နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတဲ့နောက် ကျွန်တော်တို့   ဆက်လက်လုပ်ဆောင် ရမှာကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးရမှာဖြစ်ပါတယ်

တိုင်းရင်းသားပြည်သူများခင်ဗျာ


ဒီနေ့ဟာဆိုရင်   ကျွန်တော်တို့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့တာ   (၆)  လ  ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။  တိုင်းရင်းသားပြည်သူတွေ  အားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေး ပြီး ကျန်းမာကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို အစိုးရ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမ    ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး  လက်တွဲပြီး   စုပေါင်းညီညွတ်စွာ  ရင်ဆိုင်ကြ ရပါမယ်။ ကျွန်တော့်ရဲ့မူဝါဒကတော့  လူ့အသက် ထက် အရေးကြီးတာ မရှိပါဘူး။ အဓိက  ကတော့ ကျန်းမာရေးပါ။   ကျန်းမာမှ   အလုပ်လုပ်နိုင်မှာ၊    ကျန်းမာမှ  ပညာသင်ကြားနိုင်မှာ   ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ  ဘာကန့်သတ်ချက်မှ မထားပါဘူး။ ရှိသမျှသော လူ့စွမ်းအား၊  ပစ္စည်း စွမ်းအား၊   ဉာဏစွမ်းအားတွေနဲ့  ကာကွယ်ကြ ပါမယ်။ ကျွန်တော်တို့ အောင်ကို အောင်မြင်ကြ ရပါမယ်။      တိုင်းရင်းသားပြည်သူ    အားလုံးရဲ့      စုပေါင်းညီညွတ်မှုနဲ့     ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်ရမယ်။   စစ်မှန်စည်းကမ်း  ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်          တည်ဆောက်ရေး အောင်မြင်ရပါမယ်။


ဒီလိုအောင်စိတ်ကို  စည်းလုံး ညီညွတ်မှု၊ ယုံကြည်မှု၊ ကြိုးစားမှု၊  လုံ့လ၊  ဝီရိယဆိုတာတွေနဲ့ မြှင့်တင် လိုက်ရင်   ကျွန်တော်တို့နိုင်ငံအတွက်၊    ပြည်သူ့ အတွက်    မဖြစ်နိုင်တဲ့လုပ်ငန်း   ဆိုတာမရှိဘူးလို့ ဦးစွာပြောကြားလိုပါတယ်။
ဒီနေ့မှာတော့ ကျွန်တော့်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရရဲ့ အခြေခံနိုင်ငံရေး၊ လူမှုရေးနဲ့ လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင် ရွက်ချက် အခြေအနေတွေကို ပြည်သူ့ထံတင်ပြမှာ ဖြစ်ပါတယ်။


၂၀၂၁    ခုနှစ်၊    ဖေဖော်ဝါရီလ   ၁    ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံ တော်တာဝန်ကို   ရယူခဲ့ရပါတယ်။   ကျွန်တော်တို့  နိုင်ငံရဲ့ နိုင်ငံရေးစနစ်က စစ်မှန်စည်းကမ်းပြည့်ဝတဲ့  ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကို   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အသိပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ကတည်းက ပြည်သူတွေလိုလားခဲ့တဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို တပ်မတော်အစိုးရအနေနဲ့ အခြေခံ ကစပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ပါတီစုံဒီမို ကရေစီစနစ်ကို   ပြည်သူကရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်။  ဆိုတော့  ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ရာမှာလည်း     လွတ်လပ်ပြီး       တရားမျှတတဲ့ ရွေးကောက်ပွဲက အဲဒီစနစ်ရဲ့ “ အသက် ” ပဲ ဖြစ်ပါ တယ်။    ကျွန်တော်တို့လို   ဒီမိုကရေစီ   ပြန်လည် တည်ဆောက်စနိုင်ငံမှာဆို ပိုပြီးအရေးကြီးပါလိမ့် မယ်။ ပြီးရင် ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ  ဥပဒေ၊ ရွေးကောက်ပွဲစနစ်တွေအရ လွတ်လပ်ပြီး တရားမျှတတဲ့  ရွေးကောက်ပွဲကသာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ရည်မှန်းချက်ကို အောင်မြင်စေမှာ ဖြစ်ပါတယ်။     နိုင်ငံတစ်ခု၊    တိုင်းပြည်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စတဲ့မဏ္ဍိုင် ကြီး ၃ ရပ်နဲ့ တည်ဆောက်ရပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ရပ်ဟာလည်း တစ်ခုနဲ့တစ်ခု ထိန်းညှိကြပ်မတ် ခြင်း  (Check and Balance) ဆိုတဲ့ အလုပ်ကို ပီပြင်စွာ  ဆောင်ရွက်နိုင်မှ  ပြည်သူလူထုပိုင်တဲ့  ဒီမိုကရေစီ (of the people)၊ ပြည်သူလူထုအတွက် ဒီမိုကရေစီ   (for the people)၊    ပြည်သူလူထုက ရွေးချယ်တဲ့ ဒီမိုကရေစီ (by the people) ဆိုတာ ဖြစ်လာမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီတုန်းက အာဏာရအစိုးရ ဖြစ်တဲ့  NLD အစိုးရနဲ့ NLD ပါတီတို့ဟာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊   ရွေးကောက်ပွဲနေ့  ဆန္ဒမဲ ပေးခြင်း စတဲ့လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်မှာ  NLD ပါတီအနေနဲ့ အုပ်ချုပ်ရေးအာဏာကို အလွဲ သုံးစားပြုပြီး   ဝင်ရောက်စွက်ဖက်   မလျော်ဩဇာ သုံးပြီး မသမာမှုများ ဆောင်ရွက်ခဲ့ခြင်းတွေ ပြုလုပ် ခဲ့ပါတယ်။ NLD ပါတီမဟုတ်တဲ့ အခြားနိုင်ငံရေးပါတီ တွေနဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေအားလုံးကို အုပ်ချုပ်ရေး အာဏာ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ    ကန့်သတ်ချက်နဲ့    တားမြစ်ချက်တွေ ကို      အလွဲသုံးခြင်းဖြင့်     ကန့်သတ်ထိန်းချုပ်ပြီး ရွေးကောက်ပွဲ    အနိုင်ရရှိရေးကနေ     နိုင်ငံတော် အာဏာကို မတရားရယူဖို့ ကြိုတင်ကြံစည် ဆောင် ရွက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန် ကို ရယူခဲ့ရပြီးနောက်ပိုင်းမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အနက်   ပထမအချက်ဖြစ်တဲ့    “ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို    ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင် သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမည် ”  ဆိုတဲ့အချက်ကို  ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့     ပါတီစုံဒီမိုကရေစီ      အထွေထွေ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး ရွေးကောက်ပွဲကျင်းပ ခဲ့တဲ့   မြို့နယ်  ၃၁၅  မြို့နယ်ရဲ့  မဲစာရင်းတွေကို မြို့နယ်အလိုက် အသေးစိတ်စစ်ဆေးခဲ့ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့      မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှု အခြေအနေတွေ၊ ဆန္ဒမဲလက်မှတ်တွေကို  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊  သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေ၊    မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ၊    မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေနဲ့အတူ      မြေပြင်ဖွင့်ဖောက်   စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊  မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနဲ့ တွေ့ဆုံမေးမြန်းစစ်ဆေး ခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။


