
နေပြည်တော် ဇူလိုင် ၃၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်း ထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် မန်တုံမြို့တို့ရှိ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူစုစုပေါင်း ၂၁၉ ဦးလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင် မြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ညောင်ရွှေမြို့၊ ဖယ်ခုံမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၃၂၆၆ ဦးကိုလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဖြတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့၊ မိုင်းပျဉ်း မြို့နှင့် တုံတာမြို့များရှိ ပြည်သူစုစုပေါင်း ၁၇၅၇ ဦးကိုလည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ကြာအင်း ဆိပ်ကြီးမြို့၊ မြဝတီမြို့များရှိ အသက်(၆၅) နှစ်နှင့်အထက် သံဃာတော် များနှင့် ပြည်သူစုစုပေါင်း ၈၂၀၀ ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ အသက် ၆၅ နှစ်နှင့် အထက် သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၃၉၆ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၀၀ တို့ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ဟင်္သာတ ခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၆၃၇ ဦးတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူစုစုပေါင်း ၇၃၇၁ ဦး တို့ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီမြို့၊ အုတ်တွင်းမြို့၊ ဖြူးမြို့၊ ထန်းတပင်မြို့၊ ညောင်လေးပင်မြို့၊ ဒိုက်ဦးမြို့၊ ပဲခူးမြို့၊ ဝေါမြို့၊ ကျောက်ကြီးမြို့၊ ပန်းတောင်းမြို့၊ ထုံးဘိုမြို့၊ ဥသျှစ်ပင် မြို့၊ သာယာဝတီမြို့၊ လက်ပံတန်းမြို့၊ နတ်တလင်းမြို့၊ ကြို့ပင်ကောက် မြို့၊ မင်းလှမြို့၊ အုတ်ဖိုမြို့၊ ဇီးကုန်းမြို့၊ မိုးညိုမြို့နှင့် ပေါင်းတည်မြို့များရှိ အသက် ၆၅ နှစ်နှင့်အထက် သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၆၅၀ တို့ကိုလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်