
ဗျူနိုအေးရိစ် ဇူလိုင် ၃၁
အာဂျင်တီးနားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၇၈၃ ဦးရှိခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၉၁၉၄၀၈ ဦးရှိလာကြောင်းနှင့် လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄၇၄ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူပေါင်း ၁၀၅၅၈၆ ဦးရှိလာကြောင်း အာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
အာဂျင်တီးနား ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၄၅၅၇၀၃၇ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၂၅၆၇၈၅ ဦးရှိကြောင်း သိရသည်။
အာဂျင်တီးနားနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၃၁၇၈၄၁၃၉ လုံးအသုံးပြုပြီးဖြစ်ကြောင်း၊ လူဦးရေ ၂၄၉၁၉၀၅၃ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအနည်း ဆုံးတစ်ကြိမ် ထိုးနှံပြီးသူများဖြစ်ကြောင်းနှင့် ၆၈၆၅၀၈၆ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပြီးသူများဖြစ်ကြောင်း အာဂျင် တီးနားနိုင်ငံ ပြည်သူ့ကာကွယ်ဆေးထိုးနှံမှုစောင့် ကြည့်ရေးအဖွဲ့က ပြောကြားသည်။
အာဂျင်တီးနားနိုင်ငံ၌ လက်ရှိတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်သည် မြင့်တက်လျက်ရှိခြင်းကြောင့် လူမှုဘဝခပ်ခွာခွာနေထိုင်ရေးစည်းမျဉ်းစည်းကမ်းများကို ဩဂုတ် ၆ ရက် အထိ တိုးမြှင့်ချမှတ်ထားကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်