ဒီလိုဆောင်ရွက်ခဲ့ရာမှာ  မဲမသမာမှု  စုစုပေါင်း ၁၁,၃၀၅,၃၉၀   (တစ်ဆယ့်   တစ်သန်း   သုံးသိန်း ကျော်) စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲမစတင်မီမှာရော၊ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာပါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လွတ်လပ်မှုနဲ့    တရားမျှတမှုမရှိတဲ့     အထောက် အထားတွေ၊   မဲမသမာမှုတွေရှိကြောင်း    တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။      တွေ့ရှိချက်တွေကို စာရင်းဇယားတွေနဲ့ ခိုင်ခိုင်မာမာ ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့    နိုင်ငံရေး   ယဉ်ကျေးမှုဖြစ်တဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့အတွက် အစိုးရ၊ လွှတ်တော် နဲ့ တာဝန်ရှိသူတွေကို တရားဝင်အသိပေးတာတွေ၊  ထုတ်ပြန်တာတွေ၊ သဘောထားတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ တကယ်လို့ ရိုးရိုးသားသား    မှားယွင်းတယ်ဆိုရင်     တရားဝင် ဖြေရှင်းလို့ရပါတယ်။   ဥပဒေနဲ့အညီ   ဆောင်ရွက် နိုင်ပါတယ်။ သက်သေပြနိုင်ပါတယ်။ ဘာမှ အကြမ်း ဖက်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဒီမိုကရေစီနဲ့အညီ ဥပဒေနဲ့သွားနေတာပါ။ နောက်ဆုံးမှာ တစ်ဖက်က  မဲမသမာမှုတွေကို ဖြေရှင်းဖို့မလုပ်ဘဲ မသမာမှုတွေ့ရှိ တဲ့ ရွေးကောက်ပွဲရလဒ်ခေါင်းစဉ်ဖြင့် လွှတ်တော်ကို အတင်းခေါ်ယူပြီး နိုင်ငံတော် အာဏာကို အဓမ္မနည်း နဲ့ရယူဖို့    ဆောင်ရွက်လာတဲ့အတွက်     အရေးပေါ် အခြေအနေကြေညာပြီး      နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်အရ လွှတ်တော်ကိုယ်စားလှယ် တွေကို   ပြည်သူက   တိုက်ရိုက်ရွေးချယ်ပါတယ်။ ဒါက ဥပဒေပြုရေးမဏ္ဍိုင်။ ဒီလွှတ်တော်ကိုယ်စား လှယ်တွေကပဲ     နိုင်ငံတော်ရဲ့   အကြီးအကဲဖြစ်တဲ့ သမ္မတကို  ရွေးချယ်ရပါတယ်။ သမ္မတက အစိုးရ အဖွဲ့တွေကို   ခန့်အပ်ပါတယ်။    ဒါကအုပ်ချုပ်ရေး မဏ္ဍိုင်။ ဒီသမ္မတကပဲ ပြည်ထောင်စုတရားသူကြီး ချုပ်နဲ့ တရားသူကြီးတွေကို ခန့်အပ်ပါတယ်။ ဒါက  တရားစီရင်ရေးမဏ္ဍိုင်     ဖြစ်ပါတယ်။      ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ မဏ္ဍိုင်ကြီး ၃ ရပ်လုံးအတွက် ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ မဲမသမာမှုတွေ နဲ့တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့  ဥပဒေပြုရေးမဏ္ဍိုင်က       တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ရွေးချယ် လိုက်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်  တို့ဟာ ပြည်သူကို ဘယ်လိုလုပ် ကိုယ်စားပြုမလဲ၊  ဘယ်လိုလုပ် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ထိန်းညှိကြပ်မတ်ခြင်း  (Check  and  Balance) လုပ်ကြမလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီမို ကရေစီလို့အမည်တပ်ပြီး တစ်ပါတီ အာဏာရှင်စနစ်၊  လူတစ်ဦးတည်း အာဏာရှင်စနစ်ကို အသက်သွင်း နေတာပဲဖြစ်ပါတယ်။   ဒါ့ကြောင့်    ကျွန်တော်တို့ အနေနဲ့   နိုင်ငံတော်နဲ့  ပြည်သူရဲ့  ရည်မှန်းချက် ဖြစ်တဲ့    စစ်မှန်စည်းကမ်းပြည့်ဝတဲ့    ဒီမိုကရေစီ စနစ်ပြန်လည်ပေါ်ပေါက်ရေး ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ မဲစာရင်းတွေ  စစ်ဆေးပြီး  တွေ့ရှိချက်တွေ၊      မြေပြင်စစ်ဆေး   တွေ့ရှိချက် တွေနဲ့၊          သက်သေအထောက်အထားတွေကို ကျွန်တော်တို့ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းအလိုက် အသေးစိတ်ထုတ်ပြန် ခဲ့ပါတယ်။     ဇူလိုင်လအတွင်းမှာ        အပြီးသတ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့  ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် လွတ်လပ် ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်နေတာကို စစ်ဆေးတွေ့ရှိရလို့     ရွေးကောက်ပွဲ   ရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။      ဒီမိုကရေစီစနစ်   ကျင့်သုံးရာမှာ လက်ကိုင်ထား  လိုက်နာရမယ့် ဥပဒေအထက်မှာ မည်သူမှမရှိ (No Man above the Law) ဆိုတာကို လိုက်နာဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။


၂၀၂၀   ပြည့်နှစ်    ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီးတဲ့နောက်   ကျွန်တော်တို့   ဆက်လက် လုပ်ဆောင်ရမှာကတော့ အရေးပေါ်ကာလ ပြဋ္ဌာန်း ချက်များနဲ့အညီ ဆောင်ရွက်ခြင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း(၁၁)၊ အရေးပေါ်ကာလဆိုင်ရာ       ပြဋ္ဌာန်းချက်များအရ ဥပဒေနဲ့အညီ  ဆောင်ရွက်သွားမှာ  ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ  ၄,၈၆၉,၄၂၇ (လေးဆယ့်ရှစ်သိန်း)ကျော် မဲပေးခဲ့တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မိမိရဲ့ဆန္ဒအတိုင်း မဲပေးခွင့် ရရှိဖို့    ဦးစားပေးဆောင်ရွက်မှာဖြစ်လို့   နိုင်ငံသား စိစစ်ရေးကတ် ရှိရမယ့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေးဆောင်ရွက် လျက်ရှိပါတယ်။    အလုပ်သမား၊  လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အစီရင်ခံချက် အရ တစ်နေ့ကို ဦးရေ ၃၀၀ နှုန်းနဲ့ လုပ်ဆောင်နိုင်ရင်  ၁၈ လခန့် ကြာမြင့်နိုင်ပါတယ်။ မြန်ဆန်နိုင်သမျှ မြန်ဆန်အောင်       ဆောင်ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလ ဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန် တွေကို    ပြီးမြောက်အောင်    ဆောင်ရွက်နိုင်ခြင်း မရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော် တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာ တွေကို ပြီးစီးအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံး ဟာ  ၂၀၂၃  ခုနှစ်  ဩဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့  ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ နောက်ဆုံး လုပ်ငန်းစဉ်က “ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ် ” ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့ဟာ  လွတ်လပ်တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ   ဖန်တီးပေးရပါမယ်။   ကြိုတင် ပြင်ဆင်မှုတွေ  ဆောင်ရွက်ကြရပါမယ်။  ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ 


လွတ်လပ်ပြီးတရားမျှတတဲ့    ရွေးကောက်ပွဲ ဖြစ်လာစေဖို့    အခြေခံ     လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပဲ  ဖြစ်ပါတယ်။      တည်ငြိမ်အေးချမ်းရေးဆိုရာမှာ နိုင်ငံရေးအရ  တည်ငြိမ်အေးချမ်းမှု၊  လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှု၊   စီးပွားရေးအရ   တည်ငြိမ် အေးချမ်းမှုတွေ  လိုအပ်မှာ  ဖြစ်ပါတယ်။  တရား ဥပဒေစိုးမိုးရေးမှာလည်း     တည်ဆဲဥပဒေတွေကို လေးစားလိုက်နာပြီး စည်းကမ်းပြည့်ဝတဲ့  အလေ့ အထကောင်းတွေ
ရရှိလာစေဖို့    ဆက်လက်ဆောင်ရွက်ရမှာ  ဖြစ်ပါ တယ်။    ကျွန်တော်တို့နိုင်ငံမှာ   ၁၉၄၈   ခုနှစ်  လွတ်လပ်ရေးရပြီးကတည်းက  ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခနဲ့အတူ ပေါက်ဖွားလာတဲ့ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေ၊ အမြင်မတူညီမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေကို ညှိနှိုင်းဆွေးနွေးအဖြေရှာ ခြင်း   နည်းလမ်းတွေနဲ့   ဆောင်ရွက်ခဲ့လို့ ၂၀၁၀   ပြည့်နှစ်     ရွေးကောက်ပွဲနဲ့    ၂၀၁၅     ခုနှစ် ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို    ရောက်ခဲ့ပါတယ်။    ၂၀၂၀     ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ဖြစ်ပေါ်လာတဲ့ မဲမသမာမှု တွေအပေါ်မှာ   ဒီညှိနှိုင်းဆွေးနွေး    အဖြေရှာခြင်း နည်းလမ်းဆိုတာ ပျောက်ဆုံးခဲ့ရပါတယ်။    


