနေတဲ့ ပြည်သူတွေကို တိုက်ခိုက်တာ ပါလဲ။ ဒါကို လက်ခံလို့မရပါဘူး။ အကြမ်းဖက် ဆူပူဆန္ဒပြမှုကို သူ့ဥပဒေနဲ့အညီ တုံ့ပြန်အရေးယူ ရမှာက နိုင်ငံတကာကျင့်စဉ်အတိုင်းပါပဲ။ သေစေ လောက်တဲ့ လက်နက်၊ မိုင်းများ အသုံးပြုတိုက်ခိုက် တာကိုလည်း ပြုလုပ်၍မရအောင် တုံ့ပြန်အရေး ယူဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ယခုအခါ အနည်းငယ်သောအကြမ်းဖက်တိုက်ခိုက်မှုများမှအပ နိုင်ငံတစ်ဝန်းတည်ငြိမ်မှုရှိနေပြီဖြစ်ပါတယ်။ EAo တွေအတွက် သတ်မှတ်ထားတဲ့နေရာများမှအပ ကျန်နေရာများ လုံးဝတည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
b စာမျက်နှာ ၅ မှ
ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်လျက်ရှိတဲ့ အမျိုးမျိုးသော စုဝေးမှုတွေက မြန်နှုန်းမြင့် ဗီဇကွဲကူးစက်မှုကို ပံ့ပိုး ပေးနေသလို ဖြစ်နေပါတယ်။ အဲဒီလို လူအများ စုဝေးမှု ဖြစ်ပေါ်စေဖို့အတွက်လည်း လူမှုကွန်ရက် ကတစ်ဆင့် နည်းလမ်းမျိုးစုံနဲ့ လှုံ့ဆော်မှုတွေ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာကြီးဟာ ကပ်ရောဂါအမျိုးမျိုးကို ရှေးယခင် ကပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ဖူးပြီးဖြစ်ပါတယ်။ ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါ စတဲ့ယခင် ဖြစ်ပွားပြီးခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါအမျိုးမျိုးဟာ ယနေ့ခေတ် ဆေးပညာတိုးတက်မှု အခြေအနေ တွေမှာ ထိန်းချုပ်ရလွယ်ကူပေမယ့် ကိုဗစ်-၁၉ ရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်တဲ့အတွက် အသက်ရှူတိုင်း၊ ရှူတိုင်း ကူးစက် နိုင်ခြေတွေ ရှိနေမှာဖြစ်ပါတယ်။ လူအများရဲ့ ပူးပေါင်းပါဝင်မှုမရှိဘူးဆိုရင် ကာကွယ် ထိန်းချုပ် ဖို့ဆိုတာ ခက်ခဲမယ့် ရောဂါမျိုးဖြစ်တဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် ကိုဗစ်-၁၉ ရောဂါကို အသာစီးက ထိန်းချုပ်ကာကွယ် ကုသနိုင်တာ မရှိသေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာရေးစနစ်အားကောင်းတဲ့ အမေရိကန်နိုင်ငံ က ဆေးရုံတွေမှာတောင် ခုတင်နေရာ မလုံလောက် တာတွေ၊ အသက်ရှူစက်နဲ့ လေသန့်စက် ပြတ်တောက် တာတွေ ဖြစ်ခဲ့လို့ နောက်ဆုံးမိမိနေအိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသကြရတဲ့ အခြေအနေ အထိ ရောက်ရှိခဲ့ကြပါတယ်။ အောက်ဆီဂျင်ပြဿနာ ဆိုတာကလည်း Outbreak ဖြစ်တဲ့ နိုင်ငံတိုင်း မလွှဲ မရှောင်သာ ကြုံတွေ့ရမယ့်အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာလည်းပဲ အလူးအလဲရင်ဆိုင်နေ ကြရတာကို တွေ့ရှိရပါတယ်။
ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရဟာ ကိုဗစ်ရောဂါ ထိန်းချုပ် ကာကွယ် ကုသ ရေးနဲ့ပတ်သက်ပြီး တတ်စွမ်းသမျှ ဆောင်ရွက်ဖို့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ ကပ်ရောဂါစီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်မှုတွေကို တတ်စွမ်းသမျှ ဖြေလျှော့ပေးထားပြီဖြစ်သလို လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်ဖို့အတွက် အများပြည်သူ ရုံးပိတ်ရက်တွေနဲ့ ကိုက်ညှိပြီးတော့ ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အထိ တစ်ဆက်တစ်စပ်တည်း ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပြီး ကူးစက်မှုကွင်းဆက် ဖြတ်တောက် နိုင်ဖို့ စီမံဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရေးအစွန်းရောက် အဖျက်သမားအချို့မှအပ ပြည်သူလူထုတစ်ရပ်လုံး က ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့တာဟာ ကျွန်တော် တို့ပြည်သူလူထုရဲ့စွမ်းအား၊ ချီးကျူးဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ကစလို့ ဖြစ်ပွားမှုနှုန်းဟာ ၄၀.