
နေပြည်တော် ဩဂုတ် ၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်း သား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ နိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေး မြို့နယ်များအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၃၃၈၀ နှင့် ကင်းသာအကျဉ်းစခန်းမှ အကျဉ်းသား ၃၅၈ ဦးတို့ကိုလည်း ကောင်း၊ ရှမ်းပြည်နယ် တောင် ပိုင်း၊ တောင်ကြီးမြို့၊ ညောင်ရွှေ မြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ပင်းတယမြို့နှင့် ရွာငံမြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များနှင့် ပြည်သူစုစုပေါင်း ၃၁၆၈ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းဆတ်မြို့၊ တာချီ လိတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းပျဉ်းမြို့၊ တုံတာမြို့၊ မိုင်းခုတ် မြို့၊ တာလေမြို့၊ မိုင်းယန်းမြို့၊ မိုင်းယောင်းမြို့၊ မိုင်းတုံမြို့နှင့် ပုံပါကျင်မြို့များရှိ ပြည်သူ စုစုပေါင်း ၄၈၆၁ ဦးကိုလည်း ကောင်း၊ မွန်ပြည်နယ် မော်လမြိုင် မြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီမြို့များရှိ အသက် (၆၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၈၃၅၀ တို့ကိုလည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ် မြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီ မြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၃၇၈၀ တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ရန်ကင်းမြို့နယ်၊ တောင် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာကေတ မြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၂၀၀ တို့ကိုလည်းကောင်း၊ ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်များရှိ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား များ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၇၅၇၃ ဦးတို့ကိုလည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့ တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၄၈၁ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ၂၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၁၃၈၆၇ ဦးတို့ကိုလည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီမြို့၊ အုတ်တွင်းမြို့၊ ကညွတ်ကွင်းမြို့၊ ဝေါမြို့၊ ပေါက်ခေါင်းမြို့၊ ပန်းတောင်း မြို့၊ ဥသျှစ်ပင်မြို့၊ ဆင်တဲမြို့၊ သာယာဝတီမြို့၊ မင်းလှမြို့၊ ဇီးကုန်းမြို့၊ မိုးညိုမြို့နှင့် အုတ်ဖို မြို့များရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၃၅၀၀ တို့ကို လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်