ကျွန်တော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံပါတယ်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ   ပြင်ဆင်ရမယ့်     လုပ်ငန်း အားလုံး အဆင်ပြေချောမွေ့စွာ  ပြီးစီးရေးပဲ ဖြစ်ပါ တယ်။    ကျွန်တော်တို့အနေနဲ့     ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။    NLD  ပါတီဝင်အစွန်းရောက် တွေနဲ့ ၎င်းပါတီကို ထောက်ခံသူ အစွန်းရောက်တွေ အနေနဲ့    ဥပဒေနဲ့အညီ   သွားဖို့၊     ဖြေရှင်းဖို့ မလုပ်ဆောင်ခဲ့ဘဲ အကြမ်းဖက်နည်းလမ်းကိုသာ  ရွေးချယ်ခဲ့ပါတယ်။ မင်းမဲ့ စရိုက်တွေဖြစ်လာအောင်၊ လက်နက်ကိုင်    ပုန်ကန်မှုတွေ     ဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်။ လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကို မထောက်ခံတဲ့ အမြင်မတူသူ အားလုံးကို “ ငါနဲ့မတူ ငါ့ရန်သူ ” သဘောထားနဲ့ ဆောင်ရွက်လျက်ရှိပါ တယ်။  ဒါတွေကို  ပြန်လည်တည်ငြိမ်မှုရရှိအောင် ကျွန်တော်တို့အားလုံး   ညီညီညွတ်ညွတ်  စုပေါင်း ဆောင်ရွက်ကြရပါမယ်။ အစိုးရရဲ့အုပ်ချုပ်မှုယန္တရား ကစပြီး ပြည်သူလူထုရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှု စီးပွားဘဝကို Social Bullying ၊ ဖီဆန်ပုန်ကန်ရေး  လှုပ်ရှားမှု   (CDM)  စတာတွေနဲ့   ယိုယွင်းပျက်စီး အောင်  ဆက်လက်လုပ်ဆောင်နေတာတွေ၊ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေတာတွေကို ကျွန်တော်တို့    စုပေါင်းအင်အားနဲ့     ဟန့်တား ကာကွယ်ရပါမယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး နယ်ပယ်အသီးသီးမှာ     မတည်မငြိမ်ဖြစ်အောင်၊ ပျက်စီးယိုယွင်းအောင် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။ အစိုးရပြုတ်ကျရေး၊ တပ်မတော်ပြိုကွဲရေး အတွက်  ဦးတည်ပြီး  လုပ်ဆောင်နေရုံသာမကဘဲ ကျွန်တော်တို့အားလုံး   တန်ဖိုးထားရတဲ့     မြန်မာ တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေကိုပါ          အခြေအမြစ်ကစပြီး  ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒါကို  အထူးသတိရှိရှိ၊ အသိရှိရှိ မြင်တွေ့နိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကကိုးကွယ် တဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဗုဒ္ဓ ဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာ များနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ တာဝန် ယူပြီးချိန်ကစပြီး အခြေခံဥပဒေပြဋ္ဌာန်းချက်များနဲ့ အညီ သက်ဝင်ယုံကြည်မှု မပျက်စေရန် ကျွန်တော်  အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီနေရာမှာ  နိုင်ငံတော်တည်တံ့ခိုင်မြဲရေး၊    တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားကြတဲ့ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ်၊ ပြည်သူလူထုကိုချစ်တဲ့ ပြည်သူ တွေရဲ့    အင်အားသည်သာ     အဓိကဖြစ်ပါတယ်။ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို  ကျင့်သုံးတဲ့နိုင်ငံတော်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့  နိုင်ငံတော်၊ မြန်မာရဲ့အနာဂတ်ကို မြန်မာတိုင်းရင်း သား ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ဆောက် နိုင်တဲ့ နိုင်ငံတော်ကို ရိုးသားတဲ့နိုင်ငံရေးနဲ့ ကျွန်တော် တို့ တည်ဆောက်ကြပါမယ်။ တိုင်းရင်းသားပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးကြဖို့  ကျွန်တော့်အနေနဲ့  လေးလေးနက်နက် မေတ္တာရပ်ခံအပ်ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခ   ဖြေရှင်းနိုင်ဖို့   ကျွန်တော်တို့ တွေ့ဆုံ  ဆွေးနွေးမှုအရ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA – Nation wide Cease fire Aggrement) ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်    အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အဓိက အခြေခံဆွေးနွေးပြီး စာချုပ်ချုပ်ဆိုခဲ့တာပါ။ တပ်မတော်အနေနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးထားတဲ့အတိုင်း ခိုင်မာစွာရပ်တည် ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်သွားဖို့ ကျွန်တော် ပြောလိုပါတယ်။ အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းများမှအပ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။  ဒီနေရာမှာ    အာဆီယံနဲ့   ဆက်ဆံဆောင်ရွက်တဲ့ အခြေအနေကိုပြောလိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့ က ပြုလုပ်တဲ့  အာဆီယံထိပ်သီး အစည်းအဝေး ကျွန်တော်   တက်ရောက်ခဲ့ပြီး   သဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။ ဒီထဲက လုပ်သင့်လုပ်ထိုက် တာများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံရဲ့  အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြု ထားတဲ့  ၃ ဦးအနက်  ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေး ဝန်ကြီးဟောင်း    Mr. Virasakdi Futrakul      ကို သဘောတူထားပြီးသားပါ။  သို့သော်  အကြောင်း အမျိုးမျိုးနဲ့   အဆိုပြုမှုအသစ်တွေ  ထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်          မြန်မာနိုင်ငံ လာရောက်ပြီး   တွေ့ဆုံဆွေးနွေးရေး   အပါအဝင် အာဆီယံနဲ့  ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံ မူဘောင်အတွင်းက ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောလိုပါတယ်။      မကြာမီရက်ပိုင်းအတွင်းမှာ  ပြုလုပ်ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကိုယ်စားလှယ်တွေကို မျက်မြင်ရှင်းပြဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျာ
လက်ရှိအခြေအနေမှာ ကျွန်တော်တို့နိုင်ငံမှာ  အခြားကမ္ဘာ့နိုင်ငံ   အများစုနည်းတူ    ကိုဗစ်-၁၉ ကပ်ရောဂါ  တတိယလှိုင်းကို  ခံစားနေရပါတယ်။ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုနဲ့ပူးပေါင်းပြီး စွမ်းအားကုန် ကျွန်တော် တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဖြစ်နေတဲ့ ကိုဗစ်-၁၉    ကပ်ရောဂါက   ပထမလှိုင်း၊    ဒုတိယ လှိုင်းနဲ့မတူပါဘူး။ နေ့စဉ်နေ့တိုင်း ပိုးတွေ့သူအရေ အတွက်    မြင့်တက်လာသလို     ပိုးတွေ့ရှိသူဦးရေ ရာခိုင်နှုန်းနဲ့ သေဆုံးတဲ့ဦးရေလည်း ယခင်ကထက် မြင့်တက်လာပါတယ်။
ဒီလိုအချက်အလက်တွေကို      ထောက်ပြပြီး  သတင်းမီဒီယာတွေနဲ့    လူမှုကွန်ရက်စာမျက်နှာ တွေမှာ   ယနေ့ကြုံတွေ့နေရတဲ့    တတိယလှိုင်းနဲ့ ယခင်ဒုတိယလှိုင်းအခြေအနေတွေကို     လွဲမှားစွာ  ချိန်ထိုးနှိုင်းယှဉ်ပြီး ပြောဆိုရေးသားနေတာတွေကို တွေ့ရပါတယ်။ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ ရောဂါ ကူးစက်မှုအခြေအနေအရပ်ရပ်ကို ကူးစက်ရောဂါ ဗေဒရှုထောင့်က အရှိတရားနဲ့အနီးစပ်ဆုံးဖြစ်အောင် သုံးသပ်ဖို့လိုပါတယ်။
ကိုဗစ်ရောဂါပိုးဟာ အစောပိုင်းမှာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့  အာရှနိုင်ငံတွေမှာ ကူးစက်ရောဂါ  ရှုထောင့်အရ ပြင်းထန်တဲ့ သက်ရောက်မှုမရှိခဲ့ဘဲ   ပြင်သစ်၊ စပိန်၊ အီတလီကဲ့သို့ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်၊    ဘရာဇီးကဲ့သို့      အမေရိကတိုက် တောင်ပိုင်းနဲ့ မြောက်ပိုင်းနိုင်ငံတွေမှာ ကိုဗစ်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။   ဒါပေမယ့်   ပထဝီအနေ အထားအရ  ဝေးကွာလွန်းတဲ့အတွက်  မြန်မာနိုင်ငံ အနေနဲ့တော့   ကိုဗစ်ပထမလှိုင်းရဲ့     အဖျားပင် မရိုက်ခတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။


ဒုတိယလှိုင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေနဲ့ အတိုင်းအတာ တစ်ခုအထိ ရုန်းကန်ခဲ့ရပါတယ်။  သို့သော်  ဒုတိယလှိုင်းမှာဖြစ်ပွားတဲ့  မျိုးကွဲတွေက  အခုဖြစ်ပွားနေတဲ့ မျိုးကွဲတွေလောက် ကူးစက်မှုနှုန်း မမြန်ဆန်တာ တွေ့ရမှာဖြစ်ပါတယ်။
ယခု တတိယလှိုင်းမှာကတော့ မိမိတို့အိမ်နီးချင်း နိုင်ငံတွေမှာ အကြီးအကျယ် ကူးစက်မှုနှုန်းမြင့်မား ခဲ့ပြီး    ဒေသတွင်းနိုင်ငံတွေမှာဆိုရင်     ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားနေရဆဲ ဖြစ်တာ တွေ့ရမှာဖြစ်ပါတယ်။ အဓိကအချက်တစ်ခု အနေနဲ့ကတော့    ကူးစက်မြန်   ဗီဇပြောင်းမျိုးကွဲ တွေပေါ်ထွက်လာခြင်းပဲ ဖြစ်ပါတယ်။ အခုတွေ့ရှိမှု အများဆုံးဖြစ်နေတဲ့    Delta     မျိုးကွဲဟာဆိုရင် ကူးစက်မှုအားအနေနဲ့      ယခင်မျိုးကွဲတွေထက် ၆၀ ရာခိုင်နှုန်းခန့် ပိုမိုမြန်ဆန်လာတယ်လို့ သိရှိရပါ တယ်။   စတင်တွေ့ရှိခဲ့တဲ့   ကိုဗစ်ရောဂါပိုးဟာ ပွားများနိုင်မှု (Reproduction number) R 0 ဂဏန်း အားဖြင့် ၂.၄ မှ ၂.၆ အတွင်းသာ ရှိပေမယ့် Alpha  နှင့် Delta မျိုးကွဲသစ်တွေရဲ့ R 0 ဂဏန်းသည် ၄ မှ ၅ နှင့် ၅ မှ ၈ အသီးသီးရှိတယ်လို့ သိရှိရပါတယ်။ (ဆိုလိုတာကတော့   တကယ်လို့   R 0  ဂဏန်းက ၂ ဖြစ်တယ်ဆိုရင် ရောဂါပိုးရဲ့ ကူးစက်ပြန့်ပွားနှုန်း ဟာ လူ ၁ ဦးမှ ၂ ဦး၊ ၂ ဦးမှ ၄ ဦး၊ ၄ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၁၆ ဦး စသဖြင့် R 0 ဂဏန်းအတိုင်း ဆတိုး ကူးစက်သွားတာ   ဖြစ်ပါတယ်။)      အခုတတိယ လှိုင်းမှာ    မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့      မျိုးကွဲတွေ ကတော့ အဓိကအားဖြင့် စိုးရိမ်ဖွယ်မျိုးကွဲအုပ်စု တွေလို့   ကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီးက    သတ်မှတ် ထားတဲ့  Alpha, Beta  နှင့်  Delta  မျိုးကွဲတွေ ဖြစ်နေတာတွေ့ရပါတယ်။    အခုတတိယလှိုင်းမှာ ဖြစ်ပွားတဲ့ မျိုးကွဲသစ်တွေရဲ့ပွားများနိုင်မှု R 0 ကို ကြည့်ခြင်းအားဖြင့်    ဒုတိယလှိုင်းမှာ   ဖြစ်ပွားတဲ့ မျိုးကွဲတွေထက် ဘယ်လောက်ထိ ပိုမိုကူးစက်နှုန်း မြန်မယ်ဆိုတာကို    ခန့်မှန်းကြည့်    နိုင်ပါတယ်။ အနည်းဆုံး R 0 ဂဏန်း ၄ ရှိတဲ့အတွက် ရောဂါပိုးရဲ့  ကူးစက်ပြန့်ပွားနှုန်းဟာ  လူ ၁  ဦးမှ  ၄ ဦး၊  ၄ ဦးမှ  ၁၆ ဦး၊ ၁၆ ဦးမှ ၆၄ ဦး စသဖြင့် ကူးစက်သွားတာ ဖြစ်ပါတယ်။ R 0  ဂဏန်း ၈  ဆိုရင်တော့  ၁  ဦးမှ ၈ ဦး၊ ၈ ဦးမှ ၆၄ ဦး၊   ၆၄ ဦးမှ ၅၁၂ ဦး ဆတိုးကူးစက် သွားနိုင်မှာ  ဖြစ်ပါတယ်။  အခုလို  အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ   ကျယ်ပြန့်စွာ  ဖြစ်ပွားနေ ခြင်းနဲ့ ဖြစ်ပွားနေတဲ့မျိုးကွဲတွေရဲ့  ကူးစက်မှုနှုန်း  အလွန်မြန်ဆန်နေခြင်းတို့က ပထမလှိုင်း၊ ဒုတိယ လှိုင်းတွေနဲ့မတူညီဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံ  အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပေါ်စေပါတယ်။