၈၂ ရာခိုင်နှုန်းကနေ ၂၉ ရက်နေ့မှာ ၃၄.၇၅ ရာခိုင်နှုန်းအထိကျဆင်းလာ ပါတယ်။ ဒါကို ဒီထက်ပိုကျဆင်းရေးဆောင်ရွက်ဖို့ လိုပါတယ်။ ရောဂါကွင်းဆက်ကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်ဖို့ နောက်ထပ်တစ်ပတ် ထပ်မံပြီး ရုံးပိတ်ရက်ရှည်ကြေညာပါမယ်။ ဒီလိုဆောင်ရွက် ရာမှာလည်း စီးပွားရေးလုပ်ငန်းတွေ၊ ကုန်ထုတ် လုပ်ငန်းတွေ မထိခိုက်စေဖို့ ဆောင်ရွက်သွား ပါမယ်။ ကျွန်တော်တို့ ပြည်သူလူထုနဲ့အတူ ရှိနေမယ်။ ပြည်သူလူထုကို စွမ်းအားပြည့် ကာကွယ် ပေးမယ်။ အားလုံးလက်တွဲညီညီ စုပေါင်းဆောင်ရွက် ပေးခြင်းဖြင့် ဒီကပ်ရောဂါကို မြန်မာတွေ အောင်နိုင် ရမယ်လို့ လေးနက်စွာပြောကြားလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျာ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်ရာမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ကမ္ဘာမှာ လူဦးရေ သန်း ၇၀၀၀ ခန့်ရှိပြီး စား၊ ရေ၊ ရိက္ခာလိုအပ်ချက်ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါကာလမှာလည်း အခြား ဝန်ဆောင်မှုလုပ်ငန်းတွေကို လျှော့ချနိုင်ပေမယ့် စားသောက်ရေးကိစ္စတွေကတော့ ရှိနေ၊ လိုအပ် နေဆဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့အနေနဲ့ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့ ကျေးလက်နေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ အထွက်နှုန်း တိုးစေဖို့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ “မျိုး၊ မြေ၊ ရေ၊ နည်း”ဆိုတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာတို့ပေါင်းစပ်ပြီး ကောင်းမွန်တဲ့ စိုက်ပျိုးမြေများဖော်ထုတ်ပေးတာတို့၊ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးတာတို့၊ ကောင်းမွန်တဲ့ စိုက်နည်းစနစ်တွေရရှိအောင် ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးလျက် ရှိပါတယ်။ မွေးမြူရေးလုပ်ငန်းများအနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ဒေသအများစုမှာ မွေးမြူ လို့ရတဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးစတဲ့မွေးမြူရေး လုပ်ငန်းတွေကို အားပေးဆောင်ရွက်သွားရပါမယ်။ အရေးကြီးတာက စနစ်ကျနတဲ့ မွေးမြူရေးစနစ် ဖြစ်ဖို့ပါပဲ။ မြစိမ်းရောင်အသားကဏ္ဍမွေးမြူရေး ကျေးရွာထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့်မွေးမြူ ရေးတိရစ္ဆာန်များ ထုတ်လုပ်ခြင်း၊ နိုင်ငံအတွင်း ထွက်ရှိတဲ့ ကုန်ကြမ်းများကို အသုံးပြုပြီး မွေးမြူရေး အစာလုံလောက်စွာ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရပါမယ်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ချည်မျှင်နဲ့ အထည်လုပ်ငန်းမှာ နှစ်စဉ်ပြည်ပက တင်သွင်းရတဲ့ ချည်မျှင်နဲ့ အထည် ဒေါ်လာသန်း ၁ ထောင်ကျော်ဖိုးခန့် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဝါစိုက်ပျိုးနိုင်တဲ့ မြေ၊ ရေ၊ ရာသီဥတုတွေရှိပြီး ဖြစ်ပါတယ်။ လုပ်လည်းလုပ်နိုင် ပါတယ်။ လုပ်လည်းလုပ်ခဲ့ပါတယ်။ ဝတ်ရေးဟာ လည်း လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ဝါစိုက်ပျိုးထုတ်လုပ်မှု အားပေးရေး၊ ချည်မျှင်နဲ့အထည်လုပ်ငန်းများ အားပေးရပါမယ်။ မြစ်ရေတင်စီမံကိန်းတွေ၊ ဆည်ရေသောက်စီမံကိန်းများ၊ ဝါစိုက်ပျိုးရေး တိုးချဲ့သွားရပါမယ်။ အလားတူစားအုန်းဆီ တင်သွင်းနေရတာတွေ၊ နို့ထွက်ပစ္စည်းတင်သွင်း နေရတာတွေကို ပြည်တွင်းမှာပဲ ဖူလုံအောင် ပြုလုပ်ပြီး ဆောင်ရွက်သွားကြရပါမယ်။ တနင်္သာရီ တိုင်းအောက်ပိုင်း မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း ဒေသတွေမှာ ဆီအုန်း အပြည့်အဝတိုးချဲ့စိုက်ပျိုးရေး၊ နှမ်း၊ မြေပဲသာမက မုံညှင်း၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်း တိုးရေး လုပ်ကြရပါမယ်။ ရာသီဥတုနဲ့ မြေအခြေ အနေကောင်းတဲ့နေရာများမှာ နို့စားနွား မွေးမြူရေး များ ဆောင်ရွက်ပြီး နို့ထွက်ပစ္စည်း ပြည်တွင်းမှာ လုံလောက်ပြီး ပိုလျှံအောင် ဆောင်ရွက်နိုင်ပါတယ်။ “ပြည်တွင်းဖြစ်ကို အားပေးပါ”ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများ၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများကို အားပေးကြဖို့လိုပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ခြင်းဖြင့် အလုပ်အကိုင်အခက်အခဲ ကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်နေရသူများ အတွက် အလုပ်အကိုင်များရရှိစေနိုင်မှာ ဖြစ်ပါ တယ်။ စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်ရေး၊ အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြုနိုင်ရေး တို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်နေတဲ့ နိုင်ငံ ဖြစ်ပေမယ့် စိုက်ပျိုးရေးတက္ကသိုလ်တစ်ခုနဲ့ မွေးမြူရေးနဲ့ ဆေးကုသရေးတက္ကသိုလ်တစ်ခုသာရှိ ပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို နည်း စနစ်တကျ၊ ခေတ်မီအောင် ဆောင်ရွက်နိုင်ဖို့ အသိ ပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ စိုက်ပျိုး၊ မွေးမြူရေးကျောင်းတွေကို သိပ္ပံ၊ ကောလိပ် အဆင့်တိုးမြှင့်ဖို့၊ ကျောင်းများဖွင့်လှစ်ပြီး အသိ ပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို ခေတ်မီစေဖို့၊ စက်မှုအခြေခံစနစ်ကို ပြောင်းလဲနိုင်ဖို့နဲ့ အခြား ကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာလည်း မျက်ခြည်မပြတ် ဆောင်ရွက်နိုင်ရေး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။
စိုက်ပျိုးရေးအဓိကထားတဲ့အတွက် စိုက်ပျိုးရေး ထွက်ကုန်ဈေးကွက်ကလည်း သေချာဖို့လိုပါတယ်။ နယ်စပ်နဲ့ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောင်းမရတာများ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ နှစ်စဉ်နီးပါးကြုံကြ ရပါတယ်။ ဒါ့ကြောင့် ခေတ်မီသိုလှောင်ရေးစနစ်၊ တန်ဖိုးမြင့်ထုတ်လုပ်ရေးစနစ်များ ကြိုးစား လုပ်ဆောင်ရပါမယ်။ ဥပမာ ကြက်သွန်နီဈေးကွက် မှာ ကြက်သွန်နီ ရိုးရိုးပို့ကုန်အပြင် ကြက်သွန်မှုန့်၊ ကြက်သွန်ကြော်၊ ကြက်သွန်နှစ်များ ပြုလုပ်တာမျိုး ဆောင်ရွက်ရပါမယ်။ တောင်သူတွေ စိုက်ပျိုးရေး ထုတ်ကုန်၊ မွေးမြူးရေးထုတ်ကုန်များအတွက် အရှုံးမပေါ်ရလေအောင် ကြိုးစားဆောင်ရွက်ရ ပါမယ်။ ကျွန်တော်တို့ Agro Base Industry စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းကို သွားရပါမယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြား ဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နဲ့အထက် ၈.