ဟန်ဂေရီနိုင်ငံ၌ ကျန်းမာရေးလုပ်သားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်

ဘူတာပတ်စ်  ဇူလိုင်  ၃၀ 


ဟန်ဂေရီနိုင်ငံအတွင်းရှိ     ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံရန်    ကျန်ရှိ နေသေးသည့်    ကျန်းမာရေးလုပ်သား များကို ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း     ဟန်ဂေရီ အစိုးရက ယနေ့ပြောကြားသည်။ 


နိုင်ငံအတွင်း     ထပ်မံဖြစ်ပွားလာ နိုင်သည့် အဆိုပါကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံရန်      ကျန်ရှိနေ သေးသည့် ကျန်းမာရေးလုပ်သားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။ နိုင်ငံအတွင်းရှိ ကျန်းမာရေးလုပ်သားများ အား     ယမန်နှစ်ဒီဇင်ဘာလမှစတင်၍    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးရာတွင်  အများစုမှာ  ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြပြီး ကာကွယ်ဆေး မထိုးနှံ  ရသေးသော  ကျန်းမာရေးလုပ်သားဦးရေ အနည်းငယ်ရှိနေသေးကြောင်း သိရသည်။ 


ယခုအချိန်သည်    ကာကွယ်ဆေး ထိုးရန်     ကျန်ရှိနေသော     ကျန်းမာရေး လုပ်သားများ ကာကွယ်ဆေးထိုးနှံရမည့် အလှည့်ဖြစ်ကြောင်း  အစိုးရက  ပြော ကြားသည်။ ကျန်းမာရေးလုပ်သားများ သည်   ကိုဗစ်-၁၉ ရောဂါ   ကူးစက်ရန် အခွင့်အလမ်း ပိုမိုများပြားသဖြင့် ၎င်းတို့ ကိုယ်တိုင်နှင့် လူနာများထံသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူရမည်ဖြစ်ကြောင်း   ဟန်ဂေရီအစိုးရ က   ပြောကြားသည်။  နိုင်ငံအတွင်းရှိ ကျန်းမာရေး           ချို့တဲ့သူများမှအပ  ကျန်နိုင်ငံသားများအားလုံး   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး     ပထမအကြိမ်    ထိုးနှံမှုခံယူရန်  နေ့ရက်ကို  စက်တင်ဘာ ၁ ရက် နောက်ဆုံးထားပြီး သတ်မှတ်ထား သည်။


နိုင်ငံအတွင်း    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်    ထိုးနှံပြီးစီးသူ ၅၆၁၇၂၆၀ ရှိပြီး       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်    ထိုးနှံပြီးစီးသူ ၅၄၂၈၉၈၀ ရှိသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၉၄၉၁ ဦးရှိပြီး အဆိုပါရောဂါကြောင့်  သေဆုံးသူပေါင်း ၃၀၀၂၆ ဦးရှိသည်။    

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