အခုလို   ကူးစက်မှုနှုန်း    မြင့်မားနေတဲ့ချိန်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို အထိရောက်ဆုံးပေးနိုင်တဲ့ ပြည်သူ့ဆေးရုံတွေမှာ လူသားအရင်းအမြစ်ပြဿနာနဲ့     ရင်ဆိုင်နေရပါ တယ်။ ဒီလိုဖြစ်အောင်လည်း မဲမသမာမှုကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ NLD အစွန်းရောက် တွေနဲ့  
အဲဒီပါတီကိုထောက်ခံသူ   အစွန်းရောက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို       လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီလိုကူးစက်မှု မြင့်တက်နေချိန်မှာ  ရောဂါပိုးစစ်ဆေး  အတည်ပြု ရေးနဲ့   ကုသရေးတွေမှာ  လူနာနဲ့  ကျန်းမာရေး ဝန်ထမ်းအင်အား အဆမတန်မညီမျှမှုက မြန်မာ နိုင်ငံအတွက် ကိုဗစ်တတိယလှိုင်းရဲ့ ကြီးမားသည့်  စိန်ခေါ်မှုပင်ဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းကျကျ ပါဝင်ဆောင်ရွက်နေကြတဲ့ တာဝန်သိ ကျန်းမာရေး   ဝန်ထမ်းများ၊    စေတနာ့ဝန်ထမ်း (Volunteer) များ၊ လူမှုအဖွဲ့အစည်းများနဲ့ အလှူရှင် များကို   အထူးပင်ကျေးဇူးတင်   အသိအမှတ်ပြု ပါကြောင်း ပြောကြားလိုပါတယ်။ တစ်ဆက်တည်း မှာပဲ မသမာသူများရဲ့ လှုံ့ဆော်မှုကြောင့် CDM မှာ  ပါဝင်သွားကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေနဲ့ ဆူပူလှုပ်ရှားမှုနဲ့ လှုံ့ဆော်မှုများမှာ ဦးစီးဦးဆောင် ပါဝင်ခဲ့သူများမဟုတ်ရင် ပုဒ်မ ၅၀၅ နဲ့ ပတ်သက်လို့ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း    ပြောခဲ့ပြီးဖြစ်ပါ တယ်။ အခုကိစ္စဟာ နိုင်ငံရေးကိစ္စ မဟုတ်ပါဘူး။ လူမှုရေးကိစ္စ၊ လူ့အသက်နဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ 
စိန်ခေါ်မှုတွေ  ဘယ်လိုပဲရှိနေပါစေ  ကျွန်တော့် အနေနဲ့ အခက်အခဲ အတားအဆီးအမျိုးမျိုးကြားက  ပြည်သူလူထု   ရင်ဆိုင်ကြုံတွေ့နေရတဲ့   ကိုဗစ်-၁၉ တတိယလှိုင်းကို  ကျော်ဖြတ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


ယခုလို   တတိယလှိုင်းစတင်တဲ့အခါ ရှေ့လှိုင်း တွေမှာ အတွေ့အကြုံ ရှိထားတာက အားသာချက်ဟု  ဆိုရမှာဖြစ်ပါတယ်။ အနည်းဆုံးတော့  ရောဂါပိုးရဲ့ ကူးစက်ပုံကို သိရှိထားပြီးဖြစ်ပါတယ်။ ကာကွယ်၊ ထိန်းချုပ်၊ ကုသနည်းတွေကိုလည်း အကျွမ်းဝင်ထား ပြီး   ဖြစ်ပါတယ်။  ဒါ့အပြင် ကာကွယ်ဆေးထိုးနှံမှု ကိုလည်း ရာခိုင်နှုန်းတစ်ခုအထိ ဆောင်ရွက်ထား နိုင်တဲ့အတွက်    ကူးစက်မှုအရှိန်ကို       အထိုက် အလျောက်  တန့်စေနိုင်ခဲ့ပါတယ်။  အခုလို သဘာဝ ဘေးနဲ့    ပတ်သက်ပြီးတော့    အစိုးရယန္တရားက ဟိုယခင်ကလို ထိန်းချုပ်ကန့်သတ်မှုနဲ့ ဗဟိုချုပ်ကိုင် မှုတွေ    မရှိတော့ဘဲ     သက်ဆိုင်ရာဒေသအလိုက် အဆင့်ဆင့်သော အစိုးရဌာန အဖွဲ့အစည်းအသီးသီး ကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထား တဲ့အတွက်   တုံ့ပြန်ဆောင်ရွက်မှုတွေ   မြန်ဆန် လာတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် ယခင်က Mask ၅ သန်းကို သက်ဆိုင်ရာ  ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေဖို့အတွက် အချိန်တော်တော်ကြာကြာ   ယူခဲ့ရပေမယ့်     ယခု ကျတော့ တပ်မတော်လေယာဉ်တွေကို အသုံးပြုပြီး Mask ၁၂ သန်းကို လစဉ် ချက်ချင်းဖြန့်ဝေနိုင်ခဲ့ ပါတယ်။ အခုလည်း လစဉ် ၁၂ သန်း ဖြန့်ဝေသွား ပါမယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကိုဗစ်ကုသရေးမှာ  လိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen   အပါအဝင်   ဆေးနဲ့  ဆေးပစ္စည်းတွေ   တင်သွင်းမှု အတွက် FDA ထောက်ခံချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ထားဖို့   မလိုတဲ့အပြင်     အခွန်တွေကို  ဖြေလျှော့ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ဖို့အတွက် ကန့်သတ် တားမြစ်မှု    (community   restriction)    တွေ သတ်မှတ်ဆောင်ရွက်ရသလို  တစ်ဖက်မှာလည်း  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလရှည် နိုင်ငံ့ စီးပွားရေးနစ်နာခဲ့ရမှုတွေနဲ့ ပြည်သူတွေရဲ့ လူမှု စီးပွားဘဝတွေ ပြန်လည်ဦးမော့လာအောင် ချိန်ဆ ပြီး လုပ်ဆောင်နေရတာလည်း ရှိနေပါတယ်။


