
နေပြည်တော် ဩဂုတ် ၁
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ မြို့နယ်များ အလိုက် စုရပ်နေရာများခွဲ၍ ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေးထိုး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ် မှတ်ထားသည့် မြို့နယ်များအလိုက် စုရပ်နေရာ များဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း များ၌ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ တွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေ သော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ အား ကိုဗစ် - ၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၆၇၀ ကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၌ လူဦးရေ ၄၄၂ ဦးကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းအခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၄၀၀ ခန့်ကို လည်း ကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၈၀၀ ခန့်ကို လည်း ကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ လူဦးရေ ၆၀၄ ဦးကို လည်း ကောင်း၊ ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈) အခြေခံ ပညာအထက်တန်းကျောင်း၌ လူဦးရေ ၃၅၀ ခန့်ကို လည်းကောင်း ကာကွယ်ဆေး ထိုးနှံပေးကြသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာ ကာကွယ်ဆေးထိုးနှံပေးသည့်အပြင် ဆေးထိုးနှံ ပြီးသူများကိုလည်း ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက နားနေခန်းများသို့ နာရီဝက် အနားယူနိုင်စေရန် ကူညီခေါ်ဆောင်ပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာ ရေး ချို့ယွင်းလာပါကလည်း လိုအပ်သည်များ ကုသ ပေးနိုင်ရန် အဆင်သင့်ဆောင်ရွက်ပေးခြင်း၊ အနားယူ ပြီးချိန်တွင်လည်း စနစ်တကျ ပြန်နိုင်စေရန်အထွက် လမ်းများကို ဆောင်ရွက်ပေးထားခြင်းနှင့် ဆေး လာရောက် ထိုးနှံသူများ ကျန်းမာရေးအတွက်သာမက လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကာကွယ်ဆေးထိုးနှံမည့်ပြည်သူလူထု သိရှိထားရမည့် အချက်အလက်များကို ကာကွယ် ဆေး လာရောက်ထိုးနှံသူများ မြင်သာသည့် နေရာ များတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရှိ ရသည်။
ကာကွယ်ဆေးထိုးနှံခြင်းကာလကို မိမိတို့ မြို့နယ်အလိုက် ကောက်ခံထားသည့် လူဦးရေစာရင်း များနှင့် ရရှိသည့် ဆေးခွဲတမ်းများအရ သတ်မှတ်ထား ခြင်း ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဩဂုတ် ၁ ရက်မှ ၄ ရက်အထိ လျာထား သတ်မှတ်ထားပြီး ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြန်မာ နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဟန်ရဲမင်းလော၊ ဓာတ်ပုံ - ကျော်ထိန်