၁ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေဖူးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူများထဲမှာ အလယ်တန်းအဆင့် နဲ့ ၎င်းအဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈.၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံ လောက် ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရဲ့ပညာရည်မြှင့် တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည် မြှင့်တင်ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစားလုပ်ကိုင်ရမှာ ဖြစ်ကြောင်း ပြနေပါတယ်။ ဒါ့ကြောင့် ပညာရေး နဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ် သဖွယ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီ ကို ခိုင်မာစေဖို့၊ တိုင်းပြည်တိုးတက်စေဖို့ဆိုရင် ပညာတတ်များစွာ ရှိဖို့လိုပါတယ်။ သိပ္ပံပညာရှင်၊ နည်းပညာပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေးပညာ ရှင်များ၊ ဆေးပညာရှင်များ မွေးထုတ်ပေးရပါမယ်။ ဒါ့ကြောင့် အဆင့်မြင့်ပညာရေးကို လက်တွေ့ကျကျ အားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပညာရေးကို အားပေးဖို့လိုပါတယ်။ အခက်အခဲတွေကြားက ပညာရေးခါးဆက်မပြတ်ဖို့ ကျွန်တော်ကြိုးစားပြီး ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါတယ်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တ ပြန်ပိတ်ထားရပါတယ်။ ကျောင်းများဖွင့်လှစ်ချိန်က ပညာရေးနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ခဲ့ကြတဲ့ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်း သား ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။ ပညာသင်ကြား နေသူ လူငယ် လူရွယ်များအားလုံး ကျောင်းပညာ ကိုသာ အာရုံစိုက်အလေးထားသင်ကြားလေ့လာ ကြဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့အခြေခံနဲ့ ပြည်သူအများစု လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လက်တွေ့ကျကျ၊ အစုအဖွဲ့အလိုက် အထောက်အကူ ပြုနိုင်ဖို့အတွက် သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီဝန်ကြီး ဌာနအနေနဲ့ ယခင်စနစ်ဟောင်း သမဝါယမစနစ်လို လုပ်ကိုင်ဆောင်ရွက်မှာမဟုတ်ဘဲ ပြည်သူလူထု အနေနဲ့ လုပ်ငန်းတူများ၊ အကျိုးတူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မယ့် ပြည်သူ့အခြေပြုစနစ်သာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာပင်လျှင် ဒီစနစ်ကောင်း၊ သမဝါယမစနစ်ကို ကျင့်သုံး လျက်ရှိပါတယ်။ ယခုကျွန်တော်တို့နိုင်ငံမှာလည်း စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ထိရောက်မှုရှိပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာလမှာ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကဏ္ဍ တွေမှာ အခက်အခဲတွေရှိကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိနေပါတယ်။ အနိမ့်ဆုံးအဆင့် ကတော့ ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန် လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လူမှုဖူလုံရေးဝန်ဆောင် မှုလုပ်ငန်းတွေမှာတော့ လုံလောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျန်းမာရေးဆိုရာမှာလည်း အားကစား၊ ကြံ့ခိုင် ရေးတို့နဲ့ ဆက်စပ်နေပါတယ်။ အားကစားမြှင့်တင် ခြင်းဟာ နိုင်ငံ့ဂုဏ်ကို တက်စေပါတယ်။ ကာယ စွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင် ပေးတာပါ။ ကိုဗစ်ကြောင့် ကန့်သတ်မှုများရှိနေ ပေမယ့်လည်း အားကစားမြှင့်တင်ရေး မျက်ခြည် မပြတ်ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသအားလုံးမှာ အားကစားကွင်း၊ အားကစားရုံများ အဆင့်မီမီရှိရေး ဆောင်ရွက်နေ ပါတယ်။ အားကစားမြှင့်တင်မယ်ဆို လူငယ်တွေရဲ့ အင်အားဟာ အဓိကကျတဲ့အတွက် လူငယ်နဲ့ အားကစားကဏ္ဍကို အားပေးဆောင်ရွက်သွားပါမယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကို တာဝန်ယူခဲ့တာ(၆)လရှိပြီဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်အမှတ်(၁)အရ လိုအပ်တဲ့ စစ်ဆေးမှုများဆောင်ရွက်ပြီးဖြစ်လို့ တာဝန်ရှိသူများကို ဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် ကျန်ရှိနေတဲ့ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များ ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်စေဖို့အတွက် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားဖို့ရှိကြောင်း အသိပေးလိုပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျာ
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-
(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် အတွက် အာမခံပြီးဖြစ်ပါတယ်။ အရေးပေါ်ကာလလုပ်ဆောင်ရမယ့် တာဝန်တွေပြီးဆုံးတဲ့အခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာတွေများစွာ ရှိပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်အေးချမ်းသာယာရေးလိုလားတဲ့ မိဘပြည်သူအားလုံးက ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးကြပါ။
(၂) ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူ၊ အစိုးရနဲ့ အဖွဲ့အစည်း အားလုံးပူးပေါင်းစွမ်းအားနဲ့ရင်ဆိုင်ကြပါမယ်၊ ကျော်လွှားကြပါမယ်။ ကျွန်တော်တို့ အခက်အခဲတွေပဲရှိပါစေ အောင်မြင်နိုင် ရပါမယ်။ အောင်စိတ်သွင်းပြီး ကျော်လွှားကြပါစို့။
(၃) ကျွန်တော်တို့ရဲ့ အခြေခံစီးပွားလုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍတွေကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ အနည်းဆုံးအဆင့် ကပ်ရောဂါဖြစ်နေတဲ့ အခုလိုကာလမှာ အခြေခံလိုအပ်ချက်တွေ ဖူလုံမှုရှိအောင် ဆောင်ရွက်ပါမယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်း မှာသာ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံး “အရေးကြီးပြီဖြစ်လို့ သွေးစည်းကြပါစို့” ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ရပါမယ်ဗျာ...
တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ၊ အားလုံးကို ကျေးဇူး တင်ပါတယ်ခင်ဗျား။