စောစောစစ်၊ စောစောတွေ့၊ စောစောခွဲထုတ် နိုင်ခြင်းက ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက် နိုင်ရေးအတွက်ရော၊            လူနာတွေအတွက်ပါ လုပ်ဆောင်ရမယ့်  အချက်ဖြစ်ပါတယ်။    ပိုးတွေ့ လူနာတွေကို   သူတို့ရဲ့  ရောဂါလက္ခဏာတွေအရ သင့်တော်မယ့် ကိုဗစ်-၁၉ ကုသမှုစင်တာတွေကို လွှဲပြောင်းကုသမှုပေးနိုင်ဖို့     အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူလူထု အနေနဲ့လည်း ရောဂါကူးစက်ခံရမှု သံသယရှိတယ် ဆိုရင် နေအိမ်မှာ ဆေးမြီးတိုနဲ့ ကျိတ်ပြီးကုသခြင်း မပြုဘဲ နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာနတွေကို သွားရောက်စစ်ဆေးမှုခံယူပြီး     အဲဒီနေရာတွေက တစ်ဆင့်    သင့်တော်တဲ့    ကိုဗစ်ကုသမှုစင်တာ တွေကို ဆက်လက်လွှဲပြောင်းပေးမှာဖြစ်လို့ ပြည်သူ တွေအနေနဲ့ မှန်မှန်ကန်ကန် သတင်းပို့ဆောင်ရွက် သွားစေလိုပါတယ်။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ လူနာလက်ခံကုသဖို့နေရာ  ၁၂၇၈  ခုမှာ လူဦးရေ  ၃၉၀၀၀ ဦး လက်ခံကုသနိုင်ဖို့ ပြင်ဆင်ထားရှိသလို  အရပ်ဘက်အနေနဲ့လည်း ၁၄၅၃ နေရာမှာ လူဦးရေ ၇၁၅၀၀ ဦး လက်ခံနိုင်ဖို့ ပြင်ဆင်ထားရှိပြီး ဖြစ်ပါ တယ်။  community  COVID  positive  Center တွေကို လိုအပ်ချက်ရှိသလောက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့  စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
အောက်ဆီဂျင်ကတော့  ကိုဗစ်-၁၉  ကုသဖို့ အတွက် မရှိမဖြစ် အရေးကြီးပါတယ်။ အောက်ဆီဂျင် သုံးစွဲရာမှာလည်း ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့ အညီသာ   သုံးစွဲရပါမယ်။   ဒါကိုလည်း   အချိန်မီ ဖြည့်ဆည်းပေးနိုင်ဖို့      နိုင်ငံတော်အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံး မှာရှိတဲ့   အောက်ဆီဂျင်စက်ရုံတွေ၊   တပ်မတော် ဆေးရုံတွေ၊      အရပ်ဘက်   ဆေးရုံတွေမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေ၊ ပုဂ္ဂလိက အောက်ဆီဂျင် စက်ရုံတွေမှာ     အောက်ဆီဂျင်    ထုတ်လုပ်မှုကို စဉ်ဆက်မပြတ် monitor ပြုလုပ်ပြီး အမှန်တကယ် လိုအပ်နေတဲ့ ဆေးရုံ/ကုသမှုစင်တာတွေကို ဖြန့်ဖြူး ပေးနိုင်ဖို့ အလေးထားဆောင်ရွက်ပေးလျက် ရှိပါ တယ်။ အကန့်အသတ်ရှိလာသလို အသုံးများလာတဲ့  အနေအထားမှာ ထိထိရောက်ရောက်ဖြစ်အောင်  စီမံခန့်ခွဲပေးနိုင်ဖို့      ဆောင်ရွက်လျက်ရှိပါတယ်။ ထပ်မံပြီးတော့ အောက်ဆီဂျင်ကို အချိန်တိုအတွင်း  များများနဲ့အရည်အသွေးမီမီ ထုတ်လုပ်နိုင်ဖို့အတွက် liquid oxygen ထုတ်လုပ်နိုင်အောင် ဆောင်ရွက် လျက်ရှိပါတယ်။   liquid oxygen  ကို   ရန်ကုန်၊ မန္တလေးစတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်မားနိုင်တဲ့ နေရာတွေမှာ   အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်  ရှိပါတယ်။  ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊   တပ်မတော်ဆေးရုံများနဲ့ နိုင်ငံပိုင်စက်ရုံ၊   အလုပ်ရုံများမှာ   တိုးချဲ့တပ်ဆင် လျက်ရှိရာ   ယခုနှစ်  စက်တင်ဘာလအတွင်းမှာ ပြည်သူ့ဆေးရုံများ၊     ကျန်းမာရေးဌာနများရဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ပုဂ္ဂလိကစက်ရုံ များမှ ဝယ်ယူရခြင်းမရှိဘဲ ပြည့်ဝစွာ ဖြည့်ဆည်း ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ 


ကူးစက်မှု    ကာကွယ်ရေးနဲ့     ပြန့်ပွားမှုနှုန်း လျော့ကျဖို့အတွက်   ပြည်သူတွေအနေနဲ့     ကိုဗစ် ကာကွယ်ဆေးတွေကို       အကြိမ်ရေပြည့်အောင် စနစ်တကျ ထိုးနှံဖို့လည်း လိုအပ်ပါတယ်။ မြန်မာ နိုင်ငံမှာ ၂၇-၁-၂၀၂၁ မှ  ၂၁-၇-၂၀၂၁  ခုနှစ်အထိ  ပြည်နယ်နဲ့   တိုင်းဒေသကြီးအားလုံးမှာ    ကာကွယ် ဆေးထိုးနှံပေးခဲ့တဲ့အခါမှာ လူဦးရေ ၁,၈၂၅,၆၄၂ ဦး (တစ်သန်း ရှစ်သိန်းကျော်) (ဦးတည်လူဦးရေရဲ့ ၆.၀၈%) ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။   ဆက်လက်ပြီး  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးတွေကို များများနဲ့မြန်မြန် ထိုးနှံပေး နိုင်အောင်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ အစိုးရအနေနဲ့  ကာကွယ်ဆေးတွေ  ရရှိဖို့အတွက် ဆက်လက်    ညှိနှိုင်းဝယ်ယူဖို့    ဆောင်ရွက်လျက် ရှိသလို   တရုတ်ပြည်သူ့သမ္မတနိုင်ငံက   ဝယ်ယူ ထားတဲ့ ကာကွယ်ဆေးအရေအတွက် ၄ သန်းအနက် အခု ဇူလိုင်လ စတုတ္ထပတ်မှာ ၃ သန်း ရောက်ရှိခဲ့ပြီး ဖြစ်သလို ဆေးထိုးလုပ်ငန်းများ အမြန်ဆောင်ရွက် နေပါတယ်။ နောက်ထပ်ကာကွယ်ဆေး ၃ သန်းက လည်း သြဂုတ်လအတွင်း ရောက်ရှိလာမှာဖြစ်လို့ ရရှိလာမယ့် ကာကွယ်ဆေးများကို ဦးတည်အုပ်စု တွေနဲ့  ဦးစားပေးအစီအစဉ်အလိုက်  စနစ်တကျ ထိုးနှံပေးနိုင်ဖို့  စီစဉ်ဆောင်ရွက်ထားရှိပြီး  ဖြစ်ပါ တယ်။   ဒါ့အပြင်   ရုရှားနိုင်ငံက    ဝယ်ယူထားတဲ့ ကာကွယ်ဆေး ၂ သန်းဟာလည်း အသုတ်လိုက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ရရှိရန် ကျန်ရှိနေတဲ့  ကာကွယ်ဆေးများ  ရရှိရေးအတွက် လည်း   ကြိုးပမ်းဆောင်ရွက်နေကြောင်း  ပြောလို ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေကြတဲ့   နိုင်ငံတွေ၊    အဖွဲ့ အစည်းတွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း နဲ့ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အားလုံးကို ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံ  လိုပါတယ်။  မြန်မာပြည်တွင်းမှာပဲ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။  ဒီနှစ်ကုန်ပိုင်းမှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့  ကာကွယ်ဆေး  လွှမ်းခြုံမှု  ၅၀  ရာခိုင်နှုန်း ရှိမယ်လို့      ခန့်မှန်းထားပါတယ်။    ကိုဗစ်-၁၉ ကူးစက်မှုဟာ   ကမ္ဘာ့ဒေသအသီးသီးမှာ   ကြီးမား ကျယ်ပြန့်စွာ  ဖြစ်နေတဲ့အတွက်  ကာကွယ်ရေးနဲ့ ကုသဆေးများ   ရရှိရေးကိုလည်း    နိုင်ငံတိုင်းက ကြိုးစားနေရပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိမိမြို့နယ်၊ ဒေသအတွင်း အခုလိုကာကွယ်ဆေး ထိုးနှံခြင်းတွေ ဆောင်ရွက်နေချိန်မှာ ကျန်းမာရေး အသိရှိရှိနဲ့   သွားရောက်ထိုးနှံကြဖို့    အသိပေးလို ပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျာ


