
ရီယိုဒီဂျနေးရိုး ဇူလိုင် ၃၀
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၁၃၁၈ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း၌ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၅၄၄၉၇ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂၂၈၃ ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၁၉၈၃၉၃၆၉ ဦးရှိလာသည်။
ဘရာဇီးနိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့်အရေအတွက် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်မှုတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ပြီးနောက် ရောဂါ ကူးစက်မှုအရေအတွက် တတိယအများဆုံး နိုင်ငံ ဖြစ်သည်။
နိုင်ငံအတွင်း၌ ရောဂါကူးစက်မှုများ မြင့်တက် လျက်ရှိသည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် ပြည့်နှက် လျက်ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များလည်း ယိုယွင်းပျက်စီးလျက်ရှိသည်။
ပြည်သူ ၁၃၇ ဒသမ ၆ သန်း
ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ်
လက်ရှိအချိန်အထိ ပြည်သူ ၁၃၇ ဒသမ ၆ သန်း သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၃၉ ဒသမ ၄ သန်း သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်