ပြည်သူလူထုအတွင်း      ကိုဗစ်-၁၉   ရောဂါ ထိန်းချုပ်၊  ကာကွယ်၊  ကုသရေးနဲ့ ပတ်သက်တဲ့ အလေးထားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ လျော့နည်း လာခြင်းရဲ့      အဓိကအကြောင်းအရင်းတွေထဲမှာ လူမှုကွန်ရက်က တစ်ဆင့်မဟုတ်မမှန်တဲ့ အဖျက် အမှောင့်သတင်းတွေ    ရေးသားဖြန့်ဝေခြင်းက လည်း  တစ်ခုအပါအဝင် ဖြစ်ပါတယ်။  ဈေးကွက် အတွင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာစေဖို့နဲ့ ပြည်သူလူထုကြား  စိုးရိမ်မှုကြီးထွားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက် ပေါ်မှာ   ရုံးစာအတုတွေ   ရေးသားဖြန့်ချိနေသလို ဆေးရုံတွေက  လူနာတွေကို  လက်မခံဘဲ နှင်ထုတ် နေတယ်၊ အောက်ဆီဂျင်တွေကို ထပ်မံတင်သွင်း ခြင်းမပြုဖို့   အစိုးရကပိတ်ပင်လိုက်တယ်၊  အသစ် ရောက်တဲ့  ကာကွယ်ဆေးတွေကို  ကမ္ဘာကအသိ အမှတ်မပြုဘူး၊   ထိုးရင်   အသက်အန္တရာယ်ရှိ နိုင်တယ်စသဖြင့် မဟုတ်မမှန်တဲ့ သတင်းတွေကို ရေးသား    ဖြန့်ဝေနေတာကို     တွေ့ပါတယ်။ တစ်ကျော့ပြန် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ ကာကွယ်ဆေးထိုးခြင်း၊ လူထူထပ်တဲ့နေရာတွေ သွားရောက်တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ တစ်ဦးချင်း ခပ်ခွာခွာနေထိုင်ခြင်း၊ Mask နဲ့ Face Shield တွေ  တပ်ဆင်ခြင်း၊  လက်ကို မကြာခဏ ဆေးကြောခြင်းတွေကို အရှိန်တိုးမြှင့် လုပ်ဆောင် ရမယ့်အစား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် တဲ့  ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့    ကိုဗစ်ရောဂါ     စည်းကမ်းချက်တွေကို  မလိုက်နာကြဖို့၊ ကာကွယ်ဆေးမထိုးကြဖို့နဲ့ လူထု ကြားမှာအမျိုးမျိုးသောစုဝေးမှုတွေ   ဖြစ်ပေါ်လာအောင်   ဆင်ခြင်တုံကင်းမဲ့စွာ၊   အကြံပက်စက်စွာ  စည်းရုံး လှုံ့ဆော်နေမှုတွေက    ပြည်သူလူထုရဲ့  အသက် အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ် သလို ကိုဗစ်-၁၉ ရောဂါကို လက်နက်သဖွယ်  အသုံး ပြုလာတဲ့    ဇီဝအကြမ်းဖက်တဲ့      Bioterrorism သဘောတရားပင် ဖြစ်ပါတယ်။ ဒီနည်းနဲ့ မိမိတို့ရဲ့ နိုင်ငံရေး လိုဘကိုဖြည့်ဆည်းခြင်းဟာ ဘာသာရေး အရဆိုရင်လည်း    အင်မတန်    အကျည်းတန်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးပြဿနာတွေ ကနေတစ်ဆင့်    နိုင်ငံအတွင်း    မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လမ်းကြောင်းပေး လှုံ့ဆော်နေတာ  ဖြစ်တဲ့အတွက် လူမှုကွန်ရက်ပေါ်က အဖျက်အမှောင့်  လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ဆိုတာကလည်း ကြီးမား တဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့  ဆူပူဆန္ဒပြမှုများဟာ သာမန်ဆန္ဒပြရာ ကတစ်ဆင့်   မင်းမဲ့စရိုက်ဆန်စွာ     အကြမ်းဖက် ဆန္ဒပြမှုကနေ   လက်နက်ကိုင်တိုက်ခိုက်လာတဲ့ အထိ   ဖြစ်လာခဲ့ပါတယ်။   အပြစ်မဲ့ပြည်သူများကို အလစ်ချောင်းမြောင်းသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။    ဘာလို့    ပြည်သူကို   သတ်တာပါလဲ။ ဘာကြောင့် အေးချမ်းစွာနေတဲ့ ပြည်သူတွေကို  တိုက်ခိုက်တာပါလဲ။   ဒါကို  လက်ခံလို့မရပါဘူး။ အကြမ်းဖက်ဆူပူဆန္ဒပြမှုကို     သူ့ဥပဒေနဲ့အညီ တုံ့ပြန်အရေးယူရတာ   နိုင်ငံတကာ အတိုင်းပါပဲ။ သေစေလောက်တဲ့လက်နက်၊   မိုင်းများ  အသုံးပြု တိုက်ခိုက်တာကိုလည်း      ပြုလုပ်၍   မရအောင် အရေးယူဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ယခုအခါ  အနည်းငယ်သော အကြမ်းဖက်တိုက်ခိုက်မှုများမှ အပ နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရှိနေပြီ ဖြစ်ပါတယ်။ EAo တွေအတွက် သတ်မှတ်ထားတဲ့နေရာများမှအပ  ကျန်နေရာများ လုံးဝတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 
ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်လျက်ရှိတဲ့ အမျိုးမျိုးသော   စုဝေးမှုတွေက  မြန်နှုန်းမြင့်    ဗီဇကွဲကူးစက်မှုကို ပံ့ပိုးပေးနေသလို ဖြစ်နေပါတယ်။ အဲဒီလို လူအများ စုဝေးမှုဖြစ်ပေါ်စေဖို့အတွက်လည်း လူမှုကွန်ရက် ကတစ်ဆင့်    နည်းလမ်းမျိုးစုံနဲ့     လှုံ့ဆော်မှုတွေ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာ ကြီးဟာ ကပ်ရောဂါအမျိုးမျိုးကို ရှေ့ယခင်ကပင်  အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ဖူးပြီးဖြစ်ပါတယ်။ ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါ စတဲ့ ယခင်ဖြစ်ပွား ပြီးခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါအမျိုးမျိုးဟာ ယနေ့ခေတ် ဆေးပညာ     တိုးတက်မှု       အခြေအနေတွေမှာ ထိန်းချုပ်ရ လွယ်ကူပေမယ့် ကိုဗစ်-၁၉ ရောဂါက အသက်ရှူလမ်းကြောင်းဆိုင်ရာ     ရောဂါဖြစ်တဲ့ အတွက် အသက်ရှူတိုင်း၊ ရှူတိုင်း ကူးစက်နိုင်ခြေတွေ ရှိနေမှာဖြစ်ပါတယ်။ လူအများရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင်  ကာကွယ်ထိန်းချုပ်ဖို့ဆိုတာ  ခက်ခဲ မယ့်  ရောဂါမျိုးဖြစ်တဲ့အတွက် ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် ကိုဗစ်-၁၉ ရောဂါကို  အသာစီးက ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်တာ မရှိ သေးတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်းမာရေးစနစ်  အားကောင်းတဲ့  အမေရိကန်နိုင်ငံက ဆေးရုံတွေ မှာတောင် ခုတင်နေရာ မလောက်ငတာ၊ အသက် ရှူစက်နဲ့   လေသန့်စက်   ပြတ်တောက်တာတွေ ဖြစ်ခဲ့လို့  နောက်ဆုံးမိမိနေအိမ်မှာပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့    ကုသကြရတဲ့  အခြေအနေအထိ ရောက်ရှိခဲ့ကြပါတယ်။   အောက်ဆီဂျင်ပြဿနာ ဆိုတာကလည်း   Outbreak   ဖြစ်တဲ့    နိုင်ငံတိုင်း မလွှဲမရှောင်သာ ကြုံတွေ့ရမယ့် အခက်အခဲဖြစ်ပြီး  မြန်မာနိုင်ငံရဲ့   အိမ်နီးချင်းနိုင်ငံဖြစ်တဲ့   အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့မှာလည်းပဲ အလူးအလဲရင်ဆိုင်နေ ကြရတာကို တွေ့ရှိရပါတယ်။
ယနေ့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရဟာ  ကိုဗစ်ရောဂါ   ထိန်းချုပ်၊  ကာကွယ်၊ ကုသရေးနဲ့ပတ်သက်ပြီး တတ်စွမ်းသမျှ ဆောင်ရွက်  ဖို့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ ကပ်ရောဂါ စီမံခန့်ခွဲရေးနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊           ကန့်သတ်မှုတွေကို တတ်စွမ်းသမျှ     ဖြေလျှော့ပေးထားပြီ   ဖြစ်သလို လိုအပ်တဲ့   ပြင်ဆင်မှုတွေကိုလည်း   ဆောင်ရွက် လျက်ရှိပါတယ်။  ပြည်သူလူထုအတွင်း  ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှုကွင်းဆက်   ဖြတ်တောက်နိုင်ဖို့ အတွက် အများပြည်သူ ရုံးပိတ်ရက်တွေနဲ့ ကိုက်ညှိ ပြီးတော့ ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၁ ရက်နေ့ အထိ တစ်ဆက်တစ်စပ်တည်း ရုံးပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပြီး   ကူးစက်မှု  ကွင်းဆက်ဖြတ်တောက် နိုင်ဖို့ စီမံဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရေးအစွန်းရောက် အဖျက်သမားအချို့မှအပ   ပြည်သူလူထုတစ်ရပ် လုံးက     ဝိုင်းဝန်းကူညီ   ဆောင်ရွက်ခဲ့တာဟာ ကျွန်တော်တို့ပြည်သူ  လူထုရဲ့  စွမ်းအား၊ ချီးကျူး ဖွယ်ကောင်းတဲ့   လုပ်ဆောင်ချက်     ဖြစ်ပါတယ်။ ဇူလိုင်လ   ၂၃  ရက်နေ့ကစလို့  ဖြစ်ပွားမှုနှုန်းဟာ ၄၀.၈၂ ရာခိုင်နှုန်းကနေ ၂၉ ရက်နေ့မှာ ၃၄.၇၅ ရာခိုင်နှုန်းအထိကျဆင်းလာပါတယ်။ ဒါကို ဒီထက် ပိုကျဆင်းရေးဆောင်ရွက်ဖို့   လိုပါတယ်။    ရောဂါ ကွင်းဆက်ကို ထိထိရောက်ရောက် ဖြတ်တောက် နိုင်ဖို့  နောက်ထပ်တစ်ပတ် ထပ်မံပြီး ရုံးပိတ်ရက် ရှည်ကြေညာပါမယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း  စီးပွားရေးလုပ်ငန်းတွေ၊  ကုန်ထုတ်လုပ်ငန်းတွေ မထိခိုက်စေဖို့ ဆောင်ရွက်သွားပါမယ်။  ကျွန်တော် တို့ ပြည်သူလူထုနဲ့ အတူရှိနေမယ်။ ပြည်သူလူထုကို စွမ်းအားပြည့် ကာကွယ်ပေးမယ်။ အားလုံးလက်တွဲ ညီညီ စုပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဒီကပ်ရောဂါ ကို  မြန်မာတွေ  အောင်နိုင်ရမယ်လို့  လေးနက်စွာ ပြောကြားလိုပါတယ်။


တိုင်းရင်းသားပြည်သူများခင်ဗျာ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အနေနဲ့ နိုင်ငံတော်တာဝန်တွေ              ထမ်းဆောင်ရာမှာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
ကမ္ဘာမှာ  လူဦးရေ သန်း  ၇၀၀၀  ခန့်ရှိပြီး  စား၊ ရေ၊  ရိက္ခာလိုအပ်ချက်ဟာ  မြင့်မားနေဆဲ ဖြစ်ပါ တယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါ ကာလမှာလည်း အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို       လျှော့ချနိုင် ပေမယ့် စားသောက်ရေး ကိစ္စတွေကတော့ ရှိနေ၊  လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်း တွေကို  လုပ်ကိုင်နေရတဲ့  ကျေးလက်နေပြည်သူ လူထု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်   စိုက်ပျိုးရေးလုပ်ငန်းရဲ့    အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ “ မျိုး၊ မြေ၊ ရေ၊ နည်း ” ဆိုတဲ့       မျိုးကောင်းမျိုးသန့်တွေရရှိဖို့၊    သဘာဝ မြေဩဇာ၊    ဓာတ်မြေဩဇာတို့      ပေါင်းစပ်ပြီး    ကောင်းမွန်တဲ့ စိုက်ပျိုးမြေများ ဖော်ထုတ်ပေးတာတို့၊ စိုက်ပျိုးရေ     ရရှိအောင်    ဆောင်ရွက်ပေးတာတို့၊ ကောင်းမွန်တဲ့    စိုက်နည်းစနစ်တွေ     ရရှိအောင်   ဆောင်ရွက်ပေးတာတွေကို     လုပ်ဆောင်ပေးလျက်   ရှိပါတယ်။         မွေးမြူရေးလုပ်ငန်းများအနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ဒေသအများစုမှာ မွေးမြူလို့ ရတဲ့ ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စတဲ့  မွေးမြူရေး လုပ်ငန်းတွေကို အားပေးဆောင်ရွက်သွားရပါမယ်။   အရေးကြီးတာက  စနစ်ကျနတဲ့  မွေးမြူရေးစနစ်ဖြစ်ဖို့ ပါပဲ။ မြစိမ်းရောင် အသားကဏ္ဍ မွေးမြူရေးကျေးရွာ ထူထောင်ခြင်း၊    မျိုးကောင်းမျိုးသန့်  မွေးမြူရေး တိရစ္ဆာန်များ ထုတ်လုပ်ခြင်း၊ နိုင်ငံအတွင်းထွက်ရှိတဲ့ ကုန်ကြမ်းများကို   အသုံးပြုပြီး    မွေးမြူရေးအစာ လုံလောက်စွာ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင် ရွက်သွားရပါမယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နေပေမယ့် လိုအပ်ချက်တွေ ရှိနေ ပါသေးတယ်။ ဥပမာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ချည်မျှင်နဲ့  အထည်လုပ်ငန်းမှာ   နှစ်စဉ်ပြည်ပက တင်သွင်းရတဲ့ ချည်မျှင်နဲ့အထည်  ဒေါ်လာ  သန်း ၁ ထောင်ကျော်ဖိုးခန့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဝါစိုက်ပျိုးနိုင်တဲ့ မြေ၊ ရေ၊ ရာသီဥတုတွေရှိပြီး  ဖြစ်ပါတယ်။ ဝတ်ရေးဟာလည်း လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ ဝါစိုက်ပျိုးထုတ်လုပ်မှု   အားပေးရေး၊  ချည်မျှင်နဲ့ အထည်လုပ်ငန်းများ  အားပေးရပါမယ်။  မြစ်ရေ တင်စီမံကိန်းတွေ၊ ဆည်ရေသောက် စီမံကိန်းများ၊ ဝါစိုက်ပျိုးရေး   တိုးချဲ့သွားရပါမယ်။    အလားတူ စားအုန်းဆီ   တင်သွင်းနေရတာတွေ၊     နို့ထွက် ပစ္စည်း တင်သွင်းနေရတာတွေကို ပြည်တွင်းမှာပဲ ဖူလုံအောင်ပြုလုပ်ပြီး ဆောင်ရွက်သွားကြရပါမယ်။ တနင်္သာရီတိုင်းအောက်ပိုင်း    မြိတ်၊     ဘုတ်ပြင်း၊ ကော့သောင်းဒေသတွေမှာ ဆီအုန်း အပြည့်အဝ တိုးချဲ့  စိုက်ပျိုးရေး၊  နှမ်း၊  မြေပဲသာမက မုန်ညင်း၊ နေကြာ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုး  ထုတ်လုပ်ရေး  လုပ်ကြရပါမယ်။  ရာသီ ဥတုနဲ့   မြေအခြေအနေကောင်းတဲ့  နေရာများမှာ နို့စားနွား မွေးမြူရေးများဆောင်ရွက်ပြီး နို့ထွက် ပစ္စည်း      ပြည်တွင်းမှာ     လုံလောက်ပြီး     ပိုလျှံ အောင် ဆောင်ရွက်နိုင်ပါတယ်။ “ပြည်တွင်းဖြစ်ကို အားပေးပါ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်တွင်းကုန် ထုတ်လုပ်မှုများ၊ ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို အားပေးကြဖို့ လိုပါတယ်။  ပြည်တွင်းမှာ  အလုပ် အကိုင်    အခွင့်အလမ်းများ    ဖော်ထုတ်ခြင်းဖြင့် အလုပ်အကိုင် အခက်အခဲကြောင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်နေရသူများအတွက် အလုပ်အကိုင်များ  ရရှိစေနိုင်မှာ  ဖြစ်ပါတယ်။ စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်ရေး၊ အခြား စွမ်းအင်အရင်းအမြစ်များ အသုံးပြုနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပါတယ်။  ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင် နေတဲ့  နိုင်ငံဖြစ်ပေမယ့်  စိုက်ပျိုးရေးတက္ကသိုလ် တစ်ခုနဲ့ မွေးမြူရေးနဲ့ဆေးကုသရေး တက္ကသိုလ် တစ်ခုသာ ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွေကို နည်းစနစ်တကျ၊ ခေတ်မီအောင် ဆောင်ရွက် နိုင်ဖို့ အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ် ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာရှိတဲ့ စိုက်ပျိုး၊ မွေးမြူရေးကျောင်းတွေကို သိပ္ပံ၊   ကောလိပ်အဆင့်တိုးမြှင့်ဖို့၊    ကျောင်းများ ဖွင့်လှစ်ပြီး   အသိပညာရှင်၊   အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူများပေါ်ထွက်လာရေး    ဆောင်ရွက် လျက်ရှိပါတယ်။ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကို  ခေတ်မီစေဖို့၊ စက်မှုအခြေခံစနစ်ကို ပြောင်းလဲနိုင်ဖို့နဲ့ အခြားကဏ္ဍတွေမှာလည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာလည်း  မျက်ခြည်မပြတ် ဆောင်ရွက်နိုင်ရေး သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ 


စိုက်ပျိုးရေးအဓိကထားတဲ့အတွက် စိုက်ပျိုးရေး ထွက်ကုန် ဈေးကွက်ကလည်း သေချာဖို့ လိုပါတယ်။ နယ်စပ်နဲ့ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောင်းမရတာများ ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ နှစ်စဉ်နီးပါးကြုံကြ ရပါတယ်။ ဒါ့ကြောင့် ခေတ်မီသိုလှောင်ရေးစနစ်၊ တန်ဖိုးမြင့်ထုတ်လုပ်ရေး   စနစ်များ     ကြိုးစား လုပ်ဆောင် ရပါမယ်။ ဥပမာ ကြက်သွန်နီဈေးကွက်မှာ ကြက်သွန်နီ   ရိုးရိုးပို့ကုန်အပြင်  ကြက်သွန်မှုန့်၊ ကြက်သွန်ကြော်၊ ကြက်သွန်နှစ်များ ပြုလုပ်တာမျိုး ဆောင်ရွက်ရပါမယ်။   တောင်သူတွေ   စိုက်ပျိုးရေး ထုတ်ကုန်၊ မွေးမြူးရေးထုတ်ကုန်များအတွက် အရှုံး မပေါ်ရလေအောင် ကြိုးစားဆောင်ရွက်ရပါမယ်။ ကျွန်တော်တို့ Agro Base Industry စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းကို သွားရပါမယ်။
၂၀၁၄   ခုနှစ်   သန်းခေါင်စာရင်းနဲ့     ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နဲ့ အထက် ၈.၁ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေဖူး တာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နဲ့ အထက် အရွယ်ရောက်ပြီး သူများထဲမှာ အလယ် တန်းအဆင့်နဲ့ ၎င်းအဆင့်အောက် ပညာသင်ကြား ခဲ့ရသူပေါင်း ၁၈.၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့  ၃ ပုံ ၁ ပုံလောက် ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရဲ့ပညာရည်မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည်မြှင့်တင် ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင် ရမှာဖြစ်ကြောင်း  ပြနေပါတယ်။ ဒါ့ကြောင့်ပညာ ရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ် သဖွယ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမိုကရေစီကို ခိုင်မာစေဖို့၊ တိုင်းပြည်တိုးတက်စေဖို့ဆိုရင် ပညာ တတ်များစွာ    ရှိဖို့လိုပါတယ်။    သိပ္ပံပညာရှင်၊ နည်းပညာ ပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေး ပညာရှင်များ၊   ဆေးပညာရှင်များ  မွေးထုတ်ပေး ရပါမယ်။     


ဒါ့ကြောင့်   အဆင့်မြင့်ပညာရေးကို လက်တွေ့ကျကျ   အားပေးကြဖို့  တိုက်တွန်းလိုပါတယ်။ ပညာရေးကို အားပေးဖို့လိုပါတယ်။     အခက်အခဲတွေကြားက     ပညာရေးခါးဆက်မပြတ်ဖို့ ကျွန်တော်ကြိုးစားပြီး ကျောင်းတွေပြန်   ဖွင့်ခဲ့ပါတယ်။  ယခု  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တပြန်ပိတ်ထားရပါတယ်။ ကျောင်းများဖွင့်လှစ်ချိန်က ပညာရေးနဲ့ပတ်သက်ပြီး အလေးထားဆောင်ရွက်ခဲ့ကြတဲ့   ဆရာ၊   ဆရာမ များ၊    ပညာရေးဝန်ထမ်းများ၊     မိဘပြည်သူများ၊   ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပညာ သင်ကြားနေသူ        လူငယ်လူရွယ်များအားလုံး ကျောင်းပညာကိုသာ         အာရုံစိုက်အလေးထား သင်ကြားလေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။ 
ကျွန်တော်တို့နိုင်ငံရဲ့အခြေခံနဲ့ ပြည်သူအများစု လုပ်ကိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာ လက်တွေ့ ကျကျ၊ အစုအဖွဲ့အလိုက် အထောက်အကူပြုနိုင်ဖို့ အတွက် သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနကို    အသစ်ဖွဲ့စည်းခဲ့ပါတယ်။   ဒီဝန်ကြီးဌာန အနေနဲ့   ယခင်စနစ်ဟောင်း    သမဝါယမစနစ်လို လုပ်ကိုင်ဆောင်ရွက်မှာမဟုတ်ဘဲ    ပြည်သူလူထု အနေနဲ့ လုပ်ငန်းတူများ၊ အကျိုးတူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်မယ့် ပြည်သူ့အခြေပြုစနစ်သာ  ဖြစ်ပါတယ်။   ဖွံ့ဖြိုးပြီးနဲ့   ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပင်လျှင် ဒီစနစ်ကောင်း၊ သမဝါယမစနစ်ကို ကျင့်သုံး လျက်ရှိပါတယ်။ ယခုကျွန်တော်တို့နိုင်ငံမှာလည်း  စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းများ      ဖွဲ့စည်းဆောင်ရွက်လျက်   ရှိပြီး ထိရောက်မှုရှိပါတယ်။


 ကိုဗစ်-၁၉    ကမ္ဘာ့ကပ်ရောဂါ   ကာလမှာ တစ်ကမ္ဘာလုံး   ကုန်ထုတ်လုပ်မှု၊  ဝန်ဆောင်မှု ကဏ္ဍတွေမှာ   အခက်အခဲတွေ  ရှိကြပါတယ်။ ကျွန်တော်တို့   နိုင်ငံမှာလည်း     ရှိနေပါတယ်။ အနိမ့်ဆုံးအဆင့်ကတော့  ပြည်သူတွေရဲ့  အခြေခံ စားသောက်ကုန်    လုပ်ငန်းတွေ၊     ကျန်းမာရေး ဝန်ဆောင်မှု၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင် မှုနဲ့ လူမှုဖူလုံရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာတော့ လုံလောက်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။
ကျန်းမာရေးဆိုရာမှာလည်း အားကစား၊ ကြံ့ခိုင် ရေးတို့နဲ့ ဆက်စပ်နေပါတယ်။ အားကစားမြှင့်တင် ခြင်းဟာ   နိုင်ငံ့ဂုဏ်ကို  တက်စေပါတယ်။  ကာယ စွမ်းပကားသာမက စိတ်ဓာတ်စွမ်းပကားပါ မြှင့်တင် ပေးတာပါ။ ကိုဗစ်ကြောင့် ကန့်သတ်မှုများ ရှိနေ ပေမယ့်လည်း အားကစားမြှင့်တင်ရေး မျက်ခြည် မပြတ်ကြည့်ပြီး      ဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသ  အားလုံးမှာ အားကစားကွင်း၊ အားကစားရုံများ   အဆင့်မီမီရှိရေး     ဆောင်ရွက် နေပါတယ်။   အားကစားမြှင့်တင်မယ်ဆို   လူငယ် တွေရဲ့ အင်အားဟာ အဓိကကျတဲ့အတွက် လူငယ်နဲ့ အားကစားကဏ္ဍကို အားပေးဆောင်ရွက်ပါမယ်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အနေနဲ့ နိုင်ငံတော်ကို  တာဝန်ယူခဲ့တာ  (၆) လရှိပြီ ဖြစ်ပါ တယ်။ ရှေ့လုပ်ငန်းစဉ် အမှတ် (၁) အရ လိုအပ်တဲ့ စစ်ဆေးမှုများ  ဆောင်ရွက်ပြီးဖြစ်လို့    တာဝန်ရှိ သူများကို   ဥပဒေနဲ့အညီ    အရေးယူဆောင်ရွက် နေပါတယ်။ ဒါ့ကြောင့် ကျန်ရှိနေတဲ့ရှေ့လုပ်ငန်းစဉ် များနဲ့    ဦးတည်ချက်များကို    ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်ထောင်စု အဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်  အုပ်ချုပ် ရေးပိုင်းဆိုင်ရာများ    ပြင်ဆင်ဖွဲ့စည်းဆောင်ရွက် သွားဖို့ရှိကြောင်း အသိပေးလိုပါတယ်။ 


တိုင်းရင်းသားပြည်သူများခင်ဗျာ
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-


(၁)    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေ နဲ့     စစ်မှန်စည်းကမ်းပြည့်ဝတဲ့    ပါတီစုံ ဒီမိုကရေစီစနစ်အတွက်    အာမခံပြီး ဖြစ်ပါတယ်။ အရေးပေါ်ကာလလုပ်ဆောင် ရမယ့် တာဝန်တွေ ပြီးဆုံးတဲ့အခါ ပါတီစုံ ဒီမိုကရေစီ     အထွေထွေရွေးကောက်ပွဲ ကျင်းပပါမယ်။ ကြိုတင်ပြင်ဆင်ရမှာတွေ များစွာ  ရှိပါတယ်။ တည်ငြိမ်အေးချမ်း ရေးနဲ့ တရားဥပဒေစိုးမိုးရေး  လုပ်ငန်း တွေမှာ ဒီမိုကရေစီနဲ့ တိုင်းပြည်အေးချမ်း သာယာရေးလိုလားတဲ့       မိဘပြည်သူ အားလုံးက     ဝိုင်းဝန်းကူညီ   ပူးပေါင်း ဆောင်ရွက်ပေးကြပါ။
(၂)    ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူ၊  အစိုးရနဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်းစွမ်းအားနဲ့ရင်ဆိုင်ကြပါမယ်၊ ကျော်လွှား ကြပါမယ်။   ကျွန်တော်တို့     အခက်အခဲ တွေပဲရှိပါစေ   အောင်မြင်နိုင်ရပါမယ်။ အောင်စိတ်သွင်းပြီး ကျော်လွှားကြပါစို့။
(၃)    ကျွန်တော်တို့ရဲ့  အခြေခံစီးပွားလုပ်ငန်း တွေဖြစ်တဲ့  စိုက်ပျိုး၊  မွေးမြူရေးကဏ္ဍ တွေကို  တိုးမြှင့်ဆောင်ရွက်လျက်  ရှိပါ တယ်။   အနည်းဆုံးအဆင့်   ကပ်ရောဂါ ဖြစ်နေတဲ့   အခုလိုကာလမှာ    အခြေခံ လိုအပ်ချက်တွေ ဖူလုံမှုရှိအောင် ဆောင် ရွက်ပါမယ်။        ကျွန်တော်တို့အားလုံး “အရေးကြီးပြီဖြစ်လို့ သွေးစည်းကြပါစို့” ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပြီး“စုပေါင်း ညီညာအောင်ကြောင်းဖြာ” ရပါမယ်။
တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာရွှင်လန်းကြပါစေ  ခင်ဗျား။    အားလုံးကို ကျေးဇူးတင်ပါတယ်။